Main menu

Background

ငွေကြေးအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပို့စ်မောက်အသင်းကို ရုပ်သံခွဲတမ်းကြိုတင်ငွေပေးချေ

Sat, 01/16/2010 - 11:23 -- Anonymous (not verified)

   ဘဏ္ဍာရေးအခက်အခဲပြဿနာများနဲ့ ကြုံတွေ့နေရတဲ့ ပရီးမီးယားလိဂ်ပြိူင်ပွဲဝင် ပို့စ်မောက်အသင်းရဲ့လက်ရှိ  အခက်အခဲကို ပြေလည်စေရန်အတွက် အင်္ဂလန်ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ပို့စ်မောက်အသင်းနောက်ဆုံးရရန်ရှိတဲ့ ရုပ်သံငွေခွဲတမ်းကို ကြိုတင် ပေးချေသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။   ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ရုပ်သံလွှင့်ကုမ္ပဏီများမှရရှိတဲ့ငွေကြေးများကို ပရီးမီးယားလိဂ်အသင်းများသို့ အရစ်ကျခွဲဝေပေးနေ ခြင်းဖြစ်ရာ ယခု နောက်ဆုံးပေးရန်ရှိတဲ့ အရစ်ကျငွေများ ကို ပို့စ်မောက်အသင်းသို့ ကြိုတင်ပေးချေသွားမှာဖြစ်ပါတယ်။    ပို့စ်မောက်အသင်းဟာခွဲတမ်း အဖြစ် ပေါင် (၇)သန်းရရှိမှာဖြစ်ပြီး၊ ယင်းငွေပမာဏမှာအသင်းရဲ့ဝန်ထမ်းများ၊ ကစားသမားများကို လစာငွေများ ပေးချေနိုင်မှာဖြစ်ပါတယ်။ ပို့စ်မောက်အသင်းဟာကြွေးမြီပြဿနာနဲ့ရုန်းကန်နေရတဲ့အသင်းတစ်သင်းလည်း ဖြစ်ပါ တယ်။ ပရီးမီးယားလိဂ်အဖွဲ့ခုျပ်အနေဖြင့် ပို့စ် မောက်အသင်းကို လတ်တလောကြုံတွေ့နေရသည့်အခက်အခဲများပြေလည်အောင် ယခင်အတွက် ရရန်ရှိတဲ့ငွေ ကြေးဖြင့်သာ အကူအညီပေးခြင်းဖြစ် ပြီး၊ အခြားဘဏ္ဍာရေးအကူအညီများ ကိုမူ ပေးချေသွားမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။