Main menu

Background

တရုတ်အာဆီယံ ကုန်သွယ်မှုဇုန်ကို ဘယ်လိုရင်ဆိုင်ကြသလဲ

Fri, 01/29/2010 - 04:42 -- Anonymous (not verified)

ဒီနှစ်၊ ဒီတစ်ခေါက်ခရီးထွက် ရာမှာ ၂၀၁၀ပြည့်နှစ်၊ဇန်နဝါရီ ၁ရက် နေ့ကစတင်တဲ့ တရုတ် အာဆီယံ ကုန် သွယ်မှုဇုန်ကို စိတ်ဝင်စားနေကြတာနဲ့ လာကြုံကြိုက်တယ်။ လေယာဉ်ပေါ် ဖတ်ရတဲ့ထိုင်း သတင်းစာတွေမှာ ဒီ အကြောင်းကို အတော်လေး စိတ်ဝင် စားကြတာတွေ တွေ့ရတယ်။သဘောတူ ညီချက်ဟာ အခုမှ အသက်ဝင်စဖြစ် ပေမယ့် ရိုက်ခတ်နိုင်တဲ့ ဂယက်က ခတ် သေးသေးမဟုတ်ပေဘူး။ အထူးသဖြင့် အငယ်စားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ ဘယ်လိုဂယက် ရိုက်ခတ်နိုင်သလဲ၊ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၅ရောက်မှ ကိုယ့်ဘက်က အခွန် လျှော့ရမှာဖြစ်တယ်။ ကိုယ့်ရှေ့က အခွန်လျှော့ထားတဲ့နိုင်ငံတွေ ဘယ်လို လုပ်နေကြ သလဲဆိုတာကနေ သင်ခန်းစာတွေ ယူနိုင်တယ်။ ပထမအချက်အနေနဲ့ ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့အင်ဒိုနီးရှား တို့က၊ ဒေသ အတွင်း ကုန်သွယ်ရာမှာပစ္စည်းအမယ် အားလုံးလိုလိုအပေါ်မှာ အခွန်လျှော့မှာ ဖြစ်လို့ ဈေးနှုန်း သက်သာစရာ အကြောင်းရှိတယ်။ ထိုင်းစားသုံးသူ တွေဟာ အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့ ရုပ်မြင်သံကြား၊ လေအေးပေးစက်၊ အဝတ်အထည်၊ စည်သွပ်ဘူးတွေ ဟင်း ရွက်ဆီတွေ ဈေးသက်သာတဲ့အကျိုး ကျေးဇူးကို ခံစားရမယ်။ တခြားနိုင်ငံက စားသုံးသူတွေလဲ ဈေးသက်သက် သာသာနဲ့ ပစ္စည်းတွေ သုံးစွဲခွင့်ရကြ မယ်။ ထိုင်းအငယ်စားနဲ့ အလတ်စား လုပ်ငန်းတွေ အနေနဲ့ ဒေသအတွင်း ပစ္စည်းတွေ ပိုရောင်းချနိုင်မယ့်အခွင့်အ လမ်းတွေရကြမယ်။ လာမယ့်နှစ်တွေ ဆိုရင် ဒေသတွင်းကုန် သွယ်မှုတိုးတက် လာမှာဖြစ်လို့ ၂၀၀၃ကနေ ၂၀၀၈ အတွင်းဒေါ်လာ ၅၉ ဒသမ ၆ ဘီလီယံ ကနေ ၁၉၂ ဒသမ ၅ ဘီလီယံအထိ ငါးနှစ်အတွင်း သုံးဆတက်ခဲ့တဲ့ အာဆီယံ တရုတ်ကုန်သွယ်မှုကို အရှိန်မြင့် အောင်လုပ်ပေးနိုင်တယ်။ ဒီလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ကောင်းသလား၊ ဆိုးသလားဆိုတာက ကိုယ့်လုပ်ငန်း အပေါ်လဲ မူတည်နေတယ်။ ကိုယ့်လုပ် ငန်းရဲ့ မဟာဗျူဟာနဲ့ပုခုံးချင်းယှဉ်ပြိုင် နိုင်စွမ်း ဘယ်လောက်ရှိသလဲဆိုတဲ့ အပေါ်မူတည် တယ်။ ဥပမာ- ပြည်ပက ဝင်မပြိုင်နိုင်အောင် ကာကွယ်စောင့် ရှောက်မှုပေးထား တဲ့ပြည်တွင်းဈေး ကွက်ကိုပဲ အားကိုးပြုထားတယ်၊သူများ အလွယ်တကူလိုက်လုပ်လို့ရတဲ့ ပစ္စည်း တွေဖြစ်နေတယ်။ အမြတ်ကလဲခတ် ပါးပါးပဲ ရနေတယ်ဆိုရင် တရုတ်စက်ရုံ အကြီးကြီးတွေက စရိတ်သက်သက် သာသာ၊ လုပ်အားခ နည်းနည်းနဲ့ ထုတ်လုပ်ပြီး ဈေးသက်သာတဲ့ ကုန် ပစ္စည်းတွေ တစ်ပုံတခေါင်းကြီး ထုတ် လုပ်မှုရဲ့ ဒဏ်ကိုခံရနိုင်တယ်။ တကယ်လို့ကိုယ့်ကုမ္ပဏီက ဈေးကွက်ထဲမှာသူများနဲ့ မတူတဲ့ထုတ် ကုန်ကိုထုတ်လုပ်တယ်၊ အောင်မြင်တဲ့ ထုတ်ကုန်အသစ်တစ်ခုကို ထုတ်လုပ် တယ်ဆိုရင် အိမ်နီးနားချင်းဈေးကွက် တွေလို အရောင်းတိုးမြှင့်နိုင်ဖို့ အလား အလာရှိတယ်။ အိမ်နီး ချင်းနိုင်ငံတွေရဲ့ ဈေးကွက်အခြေအနေက ကိုယ့်နိုင်ငံ ဈေးကွက်နဲ့သိပ်ကွာလှတာ မဟုတ်ဘူး။တခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တရုတ်ကနေ ဈေးသက်သာတဲ့ သွင်း အားစုတွေကုန်ကြမ်းတွေကို ရယူနိုင် မယ်ဆိုရင် ကိုယ့်လုပ်ငန်းလည်ပတ် စရိတ်သက်သာသွားနိုင်တယ်။ ထိုင်းစက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ကတော့ ပထမအဆင့်မှာ အကျိုးအများဆုံးရှိမယ့် လုပ်ငန်းတွေဟာ စိုက်ပျိုးရေး၊ ငါး၊ သစ်၊ ရော်ဘာ၊ လျှပ်စစ်ပစ္စည်းနဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေ ဖြစ်တယ်။ ထိခိုက်မယ့် လုပ်ငန်းတွေကတော့ သံနဲ့ သံမဏိ၊ စက်ပစ္စည်း၊ မော်တော်ယာဉ်နှင့်အစိတ် အပိုင်းများ၊ ချုပ်ထည်နဲ့အဝတ်အထည်၊ ပလတ်စတစ်နဲ့ပရိဘောဂ တို့ဖြစ်မယ်လို့ မှန်းတယ်။ တရုတ်နိုင်ငံရဲ့ထုတ်လုပ်မှု စွမ်းအားကောင်းမွန်မှုဟာ အံ့မခန်းပါ။ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံကအငယ်စား နဲ့ အလတ်စား လုပ်ငန်းတွေကဖွံ့ဖြိုးပြီး နိုင်ငံက လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ကြ တာမဟုတ်ဘူး။ အရင်းအနှီးလဲမရနိုင်၊ နည်းပညာလဲနောက်ကျ၊ တခြားနိုင်ငံ တွေက သတ်မှတ် ထားတဲ့ စံချိန်စံညွှန်း တွေကို ကောင်းကောင်းလဲမသိ၊ လိုက်လဲမလိုက်နာနိုင်။ ပြီးတော့လမ်း ပန်းဆက်သွယ်ရေး အခြေခံအဆောက် အအုံတွေ အားနည်းပြီး ဆက်သွယ်ရေး နည်းပညာလဲ ညံ့ဖျင်းလေတော့ ဒုက္ခ ရောက်ကြဖို့များတယ်။ ထိုင်းနိုင်ငံကတော့ တိုးတက် တဲ့နိုင်ငံတွေနဲ့ နောက်ကျတဲ့နိုင်ငံတွေ ကြား အလယ်အလတ် နေရာမှာရှိနေ တာဖြစ်လို့ပြိုင်ပွဲအသစ်နဲ့ကိုက်ညီ အောင် အလျင်အမြန်ပြောင်းလဲ လုပ် ဆောင်ရမှာပါ။ ဒီလိုလုပ်ဖို့ ပုဂ္ဂလိကနဲ့ ပြည်သူပိုင်ကဏ္ဍရဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ လိုအပ်ပါ တယ်။ လေ့ကျင့် ပျိုးထောင်ပေးတာတွေ၊ အထောက်အပံ့ ပေးတာ တွေလုပ်ပေးရပါမယ်။ လုပ် ငန်းအချင်းချင်းလဲ အချိတ်အဆက်တွေ လုပ်ကြရပါမယ်။ အခွန်လျှော့တာနဲ့ စပေမယ့် လွတ်လပ်စွာကုန်သွယ်ရေး သဘော တူညီချက်မှာစံချိန်စံညွှန်းတွေ တစ်ညီ တစ်ညွတ်တည်းဖြစ်ရေး၊ အခွန်မဟုတ် တခြားနည်းနဲ့လုပ်ထားတဲ့ အဟန့် အတားတွေ ဖယ်ရှားရေး၊ ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လွတ်လွတ်လပ်လပ် စီးဆင်းရေးဆိုတဲ့ ကိစ္စတွေကျန်နေပါ သေးတယ်။ ပြီးတော့ နောက်ဆိုရင်ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူး ဇီလန်နဲ့ အိန္ဒိယတို့ပါ ပါဝင်လာပြီး ကမ္ဘာ ပေါ်မှာ အကြီးဆုံးကုန်သွယ်ရေးအုပ်စု ကြီးဖြစ်လာပါလိမ့်မယ်။ ဘန်ကောက်ဘဏ်ရဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌကတော့ ထိုင်းအ ငယ်စားနဲ့ အလတ်စား လုပ်ငန်းတွေဟာ နိုင်ငံစီးပွားရေးရဲ့ ကျောရိုးဖြစ်လို့လာ မယ့်စိန်ခေါ်မှုတွေအတွက် သေသေ ချာချာ ပြင်ဆင်ထားမယ်။ ထိထိရောက် ရောက်လဲပြိုင်ဆိုင်နိုင်မယ်လို့ တွက်ပါ တယ်။ သူတို့သာ သေသေချာချာ ပြင်ဆင်ထားမယ်ဆိုရင် ၂၀၁၀၊ ဇန်န ဝါရီလဟာ အခွင့်အလမ်း ကောင်းတွေရဲ့ အာရုဏ်ဦးလို့ မြင်ကြမှာပါလို့ဆိုထားတယ်။  (ဘန်ကောက်ပို့စ်) နေးရှင်း သတင်းစာမှာကတော့ ထိုင်းမော်တော် ယာဉ်လုပ်ငန်းဟာ ထိခိုက်မယ့် အလား အလာထက် အကျိုးရှိမယ့် အလား အလာက ပိုများတယ်လို့ ရေးထားတာ တွေ့ရပြန်တယ်။ ပညာရှင်တစ်ယောက် နဲ့တစ်ယောက် သဘောထားချင်း မတူကြပါဘူး။ နိုင်ငံစုံလုပ်ငန်းကြီးတွေ၊ ထိုင်းနဲ့ နိုင်ငံခြားကားပစ္စည်း ထုတ်လုပ် သူတွေဟာ သက်တမ်းအနှစ် ၄၀ ရှိ ထားပြီ၊တစ်နှစ်ကို ကားအစီး တစ်သန်း ထုတ်လုပ်နိုင်တယ်။ တစ်တန်ပစ်ကပ် ကားတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု နည်းစေမယ့်ကားတွေဟာ၊လုပ်ငန်းအရွယ်အစား ကြီး ကြီးမားမား၊ စရိတ်သက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တာဖြစ်တဲ့အတွက် အများ ဆုံးအကျိုးရှိနိုင်တယ်လို့ တွက်ပြန်တယ်။ အခုအခွန်လွတ်စာရင်းမှာမော်တော်ကား (၁၁) မျိုးပါဝင်တယ်။ တိုယိုတာ၊ပရိုတွန် (မလေးရှား)၊ ဖိလစ်ပိုင်က ဖို့ဒါ ဖိုးကပ်စ်၊ နစ်ဆန်းနဲ့ကီယာတို့ ဖြစ်ပါတယ်။သယ် ယူပို့ ဆောင်ရေး စရိတ်တွေကြီးနေပြီး ရောင်းပြီးနောက်ပေးရတဲ့ဝန် ဆောင်မှု စရိတ်စကတွေလည်း ရှိနေသေးလို့ ကား ဈေးတွေရုတ် တရက်မကျနိုင်ဘူးလို့ တွက်ကြပါတယ်။ မော်တော်ကားဈေး ကွက်မှာ သတိထားရမယ့် နိုင်ငံကတော့ ၂၀၁၅ မှာအခွန်လွတ်ပေးမယ့် ဗီယက်နမ်နိုင်ငံပဲဖြစ်ပါတယ်။ ထိုင်းဈေး ကွက်ကတော့ ဂျပန်ကားတွေကြီးစိုး ထားလို့ တရုတ်အဖို့မလွယ်ဘူး။ ပြီး တော့ ထိုင်းစားသုံးသူတွေက အရည် အသွေးကို သိပ်ဂရုစိုက်ကြသတဲ့ ပတ်ဝန်း ကျင်မညစ်ညမ်းရေး၊ မီးခိုးလွှင့် ထုတ်မှု နည်းပါးရေးဆိုတဲ့စံချိန်စံညွှန်း တွေကလည်း မြင့်မားသတဲ့။ ဒီတော့ တရုတ်ဟာ မလေးရှားကနေတစ်ဆင့် အာဆီယံကားဈေးကွက်ထဲကို ဝင် ရောက်မယ်လို့ တွက်ဆနေကြပါတယ်။ ထိုင်းလယ်သမားတွေ အတွက် အိမ်နီးချင်းနိုင်ငံတွေမှာ ဆန် စပါးထုတ်လုပ်မှု ကျဆင်းနေတာ ကြောင့် အကျိုးများနိုင်တယ်လို့တွက်ဆ နေကြပါတယ်။ ဖိလစ်ပိုင်နဲ့အိန္ဒိယဟာ ထိုင်းဆန်တွေကို ပိုပြီးဝယ်ကြဖို့စိုင်းပြင်း နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ကုန်ကြမ်း၊ လူအင်အား၊ သုတေသနနဲ့ ဖွံ့ဖြိုးရေး၊ သိုလှောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကောင်းရင်ကောင်းသလို အကျိုးရှိ နိုင်မယ်။ လယ်သမားတွေအနေနဲ့ ထုတ်လုပ်မှုစွမ်းအားတွေမြင့်အောင် လုပ်၊ မျိုးကွဲအမျိုးမျိုးကိုလည်း စိုက်ကြဖို့တိုက်တွန်း နေကြတယ်။ ကိုယ့် ကုန်ကြမ်းကပိုပို့နိုင်ရင် အကျိုးရှိမယ်။ ဈေးသက်သက်သာသာနဲ့ ဝင်လာနိုင်တဲ့ တရုတ်စားသုံးကုန်တွေ၊ မော်တော်ကားလုပ်ငန်းတွေ ထိခိုက် မယ်။ တရုတ်နဲ့ပြိုင်ရမယ့် ချည်ထည်၊ ဖိနပ်၊သံမဏိလုပ်ငန်းတွေ ထိခိုက်မယ်။ ၂၀၁၀မှာအာဆီယံ တရုတ် ကုန်သွယ်မှုဘီလီယံ(၂၀၀)ရောက်မယ်။ အခုအထိတော့ ဥရောပသမဂ္ဂရယ်၊ မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်ရေးဇုန်တွေပြီးရင် တတိယ အကြီးဆုံး ကုန်သွယ်ရေးဇုန်ဖြစ်တယ်။ဦးရန်ရှင်း