Main menu

Background

စီးပွားရေး အကျပ်အတည်း၏ တတိယရလာဒ် သို့မဟုတ် နိုင်ငံ၏ အကြွေးမြင့်တက်လာမှုများ

Tue, 01/19/2010 - 08:11 -- Anonymous (not verified)

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အကြီးဆုံးဘဏ် ဖြစ်သည့် အမေရိကန ်နိုင်ငံ၏ Lehman Brothers ပြိုလဲမှု၏ ရလဒ် (Act ) ဖြင့် စတင်ခဲ့ရာ၌ကမ္ဘာ့လေ့လာသူများက "ချုပ်ကိုင်တာဝန်ယူမှု ကြီးမားလေ၊ စွန့်စား ရမှုများလေ၊ ပြိုကွဲမှုကြီးမားလေ" (Too big to fail is too big)ဟူ၍ထောက်ပြ ကြပါသည်။ ပို့ကုန်ကျဆင်းမှု၊ စက်ရုံအလုပ်ရုံ ပိတ်သိမ်းရမှု၊ အလုပ်လက်မဲ့ ဖြစ်စေမ၊ှုအိုး အိမ်ခြံ်မြေတိုက်တာ ဈေးကွက်ပြိုလဲမှု စသည့် ဘက်ပေါင်းစုံမ ှစီးပွားရေးကျဆင်းမှု (Reccssion) သည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ ဒုတိယရလဒ် (ACTII) ဖြစ်လျှင် နိုင်ငံအသီးသီ၏ "ဘတ်ဂျက်လို ငွေပြမှု သို့မဟုတ် အေ<ကးမြင့်တက်မှု" (Grovernment Deficits or Rising Debt to GDP) သည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ တတိယရလဒ် (ACT III) ဖြစ်မည်ဟု လေ့လာသူများက ဖေါ်ပြ ကြပါသည်။နိုင်ငံများ၏အေ<ကးမြင့်တက်လာမှု- ဒုတိယကမ္ဘာ စစ်ပြီးနောက်ပိုင်းမှ စ၍နိုင်ငံအားလုံး နီးပါး၏ အစိုးရတို့ သည်၎င်းတို့၏ တည်ငြိမ်မှု မရှိသေးသည့် စီးပွားရေးကို ဦးမော့ရန်အတွက် ချေးယူ ရရှိငွေဖြင့် ပြည်တွင်း၌ ကျန်းမာရေးမှ စ၍ပညာရေးအထိ ထူမသုံးစွဲခြင်း၊ ငွေထုတ် ချေးခြင်းနှင့် နိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သဖြင့် နိုင်ငံများ၏အ ေ<ကးသည် အမြန်ဆုံးနှုန်းဖြင့် မြင့်တက် လာခဲ့ကြောင်း။- IMF ၏ ၂၀၀၉ ခုနှစ် ခန့်မှန်းချက် အရ၊ဂျပန်နိုင်ငံ၏ Debt to GDP Ratio သည် ၂၁၇ ရာခိုင်နှုန်း အထိရှိပြီး၊ ဆက်လက်၍ မြင့်တက်နေဦးမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ တင်ရှိနေသည့် အေ<ကးပမာဏတွင် နိုင်ငံ၏ ပင်စင်စားများအား ပေးရမှုများစွာ ပါဝင်နေ၍ ယင်းအချက်ကြောင့် နိုင်ငံစီးပွားရေးသည် မြင့်တက်မှုမရှိဘဲ နှေးကွေးနေကြောင်း။- EU နိုင်ငံများတွင် အီတလီ၏ Debt to GDP သည် ၁၀၉ ရာခိုင်နှုန်း ဂျာမဏီသည် ၇၆ ရာခိုင်နှုန်း၊ ပြင်သစ် သည် ၇၂ ရာခိုင်နှုန်းရှိကြောင်း။- အမေရိကန်နိုင်ငံ၏ Debt to GDP ratioသည် ၈၁ ရာခိုင်နှုန်းရှိနေ၍စွန့် စားရမည့် အခြေအနေတွင် ရှိကြောင်း။- ဗြိတိန်နိုင်ငံ၏ Debt to GDP ကို ၆၁ ရာခိုင်နှုန်းဟု ဖေါ်ပြသော်လည်း ၎င်းနိုင်ငံသည် ၂၀၀၆-၂၀၁၀ ခုနှစ် အတွင်း အေ<ကး မြင့်တက်မှုနှုန်းသည် ၅၉ ရာခိုင် နှုန်းရှိနေ၍ မည်သည့်နိုင်ငံထက် မဆို အေ<ကးသည် လျင်မြန်သည့်နှုန်းဖြင့် တိုးနေမည်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံ၏ အေ<ကး သည် "Stable"အဆင့်မှ "Negative" အဆင့်ထိကျဆင်းသွားနိုင်ကြောင်း။- အေ<ကးလျှော့ကျရန်အတွက် နိုင်ငံ၏စီးပွားရေးတိုးတက်မှုရရှိရန် အဓိ ကကြိုးပမ်းရန်လိုအပ်ကြောင်း။- ဖေါ်ပြပါနိုင်ငံများ အားလုံးသည် ေ<ကး မဆပ်နိုင်မှုနှင့် နိုင်ငံ၏သိက္ခာအဆင့် ကျဆင်းခြင်းတို့မှ ရှောင်ရှားနိုင်ရန် အတွက် အေ<ကးကို ထိန်းချုပ်ထားရန် လို အပ်ကြောင်း။- သို့ရာတွင် ယခုအချိန် အထိ ဂျာမဏီနိုင်ငံ ကသာလျှင် ၂၀၁၆ ခုနှစ် တွင်ဘတ်ဂျက် ချိန်ခွင်လျှာမျှတမှု ရှိစေရန် အတွက် ဥပဒေတစ်ရပ်ကို ပါလီမန်က အတည်ပြုခဲ့ကြောင်း ဖေါ်ပြပါသည်။IMF မှ သတိပေး ထောက်ပြထားချက်များ- ကမ္ဘာတွင် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ သည်၎င်းတို့နိုင်ငံ၏ဘတ်ဂျက်အလိုပြ တန်ဖိုးကြီးမားမှုများ ကို၊ ငွေကြေးထူမခြင်း ဆက်တိုက်ပြုလုပ်ခဲ့ ကြကြောင်း၊ ထို့ ပြင်၁၉၃၀ ပြည့်လွန် နှစ်များက ချေးယူ ခဲ့သည့် အစိုးရ၏ ချေးငွေများကိုလည်း ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပြန်လည်ပေး ဆပ် ရန်ပျက်ကွက်မှု မရှိခဲ့သော်လည်း ယခုကဲ့သို့အေ<ကးဖိစီးသည့်နိုင်ငံများ ဖြစ်နေကြကြောင်း။- ဤကဲ့သို့ အနောက်နိုင်ငံများမှ ယခင်ကေ<ကးမြီ မြင့်မားရခြင်းမှာ ရင်းနှီး မြှုပ်နှံသူများသည်   ၎င်းတို့၏ ငွေကိုနိုင်ငံတွင်းမှ ရွှေ့ပြောင်းရန် အခွင့်အလမ်းနည်း ၍ဖြစ်ပြီး၊ ယနေ့အချိန်တွင် စီးပွားရေး ဖွံဖြိုး လာသည့် နိုင်ငံများဖြစ်သည့်တရုတ်၊ အိန္ဒိယနှင့်ဘရာဇီးလ်နိုင်ငံတို့သည် အရင်းအနှီးများစွာကို လက်ခံခွင့်၊ရွေ့ ပြောင်းခွင့်များကို အလွယ်တကူပြုလုပ် နိုင်၍ဖြစ်ကြောင်း။- နိုင်ငံတစ်နိုင်ငံသည် Debt to GDP Ratio ၆၀ ရာခိုင်နှုန်းရှိပါက ရှင်သန်နိုင် ကြောင်း။- သို့ရာတွင် ၂၀၀၈ ခုနှစ်၌ ဖွံ့ဖြိုးပြီး နိုင်ငံများ၌ Debt to GDPသည် ၇၅ ရာခိုင်နှုန်းရှိနေပြီး၊၂၀၁၄ ခုနှစ်တွင် ၁၁၅ ရာခိုင်နှုန်းအထိရှိလာမည်ဟုခန့်မှန်း ကြောင်း။- နိုင်ငံ၏ အစိုးရများသည် အေ<ကး များကို ထိန်းချုပ်နိုင်သည့်အဆင့်သို့ပြန် လည် လျှော့ချရန် အတွက် ၂၀၁၀ ခုနှစ် တွင်နိုင်ငံ၏ ဘတ်ဂျတ်အလိုပြတန်ဘိုး (Deficit) ကိုပျမ်းမျှ ၃ဒသမ၅ ရာခိုင်နှုန်းရှိ နေမှုအား၊၂၀၂၀ ခုနှစ်တွင် အသာရ တန်ဘိုး (Surplus) ၄ဒသမ၅ ရာခိုင်နှုန်းရရှိ ရေးအတွက်ကြိုးပမ်းရန်။- ယင်းအခြေအနေကို ၁၀ နှစ်ထိန်းထားရန်နှင့် အသုံးစရိတ်များထိန်းချုပ်ရန် နှင့်ရရန်ရှိသည်များ ကို ရယူရန်အကြံပြု ထားပါသည်။ဒေါ်ဝင်း