Main menu

Background

စင်းလုံးငှား လေယာဉ်များ

Tue, 01/26/2010 - 07:56 -- Anonymous (not verified)

မြန်မာနိုင်ငံသို့ စင်းလုံးငှား လေယာဉ်များ ဆိုက်ရောက်မှုမှာ ၁၉၉၈ ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ စာရင်းအရ ခန့်မှန်းခြေ ၃၁၅စီးကျော်ခန့်ရှိပြီး ခရီး သည်ပေါင်း ၃၄၀၀၀ခန့်ဖြစ်သည်။ စင်း လုံးငှား လေယာဉ် ဆိုက်ရောက်မှု အများဆုံးနှစ်မှာ ၂၀၀၆ခုနှစ်ဖြစ်ပြီးစီးရေ ၆၀ခန့် ဆိုက်ရောက် ခဲ့သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ၂၉စီး ဆိုက်ရောက်ခဲ့ ပြီး ၎င်းနှစ်အတွင်း နောက်ဆုံးဆိုက် ရောက်ခဲ့သည်မှာဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့၏ ကြီးကြပ်မှု၊ Asia Holiday ခရီးသွားလုပ်ငန်း၏ စီစဉ်မှုဖြင့် လာရောက်သော လေယာဉ်ဖြစ်သည်။ ၂၂.၁၁.၀၉ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီယန်ရိ(ပ်) မြို့မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ကပ်ခဲ့ပြီး ၂၅.၁၁.၀၉ရက်နေ့တွင် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံဂျေပါမြို့သို့ ထွက်ခွာသွား ခဲ့သည်။ ခရီးသည် ၁၈၀ဦး ပါရှိလာခဲ့သည်။ ၂၀၁၀ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဦးဆုံးဆိုက်ရောက်မည့်စင်းလုံး ငှားလေယာဉ်မှာ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ပို့ ဆောင်ရေးဝန်ကြီးဌာနတို့၏ကြီးကြပ်မှု၊ Myanmar Zarmani Creative ခရီး သွားလုပ်ငန်း၏စီစဉ်မှုဖြင့် လာရောက် မည့် လေယာဉ်ဖြစ်သည်။ ၆.၂.၂၀၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပုဂံ-ညောင်ဦးလေဆိပ်သို့ ဆိုက်ရောက် မည်ဖြစ်ပြီး ၁၅.၂.၂၀၁၀ ရက်နေ့တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ပါသည်။ ခရီးသည် ၇ဦးပါရှိ လာမည်ဖြစ်သည်။ စင်းလုံးငှားလေယာဉ်(Charter flights) များ သည်ခရီးသည် တင်ပုံမှန် ပျံသန်းသော လေကြောင်းလိုင်း (Scheduled flights)များနှင့် ကွဲပြားမှုများ ရှိသည်။ ၎င်းတို့အား Non-Schedule Flight ဟုလည်း ခေါ်ဆိုကြသည်။ သို့သော် စင်းလုံးငှား လေယာဉ်များသည် ပုံမှန် ပျံသန်းသော လေကြောင်းလိုင်းများ၏ အချိန်ဇယားအတိုင်း ပျံသန်းမှုများ လည်းရှိသည်။ စင်းလုံးငှားလေယာဉ် လက်မှတ်များကို စင်းလုံးငှားလေကြောင်း ကုမ္ပဏီမှခရီးသည်ထံသို့ တိုက်ရိုက် ရောင်းချခြင်းမပြုဘဲ လေယာဉ်ကို စင်း လုံးငှားသော ကုမ္ပဏီများမှသာ ခရီး သည်ထံသို့ ရောင်းချလေ့ ရှိသည်။ တစ်ခါ တစ်ရံ ကုမ္ပဏီအများစုကို စုစည်းထား သော အသင်းအဖွဲ့ကြီး (consortium) များမှလည်း စင်းလုံးငှားလေ့ရှိသည်။ စင်းလုံးငှား လေကြောင်းလိုင်း (Charter flight) များသည် တစ်သီး ပုဂ္ဂလ ခရီးသည်များ အစုအဖွဲ့ငယ် ခရီးသည်များကို အပန်းဖြေကမ်းခြေများ၊ သမိုင်းဝင်မြို့ပြများ သို့မဟုတ် ခရီး သည်တင် အပျော်စီးသင်္ဘော စောင့်ဆိုင်း နေသော နေရာများသို့ ပို့ဆောင်ပေးသကဲ့သို့ တစ်ခါတစ်ရံတွင် ကုမ္ပဏီမှ အဖွဲ့ဝင်များ၊ အားကစား အသင်း သားများ၊ တပ်မတော် အဖွဲ့စည်းများကို ငှားရမ်းပို့ဆောင်သည့် ဝန်ဆောင်မှုများ လည်းရှိသည်။     စင်းလုံးငှား လေကြောင်းလိုင်း အများအပြားသည် အားလပ်ရက် အုပ်စုအဖွဲ့ ခရီးစဉ်များကိုလည်း ရောင်း ချဆောင်ရွက်ကြသည်။ ထိုခရီးစဉ် ဈေးနှုန်းများတွင် လေယာဉ်လက်မှတ်ခ သာမက တည်းခိုနေထိုင် စရိတ်နှင့် အခြားဝန်ဆောင်မှုစရိတ်များကိုလည်း Package အဖြစ် ထည့်သွင်း ရောင်းချ လေ့ရှိသည်။ သို့သော် ရည်မှန်း ထားသော ခရီးစဉ်သို့သာ သွားရောက် လိုသူများ အတွက်"Flight only Package" ခေါ် လေယာဉ်ခရီးစဉ်သာ သီးသန့်ရောင်းချသော ဝန်ဆောင် မှုကိုလည်း ဝယ်ယူရရှိနိုင်သည်။ ဤသို့ ဝယ်ယူသော လေယာဉ်ခများသည် အများအားဖြင့် ပုံမှန်အချိန် ဇယားနှင့် ပျံသန်းသော Schedule airline လေ ယာဉ်လက်မှတ်ခများထက် ဈေးနှုန်း သက်သာလေ့ ရှိသည်။ ထိုပြင် စင်းလုံး ငှားလေကြောင်းလိုင်းများသည် ပုံမှန် လေကြောင်း လိုင်းများ ပျံသန်းလေ့ မရှိသော ခရီးစဉ်နှင့် လေဆိပ်များသို့ ပျံသန်းလေ့ရှိသည်။ အချို့နိုင်ငံများတွင် အသေးစားနှင့် အလတ်စား လေယာဉ် ကွင်းများ၌ စင်းလုံးငှားလေယာဉ် ဝန်ဆောင်မှု အတွက် အလေးပေးစီစဉ် တတ်ကြသည်။ ထိုသို့သော လေယာဉ် ကွင်းများသည် စင်းလုံးငှားလေယာဉ် ကုမ္ပဏီများမှရရှိသော မြေပြင် ဆင်း သက်ခ Landing Fee  မှ ရရှိသော ဝင်ငွေ အပေါ်အားထားနိုင်ကြသည်။ ပုံမှန် ဇယားဖြင့် ပျံသန်းသော လေကြောင်းလိုင်း(Regular Schedule flight) အတော်များများ သည် စင်းလုံးငှား သီးသန့်ဆောင်ရွက်သော လေကြောင်း ကုမ္ပဏီများကဲ့သို့ မတွင်ကျယ်သော် လည်း ဖွဲ့စည်းပုံတွင် စင်းလုံးငှားကဏ္ဍာ ကို ထည့်သွင်းဆောင်ရွက်လေ့ရှိသည်။  ထို့အပြင် အချို့ကုန်တင် လေယာဉ် (cargo airline) များသည် ၎င်းတို့၏ ဂျက်လေယာဉ်များ အပေါ် တွင်ခရီးသည်အချို့ကို တင်ဆောင် လေ့ရှိသည်။ အပြန်အလှန်အားဖြင့် စင်းလုံးငှား