Main menu

Background

ထိုင်းနိုင်ငံက နိုင်ငံခြားသားများအား ပီလောပီနံကုန်ကြမ်း လေလံဆွဲခွင့်ပြု

Thu, 07/02/2009 - 21:15 -- cjadmin

ထိုင်းအစိုးရက ဒေသအတွင်းရှိ ကုန်သည်များ အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ နိုင်ငံအတွင်း စုပုံထားတဲ့ ပြောင်းနဲ့ ပီလောပီနံ ကုန်ကြမ်း အတွက် အပြည်ပြည်ဆိုင်ရာ လေလံပွဲများ ကို ဖိတ်ခေါ်မှာဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေး ဒုတိယဝန်ကြီး ကိုဆတ်ဆက်ဟာဗာဆူ မှ ပြောဆိုခဲ့ ပါတယ်။ ထိုင်းနိုင်ငံ Buyers များကဲ့သို့ နိုင်ငံခြားသားများလည်း လေလံပွဲတွင် ပါဝင်နိုင်ကြောင်း မစ္စတာကိုဆတ်က ပြောကြားခဲ့ပါတယ်။ လတ်တလောအစိုးရထံမှာ ပီလောပီနံကုန်ကြမ်း အပိုင်းအစ တန်ချိန် ၂ သိန်းနဲ့ ပီလောပီနံကုန်ကြမ်း အမှုန့် တန်ချိန် ၈ သိန်း အပါအဝင် ပီလောပီနံ ကုန်ကြမ်းတန်ချိန် ၃ ဒဿမ ၄ သန်းခန့်နဲ့ ပြောင်းဖူးစေ့ ခန့်မှန်း တန်ချိန် ၁ သန်းခန့်ရှိပါတယ်။ မစ္စတာကိုဆတ်မှ ပြောကြား ရာမှာ ကုန်သွယ်ရေးဝန်ကြီးဌာန အနေနဲ့ စီမံချက်ကို ကက်ဘိနက်မှာ တင်ပြပြီး ခွင့်ပြုပါက လေလံပွဲများ တိုက်ရိုက်ခေါ်ယူသွားမှာ ဖြစ်ကြောင်း၊ ပီလောပီနံ အပိုင်းအစများလိုအပ်တဲ့ နိုင်ငံခြား Buyers  များမှာ တရုတ်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ဖိလစ်ပိုင်တို့ ဖြစ်ပြီး ဖိလစ်ပိုင်၊ ဂျပန်နှင့် တရုတ် နိုင်ငံတို့က ပီလောပီနံမှုန့်အား စိတ်ဝင်စားမှု ရှိနေကြပါတယ်။ Source:Bangkok Postမြင့်အောင်