Main menu

Background

ဆန်နှင့် သကြားဆိုင်ရာ ကတိကဝတ်များကို အင်ဒိုနီးရှားနိုင်ငံအား လျော့ပေါ့ရွှေ့ဆိုင်းခွင့်ပေး

Tue, 01/19/2010 - 07:02 -- Anonymous (not verified)

 အာဆီယံသည် နိုင်ငံရေးအရ အရေးကြီးသော ကုန်စည်အချို့နှင့် အဖွဲ့ ဝင် တစ်နိုင်ငံချင်း၏ စားနပ်ရိက္ခာ ဖူလုံရေး နှင့်လုံခြုံရေးဆိုင်ရာ၊ပြည်တွင်း မူဝါဒတို့ကို အသိအမှတ်ပြုပြီး အာဆီယံ စီးပွားရေး ဝန်ကြီးများသည် ဆန်နှင့်သကြား အတွက် အထူး စဉ်းစားပေးရန် အခြေပြစာချုပ်(Protocol to Provide Special Consideration for Rice and Sugar) ကို၂၀၀၇ ခုနှစ်၊သြဂုတ် ၂၃ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မာကာတီ မြို့၌ လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။ အခြေပြ စာချုပ်၏ အဓိကရည်ရွယ်ချက်မှာ ပုံမှန်မဟုတ်သော ကိစ္စများ အရအာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံသည် ဆန်နှင့် သကြားအတွက် CEPT သဘောတူစာချုပ်နှင့် ယင်းစာချုပ်နှင့် ဆက်စပ်သော အခြေပြ စာချုပ်များတွင် လိုက်နာဆောင်ရွက်ရန် သဘောတူထား သည့်ကတိကဝတ်များကို လျော့ပေါ့ရွှေ့ ဆိုင်းပေးရန် မေတ္တာရပ်ခံ တင်ပြလာပါက ခွင့်ပြုပေးရန်ဖြစ်ပါသည်။ ဤနေရာ၌ CEPTသဘောတူစာချုပ်နှင့် ယင်းစာချုပ်နှင့် ဆက်စပ်သော အခြေပြ စာချုပ်များတွင် လိုက်နာ ဆောင်ရွက်ရန် သဘောတူထားသည့် ကတိကဝတ်များ ကိုဖေါ်ပြရန် လိုအပ်ပါသည်။ ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ လက် မှတ်ရေးထိုးခဲ့ သော CEPT သဘောတူ စာချုပ်ကို ပြင်ရန်အ ခြေပြစာချုပ် (Protocol  to Amend the Agreement on the Common Effective Preferential Tariff Scheme for  the ASEAN Free Trade Area-AFTA) ၏ အာတီကယ်-၁ အရ စက်မှုထုတ်ကုန်ပစ္စည်း အားလုံးသည် လည်း အကောက်ခွန်နှုန်း လျှော့ချသည့် ဇယားတွင် ပါရှိရမည်ဖြစ်ပါသည်။ လယ်ယာ ထုတ်ကုန် ပစ္စည်းများသည် အရေးကြီး ကုန်ပစ္စည်းများဖြစ်သဖြင့် အချို့ကို အကောက်ခွန်နှုန်း ဖယ်ရှား မပေးနိုင်ပဲလျှော့ချရုံသာလျှော့ချနိုင်သည် ဖြစ်၍ အရေးကြီးနှင့်အလွန်အရေးကြီး ကုန်ပစ္စည်းများ (List of Sensitive and Highly Sensitive Products) စာရင်းအဖြစ် ထားရှိခွင့်ရှိရန် ညှိနှိုင်း သဘောတူခဲ့ ကြပါသည်။ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၃၀  ရက်နေ့တွင ်စင်ကာပူနိုင်ငံ၌ အရေးကြီး နှင့်အလွန် အရေးကြီး ကုန်ပစ္စည်းများအတွက် အထူးအစီအစဉ်ဆိုင်ရာ အခြေပြ စာချုပ်(Protocol on the Special Arrangement for Sensitive and Highly Sensitive Products)ကိုလက်မှတ်ရေး ထိုးခဲ့ကြပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည်၊ အလွန်အရေးကြီး ကုန်ပစ္စည်းများ  စာရင်း (List of Highly Sensitive Products) နှင့် အရေးကြီး ကုန်ပစ္စည်းများ စာရင်း(List of Sensitive Products)တို့ ကို သီးခြားစီထား ရှိခဲ့ကြပါသည်။ယင်းအခြေပြ စာချုပ်၏ အာတီကယ်-၂အရအ ဆိုပါ ကုန်ပစ္စည်းများကို အကောက်ခွန် လျှော့ချပေးရမည့်  CEPTအစီအစဉ်သို့ သတ်မှတ်အချိန် ကာလတွင် ထည့်သွင်း ပေးကြရပါသည်။ အာတီကယ်-၃၊အရ CEPT အစီအစဉ်တွင် ပါဝင်လာသည့် ယင်းကုန်ပစ္စည်းများကို အကောက်ခွန် နှုန်းလျှော့ချရမည်ဖြစ်ရာ အရေးကြီး ကုန်ပစ္စည်း များဖြစ်ပါက၊သုညမှ ၅ ရာခိုင်နှုန်း            (ဝ-၅ %)ထိ လျှော့ချပေး ရမည်ဖြစ်ပြီး အလွန်အရေးကြီး ကုန်ပစ္စည်းများ ဖြစ်ပါက အနိမ့်ဆုံးရှိရမည့် နောက်ဆုံးအကောက်ခွန်နှုန်း(Ending rate) ကို ညှိနှိုင်းဆုံးဖြတ် ရမည်ဖြစ်ပါသည်။ အထက်ဖေါ်ပြပါ၊ အကောက်ခွန်နှုန်းများ လျှော့ချပေးရမည့် ကတိကဝတ် များကို ဆန်နှင့် သကြားအတွက် အထူးစဉ်း စားပေးရန် အခြေပြ စာချုပ်အရ လျှော့ ပေါ့ရွှေ့ဆိုင်းခွင့်ပေးရန ်အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတိုင်းသည် မေတ္တာရပ်ခံ တင်ပြခွင့်ရှိပါသည်။ ထို့ကြောင့် အင်ဒိုနီး ရှားနိုင်ငံသည် သာမန်မဟုတ်သော အခြေအနေများ အရ၊ ဆန်နှင့် သကြားဆိုင်ရာ ကတိကဝတ်များကို လျော့ပေါ့ရွှေ့ဆိုင်း ခွင့် (Waiver) ရရန် မေတ္တာရပ်ခံ တင်ပြ ခဲ့ကြောင်း သိရပါသည်။Waiver ရရန် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် ဝန်ကြီးများ ပါဝင်သော AFTA Codeသို့ အရေးယူ ဆောင်ရွက်ခြင်း မပြုမီရက် ၉၀  ကြိုတင်၍ စာရေးသား တင်ပြရပါမည်။ ထိုသို့ တင်ပြ သည့်စာတွင် Waiver တောင်းခံသည့် ကုန်ပစ္စည်း၏ AHTN Council၊ အကျိုးအကြောင်း ဖေါ်ပြချက၊် ယင်း ကုန်ပစ္စည်း၏ နောက်ဆုံး ၃ နှစ်အ တွက် သွင်းကုန် စာရင်းဇယား၊ ယင်းကုန်ပစ္စည်းအတွက် အကောက်ခွန်နှုန်း လျှော့ ချမည့် ယာယီပုံစ ံဇယားတို့ ပါရှိရမည်ဖြစ်ပါသည်။ AFTA Council က Waiver  ပေးရန် ဆုံးဖြတ်လျှင်အဆိုပါ ဆုံးဖြတ်ချက်တွင် လိုအပ်ပါက လိုက်နာ ဆုံးဖြတ်ချက်များ နှင့်အတူ Waiver ပေးသည့် အချိန်ကာလတို့ ပါဝင်ပါမည်။ပို့ကုန်နိုင်ငံများနှင့်ညှိနှိုင်းဆွေးနွေး ခြင်း Waiver  ခံစားရသည့် အဖွဲ့ဝင်နိုင်ငံသည် ယင်းကုန်ပစ္စည်း