လေကြောင်းလိုင်းအချို့သည် ၎င်းတို့လိုအပ်သော ခရီးသည်အရေ အတွက်မရရှိပါက ပံှမှန် ခရီးစဉ်ပျံသန်းသော လေကြောင်းလိုင်း များများနှင့် ချိတ်ဆက်ဆောင်ရွက်လေ့ရှိသည်။ စင်းလုံးငှားလေကြောင်းလိုင်းများသည် တွက်ခြေကိုက်ရန် အလို့ငှာ လေယာဉ် ထိုင်ခုံအရေအတွက်အား ရာနှုန်းဖြင့် ရောင်းချနိုင်ရေးအခြေခံရည်မှန်းချက်ထား ဆောင်ရွက်နိုင်လေ့ရှိသည်။  စင်းလုံးငှားဆောင်ရွက်သော လေကြောင်းလိုင်းများနှင့် အားလပ်ရက် ခရီးစဉ် ဆောင်ရွက်သော ကုမ္ပဏီများသည် ငွေရေးကြေးရေးကိစ္စအတွက် နာမည် ပျက်ရခြင်းမျိုးရှိတတ်သည်။ အထူးသဖြင့် ဥရောပရှိ စင်းလုံးငှား ကုမ္ပဏီများတွင် ဖြစ်တတ်ပြီး ကုမ္ပဏီများ ရုတ်တရက် ဖျက်သိမ်းခြင်းကြောင့် ခရီးသည်များ အနေဖြင့် ပေးချေထားသော ငွေကြေး ဆုံးရှုံးမှု ခရီးစဉ်ဒေသတွင် သောင်တင် နေမှုများ ဖြစ်တတ်သည်။ ထိုသို့သော ဖြစ်ရပ်များ လျော့နည်း စေရန်အတွက် ခရီးသည်များအနေနှင့် မဖြစ်မနေ အာမခံထားခြင်း၊ စာချုပ်စာတမ်းများ စီစဉ်ထားခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။စင်းလုံးငှား လေယာဉ်နှင့်   အချိန်ဇယားဖြင့် ပျံသန်းသော လေယာဉ်တို့၏ ကွာခြားမှု  စင်းလုံးငှားလေယာဉ်များကို အားလပ်ရက်ခရီးစဉ်များသို့ခရီးသွားများ စရိတ်သက်သာစွာ သွားလာ လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်စီစဉ်သူ (Tour Operators) များမှ စုစည်း ဆောင်ရွက် လေ့ရှိသည်။ ရာသီချိန်အလိုက် ပြေး ဆွဲလေ့ရှိပြီး ရက်သတ္တတစ်ပတ် (သို့ မဟုတ်) နှစ်ပတ်တာ ကာလအတွင်း အစီအစဉ် ရေးဆွဲဆောင်ရွက်လေ့ ရှိသည်။ စင်းလုံးငှား လေယာဉ်စည်း မျဉ်းမှာ တင်းကြပ်လေ့ရှိပြီး မှာကြားပြီး သော လက်မှတ်အားအချိန် ရွှေ့ပြောင်း ခြင်း၊ ပယ်ဖျက်ခြင်း မပြုနိုင်သည်က များသည်။ ဝယ်ယူပြီးလက်မှတ်ပယ် ဖျက်ခြင်းကြောင့် ပေးဆောင်ရသည့် ဒဏ်ကြေးမှာလည်း လက်မှတ်ခ၏ ရာနှုန်းပြည့်အထိ ရှိတတ်သည်။ စင်းလုံးငှားလေကြောင်းလိုင်းများ သည်ဘတ်စ်ကားကုမ္ပဏီများကဲ့သို့ အသွင်ဆောင်သည်။ ခရီးစဉ်ကို စုစည်း စီစဉ်သူ(tour operator) ထံ ယာဉ်နှင့် ဝန်ထမ်းများအား လွှဲပြောင်းအပ်နှံ ဆောင်ရွက်သည်သို့ဖြစ်သည်။ လေ ယာဉ်တစ်စီးလုံးစာ စီစဉ်နိုင်ခြင်း မရှိ သည့် (tour operator) များအနေနှင့် အခြား operator များနှင့် ပူးပေါင်း၍ ရွေးချယ်ထားသော ခရီးစဉ်ဒေသများသို့ ပြေးဆွဲလေ့ရှိသည်။ စင်းလုံးငှား လေယာဉ် လက်မှတ်ခ မှာ ဝယ်လိုအားနှင့် ရောင်းချနိုင်မှု