Main menu

Background

တရုတ်ပဲကြီး ကျပ် ၆ သန်းကျော်ဖိုးတင်သွင်းလာ

Thu, 01/28/2010 - 04:26 -- Anonymous (not verified)

   မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၀ ခုနှစ် ဇန်နဝါရီ တတိယပတ်အတွင်း တရုတ်ပဲကြီး ၁၅ တန်ကို တန်ဖိုးကျပ် ၆ သန်းကျော်ဖိုးတင်သွင်းလာခဲ့တယ်လို့ နယ်စပ်ကုန်သည်အသင်းမှသိရပါတယ်။ အဲ့ဒီပဲကြီးတွေကို လက်ဖက် အကြော်စုံထဲ ထည့်စားသုံးသလို ပဲပြုတ်အဖြစ်စားသုံးကြဖို့လို့သိရပါတယ်။ ပို့ကုန်အနေနဲ့ကတော ဖရဲသီး၊ တောဂျင်း၊ ဒရင်းကောက် မြစ်နဲ့ မျှစ်ခြောက်တို့ကို တန်ချိန်အားဖြင့် ၁၁၆ တန်၊ တန်ဖိုး ကျပ် ၂၉ သန်း ကျော်ခန့်တင်ပို့နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။Source: နကသ (ချင်းရွှေဟော်)မော်မော်အောင်