Main menu

Background

စိုက်ပျိုးရေးကိုအခြေခံ၍ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး

Sat, 07/04/2009 - 15:19 -- cjadmin

ပထမအကြိမ် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ(၂၀၀၉) ကို ဇွန် ၂၆ ရက်နေ့က ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ဖွင့်လှစ်ပြသခဲ့ပါတယ်။ ပြပွဲမှာ ပြည်တွင်း စိုက်ပျိုးရေး အခြေခံ စားသောက် ကုန်ထုတ်လုပ်သူတွေ၊ တင်ပို့သူတွေ၊ စက်ကိရိယာနဲ့ နည်းပညာရောင်းချသူတွေ၊ ပြည်တွင်းကုန်သည်စက်မှုအသင်းအဖွဲ့၊ အတတ်ပညာရှင်၊ အသိပညာရှင် စတဲ့ အဖွဲ့အစည်းတွေက ပြခန်းပေါင်း ၁၃၂ ခန်း ပါဝင်ပြသတာတွေ့ရပါတယ်။နိုင်ငံတော်စီးပွားရေးမှာအရေးပါ ဒီပြပွဲကို မြန်မာနိုင်ငံစိုက်ပျိုးရေး အခြေခံ စားသောက်ကုန်ထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းကနေ ဦးစီး ကျင်းပဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။စိုက်ပျိုးရေးကို အခြေခံပြီး အခြား စီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိရာမှာ စိုက်ပျိုးရေး အခြေခံ စားသောက်ကုန် ထုတ်လုပ်ငန်းများ ဟာနိုင်ငံတော် အတွက်အရေးပါတဲ့ အင်အားတစ်ရပ် အဖြစ်ရပ်တည်လာတာပါ။ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်လာပြီး မြို့ပြနဲ့ကျေးလက်ဒေသများမှာရှိတဲ့ ပြည်သူများအတွက် ဝင်ငွေ တိုးတက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိစေလျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ စက်မှုလက်မှုလုပ်ငန်း ၄၃၃၃၉ ခု အနက်စားသောက်ကုန်လုပ်ငန်းဟာ ၃၅၈၂၇ ခုရှိကြောင်း သိရပါတယ်။ ဒီအထဲမှာ ပုဂ္ဂလိက ၃၅၆၆၇ ခု ဖြစ်ပြီး နိုင်ငံပိုင် ၁၅၄ ခု အခြား ၆ ခုရှိကြောင်း သိရှိရပါတယ်။ ပုဂ္ဂလိကကဏ္ဍထဲမှာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းက ခန့်မှန်း ၈၁၉၄ ခုခန့်ရှိကြောင်း လေ့လာ သိရှိရပါတယ်။ စိုက်ပျိုးထုတ်လုပ်မှုတွေ တိုးတက်လာတာနဲ့အမျှ အရည်အသွေးမီ၊ အဆင့်အတန်းမီစားသောက်ကုန် (value added edible products) များ ထုတ်လုပ်ပြီး ပြည်တွင်း စားသုံးမှုအတွက် သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာနိုင်မယ့် လုပ်ငန်းများလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ စိုက်ပျိုးရေး၊ သားငါး မွေးမြူရေး စတာတွေ အပေါ်မှာ အခြေခံတဲ့ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ အရေအတွက်ရော၊ အရည်အသွေးရောတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ပထမအကြိမ်ပြပွဲကျင်းပဒီလိုအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာတဲ့ အတွက်ကြောင့် ပထမဆုံး အကြိမ်အဖြစ် ယခုလိုပြပွဲကို ခင်းကျင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြပွဲခင်းကျင်းပြသခြင်းဟာ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့စိုက်ပျိုးရေး အခြေခံ စားသောက်ကုန်တွေကို တစ်စုတစ်စည်းတည်း နိုင်ငံတကာ အဆင့်မီပြသနိုင်ဖို့ ပြည်တွင်းဖြစ် စိုက်ပျိုးရေး စားသောက်ကုန်တွေကို အများပြည်သူ ပိုမိုရင်းနှီးလာဖို့၊ လုပ်ငန်းရှင်တွေ အချင်းချင်း