Main menu

Background

တရုတ် - အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသမြင်ကွင်း

Wed, 01/20/2010 - 04:44 -- Anonymous (not verified)

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တရုတ်နိုင်ငံနဲ့ အာဆီယံ ခြောက်နိုင်ငံတို့ဟာ လွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသကို စတင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဒီလိုအောင် မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ တရုတ်နိုင်ငံ နန်နင်းမြို့မှာ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့ပါ တယ်။ ယခု ဖွင့်လှစ်လိုက်တဲ့ ကုန်သွယ်မှုဒေသမှာ မှီတင်းနေထိုင်သူ ၁ ဒသမ ၉ သန်းရှိပြီး ကုန်သွယ်မှုပမာဏက ဒေါ်လာ ၄ ဒသမ ၅ ထရီလီယံရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်ရဲ့ အဖွင့်ပုံရိပ်တွေ ထဲမှာ တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသရဲ့ လှုပ်ရှားမှု မြင်ကွင်းနဲ့ အသံတွေကိုလည်း တွေ့မြင်ရမှာဖြစ် ပါတယ်။အင်ဒိုနီးရှား အင်ဒိုနီးရှားနိုင်ငံရဲ့ ပရိဘောဂ လုပ်ငန်းတွေဟာ တရုတ်ပြည်ကဝင် လာမဲ့ဈေးချိုတဲ့ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်ဖို့ အသင့်မဖြစ်သေးဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ ၁၀ နိုင်ငံစလုံးက သဘောပေါက် နားလည်ထားပြီး ဖြစ်တယ်လို့  အင်ဒိုနီးရှား ပရိဘောဂနဲ့ လက်မှု လုပ်ငန်း ပို့ကုန်လုပ်ငန်းရှင်များ အသင်း ဥက္ကဌက ပြောကြားပါတယ်။ အင်ဒိုနီးရှား စီးပွားရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဆိုဂျန်ကလည်း အင်ဒိုနီးရှား စက်မှုလုပ်ငန်း ထုတ်ကုန်တွေဟာ အာဆီယံ-တရုတ် လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို အကောင်အထည် ဖော်နိုင်မဲ့ အခြေအနေ မရှိသေးဘူး။ ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ဆိုရင် တချို့ကဏ္ဍတွေ အတွက် အာဖတာကို အကောင်အထည်ဖော်ဖို့ ဆိုင်းငံ့ထားဖို့ ဒါမှမဟုတ် အင်ဒိုနီးရှား အမျိုးသားစံနှုန်း သတ်မှတ်ချက်လိုမျိုး အကောက်ခွန် မဟုတ်တဲ့ အတားအဆီးထားဖို့ ပြောကြားပါတယ်။ ဒီလို ဆန့်ကျင်မှုတွေ ရှိပေမဲ့ အစားအစာနဲ့ အဖျော်ယမကာ ကဏ္ဍကတော့ တရုတ်နိုင်ငံ ကနေ သွင်းလာမဲ့ သွင်းကုန်တွေအတွက် စိုးရိမ်မှုမရှိဘူးလို့ အင်ဒိုနီးရှား အစားအစာနဲ့ အဖျော်ယမကာ ထုတ်လုပ်သူများ အသင်း ဥက္ကဌ သောမတ်ဒါမာဝန်က ပြောပါတယ်။  အင်ဒိုနီးရှား အစိုးရက အာဖတာမှာ ချမှတ်ထားတဲ့ ပြဌာန်းချက်တွေကို မထိခိုက်စေဘဲ ပြည်တွင်း စက်မှုလုပ်ငန်းတွေ အကာအကွယ် ပေးနိုင်ဖို့ စီမံကိန်း ရေးဆွဲထားပြီးဖြစ်ကြောင်း စီးပွားရေး ပေါင်းစပ် ညှိနှိုင်းရေးဝန်ကြီး ဟက်တာ ရာဂျာဆာက ပြောကြားပါတယ်။ကုန်သွယ်ရေး ဝန်ကြီး မာရီအယ် လ်ကာပန်ဂက်ဆုကလည်း အက်ဖ်တီအေ အကောင်အထည် ဖော်မှုတွေကို လေ့လာသုံးသပ်ဖို့ အဖွဲ့တစ်ဖွဲ့ဖွဲ့ထားပြီး ပြီ။ ဒီအဖွဲ့က မမျှတတဲ့ယှဉ်ပြိုင်မှုတွေ နဲ့ ပြည်တွင်း လုပ်ငန်းတွေ မကြုံရအောင် အကာအကွယ် ပေးဖို့နဲ့ ကုန်ပစ္စည်းဖြန့်ဖြူးမှုကို ကြီးကြပ်ဖို့ ဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။မလေးရှား မလေးရှားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ အပြန်အလှန် သဘောတူညီချက်အရ ကုန်သွယ်မ ှုပြုလာတာ နှစ်အတော်ကြာ ခဲ့ပြီဖြစ်ပါတယ်။ အက်ဖ်တီအေ ကို အပြည့်အ၀ အကောင် အထည် ဖော်တဲ့အခါ တရုတ်နိုင်ငံက လုပ်ငန်း မိတ်ဖက်တွေနဲ့ ဖက်စပ် ကုမ္ပဏီ ကိုတည်ထောင်သွားဖို့ အကြံပြု ထားပါ တယ်။ မလေးရှားမှာ အဆင့်မြင့် နည်း ပညာတွေပြန့်ပွားဖို့အတွက် တရုတ် နိုင်ငံက ကျွမ်းကျင်သူတွေကို ခေါ်ယူ သင့်တယ်လို့ အသင်းရဲ့ အကြံပေးအရာ ရှိကပြော ပါတယ်။ နည်းပညာသစ်တွေ၊  အိုင်တီလုပ်ငန်းတွေ တခြားနည်းပညာ တွေကို ရရှိနိုင်မဲ့ အလားအလာ တွေကို လေ့လာဖို့ အဖွဲ့တစ်ဖွဲ့ကို အသင်းက ဖွဲ့ ကြားပါတယ်။ အကျိုးအမြတ်တွေပိုမိုရရှိနိုင်ဖို့ အတွက် မလေးရှား လူမျိုးတွေက တရုတ်ကျွမ်းကျင်သူတွေနဲ့ ပူးတွဲ ဆောင်ရွက်သင့်တယ်။ ဒီလိုဆောင် ရွက်ရာကနေ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်တိုး တက်လာပြီး ဈေးနှုန်းတွေယှဉ် ပြိုင်လာ နိုင်မယ်။ ပစ္စည်းအရည်အသွေးကောင်း လာမယ်။ ဝန်ဆောင်မှု အကောင်းဆုံး ပေးနိုင်မယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကထဲက အခွန်တွေကို တစစလျှော့ချပေးထားပြီးသား ဖြစ်လို့ အက်ဖ်တီအေအကို အကောင်အထည် ဖော်ရမဲ့ အသွင်ကူးပြောင်းရေး ကာလ က ပြီးဆုံးနေပြီလို့ ပြောပါတယ်။ မလေးရှား နိုင်ငံဟာ လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူစာချုပ်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဥပဒေတွေရေးဆွဲအတည်ပြုပြီးပြီလို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့စက် မှုဝန်ကြီးဌာနက ပြောကြားပါတယ်။ဖိလစ်ပိုင် အက်ဖ်တာကို စတင်အကောင် အထည်ဖော် တဲ့အခါ ဖိလစ်ပိုင်နိုင်ငံက အခွန်သုည ရာခိုင်နှုန်း ကောက်ခံဖို့ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေ ကြောင့် ပြည်တွင်းက ရေနံဓါတု အခြေပြု လုပ်ငန်းတွေ ထိခိုက် မှုမရှိ အောင်ဆောင်ရွက်ဖို့ ပလပ်ပစ္စည်း ထုတ် လုပ်သူများအသင်းက အစိုးရကို ပန် ကြားထားပါတယ်။ ဒီစက်မှုလုပ်ငန်း မှာ စက်ရုံ ၂၇၈ ခုရှိပြီး ရင်းနှီးမြှုပ်နှံငွေ ပီဆို ဘီလီယံ ၅၀ ရှိပါတယ်။ ပုံမှန် လုပ်သား ၅၀၀၀၀ နဲ့တိုက်ရိုက်နဲ့ သွယ် ဝိုက်လုပ် သား ၅၀၀၀၀၀ ကို ထိန်းထား တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ရွေးချယ်တင် မြှောက်ပွဲတွေရှိတဲ့အတွက် ဒေသတွင် အခွန်အကောက် အစီအစဉ်နဲ့ပတ်သက် ပြီး မရေမရာဖြစ်နေပါတယ်။ ကုန်စည် အကောက်အခွန် နှုန်းထားများကို