Main menu

Background

ငွေပူနှင့် ငွေတန်ဖိုး

Tue, 02/02/2010 - 07:05 -- Anonymous (not verified)

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၌ အရင်းအနှီးက မောင်းသော ပုံသဏ္ဍာန်နှင့် ချေးငွေက မောင်းသော ပုံသဏ္ဍာန်တို့ ဟူ၍ နှစ်မျိုးရှိရာ ချေးငွေကမောင်းသော ပုံသဏ္ဍာန်သည် အရှိန်အလွန်ပြင်း သည်။ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အတော် မြှင့်တင်နိုင်သည်။ ထိုသို့မြှင့်နိုင်သည့် အလျောက်လည်း ဘယ်လောက် အထိ အရှိန်မြှင့်နိုင်ပါသနည်းဟု မေးစရာပေါ် သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ချေးငွေဈေးကွက် credit market  က မောင်းခဲ့လေရာ ယခုဘယ်လောက် အထိ အရှိန်မြှင့် မောင်းနိုင်မှာလဲဟု မေးခွန်းမေး၍ ချေးငွေဈေးကွက်၏စွမ်း ပကားကို ပြန်လည်ချိန်ဆတွက်ချက် ကြည့်လာကြသည်။  ဝေါစထရိဂျာနယ်၏သုံး သပ်ချက်အရ ချေးငွေဈေးကွက်သည် အရှိန်အမြန်နှုန်းကို ထိန်းနိုင်စွမ်း သိပ်မရှိ ပေ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြန်နှုန်း ကို ချေးငွေဈေးကွက်က မထိန်းနိုင် သဖြင့် ယခုကဲ့သို့ မဟာစီးပွားရေးဆုတ် ယုတ်မှု (ဂရိတ်ရီဆက်ရှင်)ကြီးဖြစ်ပွား လိုက်ရခြင်းဖြစ်သည်။ ချေးငွေဈေးကွက် ၌ ပုံသဏ္ဍာန်အမျိုးမျိုးရှိလေရာ ယခု အဓိကစကားပြောသည့် ချေးငွေဈေး ကွက်သည် အစိုးရငွေချေးအာမခံ စာချုပ်များဈေးကွက်နှင့် ကော်ပိုရေးရှင်း တို့က ထုတ်ဝေသောငွေချေးစာချုပ် ဈေးကွက်တို့ဖြစ်ကြသည်။ ဘွန်း ဈေးကွက်ဟုခေါ်သည်။စွန့်စားချင်စိတ် ဤဘွန်းဈေးကွက်၏လှုပ် ရှားမှုသည် ငွေပေါများခြင်းနှင့် ငွေဖော် ရလွယ်ခြင်း liquidity တို့အပေါ်မူတည်သည်။ ဈေးကွက်ထဲငွေတွေပေါများ သည်။ ငွေဖော်ရလဲ လွယ်သည်။ တစ် ဆက်တည်း၌ နိုင်ငံလုံးဆိုင်ရာ စီးပွားရေး အခြေအနေကလည်း တိုးတက်ကောင်း မွန်၍ ပူဖောင်းတို့ဖြင့် စန်းပွင့်နေသည်။ ထိုအခြေအနေတွင် အက်ဆက်တို့ကို စွန့်စားဝယ်ရောင်း လုပ်ရန် ရင်းနှီးမြှုပ်နှံ သူတို့က ဝန်မလေးတော့ပေ။ စီးပွားရေး ကို စွန့်စားလုပ်ကိုင်ချင်သော ဆန္ဒတွေ ပေါ်လာသည်။  ချေးငွေဈေးကွက်အပေါ် ယုံကြည်မှု တည်ဆောက်ရန် ချေးငွေဈေး ကွက်ကိုယ်နှိုက်က တည်ငြိမ်ဖို့ လိုသည်။ အတက်အကျတို့ဖြင့် မဖောက်ပြန်ရန် လိုသည်။ ထို့အတွက်ကြောင့် ချေးငွေ ဈေးကွက်တိုးတက်မှုကို