စီးပွားရေး ဆက်သွယ်မှုရရှိနိုင်ရေးနဲ့ ဈေးကွက်ချဲ့ထွင်နိုင်ဖို့၊ စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာများနဲ့ ခေတ်မီစက်ကိရိယာများရဲ့ နည်းပညာ အဆင့်အတန်းများကို လေ့လာသိရှိပြီး ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများရဲ့ စံချိန်စံညွှန်းများ မြင့်မားလာဖို့အတွက် ရည်ရွယ်ထားတာပါ။ စနစ်တကျအသင်းဖွဲ့စည်းတာဝန်ပေး စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးမှာ “စားသောက်ကုန်ထုတ်လုပ်ငန်းများသည် စိုက်ပျိုးရေးကိုအခြေခံသောမြန်မာနိုင်ငအတွက် လက်ရှိအခြေအနေတွင် ပါဝင်မှု ရာခိုင်နှုန်း များပြားသကဲ့သို့ ဆက်လက်ပြီးအရည်အသွေးနှင့် အရေအတွက် ပိုမိုမြှင့်တင်ထုတ်လုပ်နိုင်ပါက စက်မှု ကဏ္ဍနှင့်အတူ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်” လို့ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ဖူးပါတယ်။ ဒါ့ကြောင့်မို့လည်း လမ်းညွှန်ချက် နှင့်အညီ စိုက်ပျိုးရေးအခြေခံစားသောက် ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းကို ၂၀၀၆ ခု၊ ဇူလိုင်လ (၂၁) ရက်နေ့ မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လ့ူ စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး မြန်မာနိုင်ငံ စိုက်ပျိုးရေးအခြေခံ စားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဟာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးဖို့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးဖို့၊ စားသောက်ကုန်များဟာ ကျန်းမာရေးနဲ့ ညီညွှတ်ဖို့၊ စိုက်ပျိုးရေး အခြေခံ စားသောက်ကုန်တွေထုတ်လုပ်မှု မြှင့်တင်ဖို့၊ လယ်ယာထွက်ကုန်သီးနှံတွေ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ဖို့နဲ့ ထုတ်လုပ်မှုမြှင့်တင်ဖို့၊ သွင်းကုန်အစားထိုးနိုင်ဖို့၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ စတဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လာတာတွေ့ရမှာပါ။ ဒါ့ပြင် စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ပို့ကုန်တွေတိုးတက်တင်ပို့ရေး အတွက် ပြည်ပကုန်စြည်ပပေွဲ တကွ လို ည်း သာွ းရောြက်ပသခဲ့ပါတယ်။ နည်းပညာ၊ အသိပညာ၊ ပို့ကုန်မြှင့်တင်ရေး စတာတွေနဲ့ ပါဝင်ခဲ့လို့လည်း အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေကိုလည်း ဆောင်ရွက်ပေးနေတာ တွေ့ရှိရပါတယ်။ စားသောက်ကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ကို စားသောက်ကုန်လုပ်ငန်းအစုအဖွဲ့ ၁၂ ဖွဲ့ကို ဗဟို အသင်းရဲ့အောက်မှာ ဖွဲ့စည်းထားရှိ ဆောင်ရွက်နေတယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စားသောက်ကုန်ထုတ်လုပ်ငန်းဟာ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းက ပါဝင်လျက်ရှိပြီး မြို့ပြနဲ့ကျေးလက်ဒေသများမှာ ဝင်ငွေတိုးတက်မှုနဲ့ အလုပ်အကိုင်ခွင့်အလမ်းကောင်းများ ရရှိစေတဲ့ အတွက်ကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနေတာလဲဖြစ်ပါတယ်။ ဒါ့ပြင် စိုက်ပျိုးထုတ်လုပ်သူများအတွက်လည်း ဈေးကွက်ရှိတဲ့ အရည်အသွေး