Main menu

Background

စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေသြဇာနဲ့ လယ်ယာသုံးတစ်လုံးထိုး အင်ဂျင်များကန်ပိုက်တီးစခန်းမှတင်သွင်း

Tue, 01/19/2010 - 07:07 -- Anonymous (not verified)

  မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးရေးသွင်းအားစု အမိုးနီးယမ်းနိုက်တြိတ် ဓါတ်မြေသြဇာတန်ချိန် ၁၇၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၃၀၀၀၀ ကျော်ဖိုးနဲ့ လယ်ယာသုံးတစ်လုံးထိုး အင်ဂျင်အလုံး၂၅၀ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ၃၅၀၀၀ ကျော်ဖိုးတင်သွင်းနိုင်ခဲ့တယ်လို့ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှသတင်းရရှိပါတယ်။ ကန်ပိုက်တီးနယ်စပ် စခန်းရဲ့ အခြားသွင်းကုန်များဖြစ်သော ၁/၄၀ ချည်၊ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ် အင်ဂျင်များ၊ U-beam၊ ပလပ် စတစ်ကော်ဇောများလည်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။Source: နကသ (ကန်ပိုက်တီး)ခိုင်ဝင်း