တင်ပို့ရောင်းချသည့် အခြားအဖွဲ့ဝင ်နိုင်ငံက တောင်းဆိုလာလျှင် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးခွင့် ပေးပြီး ပို့ကုန် နိုင်ငံ၏ ထိခိုက်နစ်နာမှုအတွက် ဖြေရှင်းပေး ရပါမည်။နှစ်ပတ်လည်ပြန်လည်သုံးသပ်ခြင်း AFTA Council သည် Waiverကိစ္စ ကိုတစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး Waiverတောင်းခံသည့်အဖွဲ့ဝင်နိုင်ငံ၏ မေတ္တာရပ်ခံချက်ပေါ်မူတည်၍လိုအပ် လျှင် Waiverသက်တမ်းကိုတိုးမြှင့်ပေး နိုင်ပါသည်။အင်ဒိုနီးရှားနိုင်ငံကို ဆန်နှင့်သကြား အတွက် Waiver သက်တမ်း တိုးမြှင့်ပေးခြင်း ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပျက်ကပ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြင့် တွေ့ကြုံနေရသော အင်ဒိုနီးရှားနိုင်ငံက ဆန်နှင့် သကြားအတွက် Waiver သက်တမ်း တိုးမြှင့်ပေးရန် တင်ပြမှုအပေါ် အာဆီယံနိုင်ငံများက သဘောတူခဲ့ကြောင်း သိရပါသည်။ Waiver သက်တမ်း တိုးမြှင့်ရရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ဆန်နှင့် သကြား အပေါ် စည်းကြပ်သည့် အကောက်ခွန်နှုန်းများကို အခြေခံ MFN နှုန်းအတိုင်း စည်းကြပ်ခွင့်ရရှိ ပါသည်။ သို့ရာတွင် ယင်းကုန်ပစ္စည်း   ၂ မျိုးကို တင်ပို့ရောင်းချသော အခြား အဖွဲ့ဝင်နိုင်ငံများ၏ ဈေးကွက်ဝင် ရောက်သည့် အခွင့်အရေးကို မထိခိုက်စေရန်အတွက် စိတ်ဝင်စားသည့် အဖွဲ့ဝင် ပို့ကုန်နိုင်ငံများနှင့် နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးရပါသည်။ ထိုင်းနိုင်ငံသည် အာဆီယံဒေသ တွင်ဆန်နှင့်သကြားအများဆုံးတင်ပို့ ရောင်းချသည့် နိုင်ငံဖြစ်ပါ သည်။ ဗီယက်နမ်သည် ဆန်ကို ဒုတိယ အများဆုံးတင်ပို့ ရောင်းချသည့် နိုင်ငံဖြစ်ပါ သည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ သည်နှစ်နိုင်ငံညှိနှိုင်းမှုများအရဆန် ကိုထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ မှ ခွဲေ၀၀ယ်ယူလျက် ရှိသကဲ့သို့ သကြားကိုလည်း ထိုင်းနိုင်ငံမှဝယ်ယူ တင်သွင်းလျက် ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ယခင်က မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်တန်ချိန် တစ်သိန်းခန့်ဝယ်ယူ တင်သွင်းခဲ့သည့် ဖောက်သည် နိုင်ငံဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း ဖြစ်သဖြင့် ဈေးကွက်ဟောင်းကို မြန်မာ့ ဆန် ပြန်လည်တင်ပို့ ရောင်းချနိုင်သည့် အခွင့်အရေးများ ရှိနေကြောင်း တင်ပြလိုက်ပါသည်။မောင်မောင်ရီ