မီဈေးကောင်းရနိုင်မယ့် သီးနှံတွေ တိုးတက်ထုတ်လုပ်မှုတွေ ရှိလာမှာဖြစ်ပြီး ပြည်ပကို အရည်သွေးမီ၊ အဆင့်အတန်းမီ စားသောက်ကုန် လေူကန ိနိ နိငဘူန စမသိကခအျ တွေတင်ပို့ ရောင်းချနိုင်တာကြောင့် နိုင်ငံခြားဝင်ငွေများလဲ တိုးတက်ရရှိစေမှာဘဲ ဖြစ်ပါတယ်။သွင်းကုန်အစားထိုးနှင့် ပြည်ပတိုးမြှင့်တင်ပို့ရေးဒီနေ့ကျွန်တော်တို့နိုင်ငံဟာ စက်မှုကဏ္ဍမှာ စိုက်ပျိုးရေးအခြေခံ စက်မှု လုပ်ငန်းများ Agro Based Industrialization ကနေ ဘက်စုံစက်မှုဖွံ့ဖြိုးရေးကို ကူးပြောင်းနေတာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးကဏ္ဍဟာလည်း နှစ်စဉ် တိုးတက်လျက်ရှိရာမှာ တိုးတက်ထွက်လာတဲ့ စိုက်ပျိုးရေးထွက်ကုန်များကို အခြေခံပြီး တီထွင်ကြံဆမှုများနဲ့ ပေါင်းစပ်ကာ အဆင့်မြင့်ကုန်ချောအဖြစ် ပြုပြင် ထုတ်လုပ်ပြီး သွင်းကုန်အစားထိုးအဖြစ်သာ မကဘဲ ပြည်ပတင်ပို့နိုင်သည်အထိနည်းလတှ ာတေ့ွရမာှ ပါ။ ဒါပေမယ့် စကို ် ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်နိုင်တဲ့ ထွက်ကုန်တွေကို ကုန်ကြမ်း အတိုင်းတင်ပို့ခဲ့တာကို ကြည့်တဲ့အခါမှာ ၂၀၀၅-၂၀၀၆ ခု တွင် အမေရိကန်ဒေါ်လာ ၁၄၉ ဒသမ ၇၂ သန်း၊ ၂၀၀၆-၂၀၀၇ဘဏ္ဍာနစှ တ် ငွ ် ၃၇၃ ဒသမ ၁၀ သန်း ၊ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် ၁၀၈ ဒသမ ၇ သန်း၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ ၄၅ ဒသမ ၂ သန်းကိုသာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ဒါ့အပြင် မိမိနိုင်ငံမှာ ထုတ်လုပ်မယ်ဆိုရင်ထုတ်လုပ်နိုင်ရဲ့သားနဲ့ ပြည်ပကနေတင်သွင်းနေတဲ့ စားသောက်ကုန်တချို့ကို လေ့လာကြည့်တဲ့အခါမှာ ၂၀၀၅-၀၆ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၈၂ သန်း၊ ၂၀၀၆-၇ ဘဏ္ဍာနှစ်မှာ ၁၀၃ ဒသမ ၄၄ သန်း၊ ၂၀၀၇-၀၈ ဘဏ္ဍာနှစ်မှာ ၁၂ ဒသမ ၁ သန်းနဲ့၊ ၂၀၀၈-၀၉ ဘဏ္ဍာနှစ်မှာ ၂၂ ဒသမ၄ သန်း ရှိကြောင်း တွေ့ရှိရပါတယ်။ဒါတွေလေ့လာကြည့်မယ်ဆိုရင် စား သောက်ကုန်နဲ့ ပတ်သက်ပြီး မိမိတို့ ထုတ်လုပ်နိုင်မယ်ဆိုရင် ကြီးမားတဲ့ဈေး ကွက်ဟာ နိုင်ငံအတွင်းမှာရှိနေသလိုထုတ်လုပ်သမျှရောင်းချနိုင်တဲ့ ကြီးမားတဲ့ ဈေးကွက်နှစ်ခု ကြားမှာလဲ ရှိနေတာပါ။ ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံ အနေနဲ့ စိုက်ပျိုးရေးအခြေခံ စားသောက် ကုန် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ရှိနေပြီးသားအလား အလာများအပေါ် အခြေခံပြီးတိုးတက်အောင် ဆက်လက် ကြိုးစား ဆောင်ရွက်ဖို့လိုနေတာ ထင်ရှား စွာတွေ့နေရပါတယ်။ နိုင်ငံတကာဈေးကွက်ထိုးဖောက် မြန်မာ့စားသောက်ကုန် ထုတ်လုပ် ငန်းအနေဖြင့် ယခုထက်ပိုမိုတိုးတက်လာစေရေးအတွက် ဆက်လက်ဆောင် ရွက်သွားရမှာတွေလဲရှိနေပါတယ်။ မိမိ တို့နိုင်ငံကထုတ်လုပ်တဲ့စားသောက်ကုန် တွေကို ပြည်တွင်းမှာရောင်းချနေရုံနဲ့ ကျေနပ်မနေဘဲနိုင်ငံတကာဈေးကွက်ကို ကျယ်ပြန့်စွာထိုးဖောက်တင်ပို့ရောင်းချ နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက် သွားဖို့လိုအပ်ပါတယ်။ ဒါ့ပြင် မြန်မာ့ စားသောက်ကုန်များ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ရာမှာ အရေး ကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ နိုင်ငံတ ကာ အသိအမှတ်ပြုလက်မှတ်တွေဖြစ်တဲ့ ISO, HACCP  စတဲ့အသိအမှတ်ပြုလက် မှတ်တွေရရှိထားဖို့ လိုအပ်ပါတယ်။ ဒီလိုရရှိထားမှသာလဲ နိုင်ငံတကာဈေး ကွက်ကို ကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက် ဝင်ရောက်နိုင်မှာပါ။ ပြီးတော့ မိမိတို့ရဲ့ ထုတ်ကုန်တွေဟာ ကျန်းမာရေးနဲ့ညီ ညွတ်ဖို့ ထုတ်လုပ်မှုနည်းစဉ်တွေဟာ GMP (Good Manufacturing Practice) နဲ့လည်းညီညွတ်ဖို့လိုအပ်ပါတယ်။ သုတေသနလုပ်ငန်းများအရေးပါ ဒါ့ပြင်နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ဆိုတာမှာလဲ နိုင်ငံတကာဈေးကွက်မှာ ဘာတွေလို အပ်နေတာလဲ၊ ဘယ်စားသောက်ကုန် တွေကို လိုချင်တာလဲဆိုတာကို ဈေး ကွက်သုတေသန ြမေုနအ ျွနျနမေခ့ လုပ်ဖို့လိုသလို မိမိထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို ဈေးကွက်လိုအပ်ချက်အတိုင်း မြှင့်တင် ဆောင်ရွက်နိုင်ဖို့ ကုန်ပစ္စည်းသုတေသန (Product Research)  ကိုလဲစဉ်ဆက် မပြတ် ဆောင်ရွက်နေဖို့လိုအပ်ပါတယ်။ ထုတ် လုပ်လိုက်တဲ့ကုန်ပစ္စည်းရဲ့အရည် အသွေးကို ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ် လုပ်နိုင်ပြီဆိုရင်တော့ ထုပ်ပိုးမှု အပိုင်းက အရေးကြီးလာပါပြီ။ထုပ်ပိုးမှု ဟာလည်း နိုင်ငံတကာစံချိန်စံညွှန်းနဲ့ အညီ စားသောက်ကုန်အမျိုးအစားလိုက် သတ် မှတ်ထုပ်ပိုးခြင်းဖြင့် ဈေးကွက် ဝင်ရောက်ရာမှာလဲ များစွာအထောက် အကူဖြစ်မှာဖြစ်ပါတယ်။ AFTA  အတွက်ပြင်ဆင် ဒါ့ပြင်မြန်မာနိုင်ငံဟာ အာဆီယံ ဒေသတွင်းမှာ ပါဝင်နေတာကြောင့် ASEAN Free Trade (AFTA)  ကို သတ်မှတ်ကာလမှာ အကောင်အထည် ဖော်လာတဲ့အခါမှာ မြန်မာနိုင်ငံအတွင်း ကိုအကောက်ခွန်ကင်းလွတ်ခွင့်ရရှိပြီး တင်သွင်းလာမယ့် စားသောက်ကုန် ပစ္စည်းတွေနဲ့ မိမိတို့ထုတ်လုပ်တဲ့ပစ္စည်း တွေဟာ ဈေးကွက်ယှဉ်ပြိုင်ရတော့ မှာဖြစ်တာ့မို့ အခုချိန်ထဲက မိမိတို့ထုတ် လုပ်တဲ့ပစ္စည်းတွေဟာလဲ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ အဆင့်ထိ ဆောင် ရွက်ပြီး ဈေးကွက်ခိုင်မာစွာရရှိအောင် ပြင်ဆင်ဆောင်ရွက်ဖို့လိုမှာဖြစ်ပါတယ်။ အောင်မြင်နေတဲ့ စားသောက်ကုန် လုပ်ငန်းများအနေနဲ့ တာဝန်ရှိဌာနဆိုင် ရာတွေနဲ့ အသင်းအဖွဲ့ရဲ့ ဦးဆောင်မှု အောက်မှာ ညီညွှတ်စွာနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရာမှာ ပူးပေါင်းပါ ဝင်ဆောင်ရွက်ကြမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းတွေနဲ့ ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက် မယ်ဆိုရင် စားသောက်ကုန် ထုတ်လုပ် သူများ စွမ်းဆောင်ရည် ရှင်သန်ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်သလို အရည်အသွေး မီအရည်အသွေးမြင့်မားတဲ့ အဆင့်မီ စားသောက်ကုန်ပစ္စည်းတွေကို ပိုမိုတိုးမြှင့် ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာ မကဘဲ ပြည်ပဈေးကွက်ကို ထိုက်ထိုက် တန်တန် ထိုးဖောက်နိုင်မှာဖြစ်သလို ပို့ကုန်အစားထိုးရေးနဲ့ တန်ဖိုးမြင့်ပို့ ကုန်များတိုးတက်၊ တိုးမြှင့်တင်ပို့နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။