အပေါ်တွင်မူတည်သည်။ လေယာဉ် လက်မှတ်ခ အသက်သာဆုံး ဖြစ်စေရန်အတွက် tour operator များသည် လေယာဉ် ထိုင်ခုံပြည့် ရောင်းချနိုင်ရန်ကြိုးပမ်းလေ့ ရှိသည်။ လျာထားချက်ပြည့်မီပါက ကျန်ရှိသော ထိုင်ခုံများအား မက်လုံး ပေးသည့် အနေနှင့် ဈေးလျော့ရောင်းချ ခြင်းမျိုးလည်းရှိသည်။ ကျောင်းပိတ်ရက်၊ ဘဏ်ပိတ်ရက် နှင့် ခရစ္စမတ်ကဲ့သို့သော အားလပ်ရက် များတွင် ခရီးသွားများပြားသဖြင့် လက်မှတ်ဈေးနှုန်းများမြင့်မားတတ် သည်။ ၎င်းကာလများတွင် operator များအနေဖြင့် ၎င်းတို့၏လေယာဉ်လက် မှတ်များသေချာပေါက်ရောင်းကုန်မည်ကို သိရှိကြသဖြင့် ဈေးနှုန်းများကိုမြှင့်တင် ထားတတ်ကြသည်။ အချိန်ဇယားဖြင့် ပျံသန်းသော လေယာဉ်(Schedule Flights) များ အတွက် လုပ်ငန်းစဉ် တစ်ရပ်လုံးကို လေ ကြောင်းကုမ္ပဏီများက စီစဉ်ဆောင် ရွက်သည်။ ၎င်းတို့သည် တစ်နှစ် ပတ်လုံး ပြေးဆွဲပြီး ထွက်ခွာချိန်များကို ဇယား ရေးဆွဲဆောင်ရွက်ထားရှိသည်။ လေယာဉ် လက်မှတ်တန်ဖိုးအား နှစ်ကုန်ဆုံးချိန် တွင် သတ်မှတ်ပြီးလာမည့်နှစ်၏ ဝယ်လို အားနှင့် အခြေအနေကို ထည့်သွင်းစဉ်း စား ဆောင်ရွက်လေ့ရှိသည်။ တစ်နှစ် ပတ်လုံးပြေးဆွဲပြီး ထိုင်ခုံပြည့်ရန် မျှော်လင့်ထား၍မရသဖြင့် လေယာဉ် ထိုင်ခုံခများပိုမိုမြင့်မားတတ်သည်။ စင်းလုံးငှားလေယာဉ်ကဲ့သို့နောက်ဆုံး မိနစ်ပိုင်းတွင် ဈေးလျော့ရောင်းချခြင်း မပြုဘဲ ဈေးနှုန်း ကိုကန့် သတ်ထားလေ့ ရှိသည်။အချိန်ကာလတစ်ရပ်ကြိုတင် ဝယ်ယူမှုအတွက် အထူး ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းမျိုးရှိသည်။ ၎င်းတို့၏ လေယာဉ်ထိုင်ခုံအချို့အား ကြိုတင် ဝယ်ယူစုစည်း၍ ပြန်လည်ရောင်းချသူ (consolidator)  အချို့ထံအပ်နှံ ရောင်းချ လေ့ရှိသည်။ ၎င်း consolidator များသည် လေကြောင်း လိုင်းများ၏ စီမံခန့်ခွဲ မှုကဏ္ဍတွင် ပါဝင်ပတ်သက်လေ့ ရှိသည်။မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၀ခုနှစ်အတွက် အလားအလာ ကောင်းမွန်လျက် ရှိသည်။ ခရီးသွားများ၊ များပြားသဖြင့် လေယာဉ်နေရာ ခက်ခဲခြင်း ဟိုတယ်အခန်း ရွေးချယ်ရန် ခက်ခဲခြင်း၊ ပို့ဆောင်ရေးခက်ခဲခြင်း တို့ရှိသည်။ ယာယီဖြစ်ပေါ်နေသော လေယာဉ်နေရာ အခက်ခဲများ ပြေလည်စေရန်အတွက် ခရီးသွားကုမ္ပဏီများအနေနှင့် စင်းလုံး ငှားလေယာဉ် ခရီးစဉ်များ တိုးတက်ရရှိ ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ရေးသားလိုက်ရပေသည်။ ရဲမြင့် (ဟိုတယ်/ခရီး)