လျှော့ချရေး အပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေးကတိကဝတ် များကို အစိုးရက လက်ခံမခံဆိုတဲ့ကိစ္စက စဉ်းစား စရာဖြစ်နေပါတယ်။ သို့သော် ခရီးသွားလာရေး၊ အင်္ဂလိပ်စာသင်ကြားရေး၊ ကျန်းမာရေး နဲ့ အငြိမ်းစားစောင့်ရေးကိစ္စ တွေမှာ အကျိုးစီးပွားဖြစ်အောင် ဆောင်ရွက်နိုင်မဲ့ အလားအလာတွေ ရှိနေပါတယ်လို့ ဆို ပါတယ်။ တရုတ်ကုမ္ပဏီများက သယ် ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး၊ ရေဖြန့်ဖြူးရေးနဲ့ ဆက် သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ထိုင်းနိုင်ငံ အက်ဖတာကို စတင်အကောင် အထည်ဖော်တဲ့အခါ ဖြစ်ပေါ်လာမဲ့ ဂယက်ရိုက်ခတ်မှုတွေကို ဖြေရှင်းနိုင် အောင် အစိုးရက စီမံကိန်းတစ်ရပ်ချ မှတ်ထားပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဝန် ကြီးချုပ်အဘီဆစ်ချာချီဝက ဒီဇင်ဘာ ၂၄ ရက်နေ့က ပြောကြားပါတယ်။  လယ်ယာထုတ်ကုန်၊ သစ်တောပြု စုပျိုးထောင်ရေးနဲ့ အချို့သောလုပ်ငန်း ရှင်တွေကို ထိခိုက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနတွေ ကို ဘဏ္ဍာရေးထောက်ပံ့မှုပေးမဲ့ အစီ အမံတွေ အစိုးရကရေးဆွဲချမှတ်ပြီးဖြစ် တယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်က အာဆီယံဒေသ တွင်းကို တင်ပို့တဲ့ထိုင်းနိုင်ငံရဲ့ ပို့ကုန် လုပ်ငန်းက ဒေါ်လာ ဘီလီယံ ၄၀ ရှိပြီး သွင်းကုန်တန်ဖိုးစုစုပေါင်းက ဒေါ်လာ ဘီလီယံ ၃၀ ရှိပါတယ်။ ဒါကြောင့် ပြည်ပကုန်သွယ်မှုပိုငွေဟာ ဒေါ်လာ ၁၀ ဘီလီယံရှိနေပါတယ်။ ဒါကြောင့် ဒေသတွင်း တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ထိုင်းနိုင်ငံက ယှဉ်ပြိုင်နိုင်စွမ်း ပိုရှိတယ် လို့ ဝန်ကြီးချုပ်က ပြောကြားပါတယ်။ရှေ့ဆက်ရမည့်ခြေလှမ်းများ စောစောပိုင်း ကာလက မလေးရှား စီးပွားရေးလုပ်ငန်း အသိုက်အဝန်း၊ ထိုင်း နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာရှိတဲ့ စက်မှုလုပ်ငန်းတွေက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုအပြည့်အဝဖြေလျှော့ရေး ကို ကန့်ကွက်တဲ့လေသံတွေ ပေါ်ထွက်ခဲ့ ပြီး အက်ဖ်တီအေအကောင်အထည် ဖော်မှုကို ရွှေ့ဆိုင်းထားလိုတဲ့ သဘော တွေပြသခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အာဆီယံ ၆ နိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့ လွတ် လပ်တဲ့ကုန်သွယ်မှုဒေသကို အောင်မြင် စွာစတင်အကောင်အထည် ဖော်နိုင်ခဲ့ ပြီးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကျန်အာဆီယံ နိုင်ငံလေးနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့က လည်း အက်ဖတာဒေသတွင်းသို့ ဝင် ရောက်လာကြတော့မှာဖြစ်ပါတယ်။ thejakartapost.com, xinhua, bernama, VIVAnews, chinadaily. com, CCTV.com, bbc.co.uk, beritajakarta. com, Channelnewsasia. com