မည်မျှကြာရှည် စွာထိန်းထားနိုင်မလဲဟုမေးကြသည်။ သီးသန့်အရန်ရန်ပုံငွေချဲ့ ချေးငွေဈေးကွက်နှင့်အတူ အရင်းအနှီးစီးဆင်းမှုအခြေအနေကို သုံးသပ်ကြသည်။ အရင်းအနှီး ကိစ္စ၌ ပမာဏကို အဓိကထားမကြည့်၊ ယခု စီးဆင်းမှု flow ကို အဓိကထားကြည့် သည်။ အရင်းအနှီးစီးဆင်းမှု၌လည်း ငွေပူ့hot money ကိုအဓိကထားစဉ်း စားကြည့်လာသည်။ ဝင်ရောက်လာ သောအရင်းအနှီးတို့ထဲ ငွေပူတွေဘယ် လောက်ပါဝင်လာသလဲဟုမေးသည်။ တရုတ်ပြည်၌ အရင်းအနှီးစီးဝင်မှု capital inflow သည် သိပ်များသည်။ ဤ အရင်းအနှီးစီးဝင်မှုထဲတွင် ငွေပူတို့ လည်း အတော်ပါလာသည်။ ငွေပူဆိုသည်မှာ ခဏ တဖြုတ်နေရာအသီးသီးမှ ရေတိုဈေး ကစားရန်ဝင်လာသော ငွေပင်ငွေရင်းတို့ ကိုဆိုလိုသည်။ နိုင်ငံခြားငွေမျိုးစုံလည်း ဖြစ်နိုင်သည်။ ပြည်တွင်းသုံးငွေလည်း ဖြစ်နိုင်သည်။ နည်းမျိုးစုံဖြင့်ငွေပူတို့ ဝင် လာနိုင်သည်။ ငွေပူသည် မြန်မြန်ဝင် မြန်မြန်ပြန်ထွက် တတ်သည်။ တရုတ် ပြည်တွင် နိုင်ငံခြားငွေမျိုးစုံကိုစုဆောင်း ကြသည်။ ဤသို့စုဆောင်းသည်မှာ ငွေကြေးဈေးကစားရန်ဖြစ်သည်။ တရုတ်အာဏာပိုင်တို့သည် ဤကဲ့သို့ ငွေပူဝင်လာခြင်းကို ဟန့်တားရန်အလို့ ငှား နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေ အမြောက်အမြားစုဆောင်းထားရသည်။ နိုင်ငံခြားငွေသီးသန့် ရန်ပုံငွေကြီးမားရခြင်း သည် ငွေပူတို့၏ဈေးကစားမှုကို အချိန်မီ ကောင်းမွန်စွာ တန်ပြန်နိုင်ရန်အတွက် ဖြစ်သည်။ ငွေပူသည် နိုင်ငံခြားငွေ ဈေးကွက်ကို ဖရိုဖရဲဖြစ်စေနိုင်သည်။ ဤသို့ဖရိုဖရဲဖြစ်လာနိုင်မှုကို တားဆီးရန် အတွက် ငွေတန်ဖိုးကို အတိုးအလျော့ ကစားပေးသည်။ တရုတ်ယွမ်ငွေသည် တန်ဖိုးတက်သင့်ပါလျက် တန်ဖိုးနိမ့် နေ သည်။ သို့ဖြင့်တရုတ်ပြည်ထဲငွေပူတွေ လှိမ့်ဝင်လာသည်။ ဤသို့ဝင်လာသော ငွေပူတို့ကိုတားဆီးလိုလျှင် တရုတ်ယွမ် ငွေတန်ဖိုးကို မြှင့်လိုက်ရုံသာဖြစ်သည်။ သို့သော်တရုတ်ပြည်သည်ယွမ်ငွေတန်ဖိုး ကို မမြှင့်ဘဲ ငွေပူစီးဝင်ခြင်းကိုတားဆီး နေသည်။ တားဆီးနည်းမှာ နိုင်ငံခြားငွေ သီးသန့်ရန်ပုံငွေတို့ကို အများအပြားစု ဆောင်း၍ နိုင်ငံခြားငွေဈေးကွက်တို့ကို ဝင်ထိန်းခြင်းဖြစ်သည်။ ပြဿနာမှာ ငွေပူစီးဝင်းခြင်းကို ယွမ်ငွေတန်ဖိုးကို မပြောင်းလဲဘဲ တားဆီးနိုင်ပါ့မလားဟူ ၍ဖြစ်လာသည်။အညွှန်း။ Wall Street Journal မောင်စူးစမ်း