Main menu

Background

ချင်းတောင်ပန်းသီး အိန္ဒိယကို စပြီး တင်ပို့နေ

Thu, 07/02/2009 - 21:26 -- cjadmin

ချင်းတောင်ဒေသထွက် ပန်းသီးများကို ဇွန်လအတွင်းမှာ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် အိန္ဒိယ နိုင်ငံသို့ စတင် တင်ပို့နေပြီလို့ သိရပါတယ်။ ချင်းပြည်နယ်ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်များ မှာ စိုက်ပျိုးကြပြီး ယခုစတင် တင်ပို့ သောပန်းသီးမှာ ကနေဒီတောင်ခြေ တဝိုက်ရှိ ဆဲဇန်၊ ဒိမ်ပီး၊ ဆွောင်ပီး၊ ဒိမ်ဇန် စသည့် ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော အသီးများဖြစ်တယ်လို့ သိရပါတယ်။ ပန်းသီး (ချင်းတောင်)ဟာ နည်းပညာဖြင့် ပြုပြင်စိုက်ပျိုးမှုနည်းပြီး သဘာဝအတိုင်းသာ စိုက်ပျိုးထုတ်လုပ်ကြတဲ့အတွက် ဘေးအန္တရာယ် ကင်းရှင်းပြီး စိတ်ချစွာ စားသုံးနိုင်လို့ တစ်ဘက်နိုင်ငံမှ ပိုမို ကြိုက်နှစ်သက်ပါတယ်။ နယ်စပ်ပေါက်ဈေးအနေနဲ့ ပန်းသီး တစ်မက်ထရစ်တန်ကို ၂၅၀၀၀၀ ကျပ်ရှိပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောမှာတော့ ၁ ကီလို ဂရမ်လျင် ၁၈ ရူပီး အထိဈေးရှိတယ်လို့ သိရပါတယ်။ ပန်းသီးကို အခြား နယ်စပ်များဘက်မှာလို စက္ကူဖာဖြင့် သယ်ယူခြင်းမပြုဘဲ၊ ထင်းရှူးသားနဲ့ သေတ္တာပုံးရိုက်ပြီး ဂျစ်ကားနဲ့ တင်ပို့ကြောင်း ခြံပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။ သယ်ယူစရိတ် (ကားခ) သက်သာ သဖြင့် တွက်ချေကိုက်လျက် ရှိကြောင်း သိရပါတယ်။ယခင်နှစ်က ပန်းသီး ၁ ကီလို လျှင် သယ်ယူစရိတ် ကျပ် ၅၀ ခန့် ကျပြီး ယခုနှစ်မှာ ၂၆ ကျပ် ဝန်းကျင် ခန့်သာ ကျတဲ့အတွက် ပန်းသီးတင်ပို့သူ များ တွက်ချေကိုက်လျက်ရှိတယ်လို့ သိရပါတယ်။ မင်းဇော်(တောင်ဇလပ်မြေ)