Main menu

Background

ပင့်ကူအိမ် သီအိုရီ(Cobweb Theory) -စောနိုင်(အသုံးချဘောဂဗေဒ)

Sat, 06/27/2009 - 14:25 -- cjadmin

လယ်ယာကဏ္ဍထွက်ကုန်တွေ ရဲ့ ရောင်းလိုအားမရေမရာဖြစ်မှုက ဈေးကွက်နဲ့ ဈေးနှုန်းအခြေအနေပေါ် သက်ရောက်မှုရှိနေတာကို ဖော်ထုတ်ထားတဲ့ ဘောဂဗေဒသီအိုရီတစ်ခု ဖြစ်ပါတယ်။ သီအိုရီကိုသရုပ်ဖော်ပုံဆွဲကြည့်တဲ့အခါ ပင့်ကူတစ်ကောင် အိမ်ဖွဲ့နေတာနဲ့တူလို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဟန်ဂေရီဘောဂဗေဒပညာရှင် နီကိုလပ်စ်ခါလ်ဒါ (၁၉ဝ၈-၁၉၈၆) ကပင့်ကူအိမ်သီအိုရီလို့ အမည်ပေးထားတာဖြစ်ပါလိမ့်မယ်။ ပင့်ကူအိမ်သီအိုရီမှာ စိုက်ပိုျးထုတ်လုပ်မှု (ရောင်းလိုအား) အပြောင်းအလဲ နဲ့ဈေးနှုန်းအပြောင်းအလဲတွေကြားမှာ မျှော်မှန်းထားတဲ့အတိုင်း အချိန်ကိုက် မဖြစ်ဘဲ၊ အချိန်ကာလ ကွာဟမှု၊ နောက်ကျမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဈေးကွက်မတည်ငြိမ်မှု ဖြစ်စဉ်ကို အထူးပြုလေ့လာထားတာကို တွေ့ရပါတယ်။ အချိန်ကာလ ကွာဟမှု ၊ နောက်ကျမှု ဆိုတာကတော့ စိုက်ပိုျးရေးထုတ်ကုန်တွေ ထုတ်လုပ်တဲ့အခါ စိုက်ပိုျးချိန်နဲ့ရိတ်သိမ်းပြီး ရောင်းချဖို့အကောင်အထည် ပေါ်လာတဲ့ အချိန်ကြား ကွာဟမှုပဲဖြစ်ပါတယ်။ စိုက်ပိုျးချိန်မှာရှိနေတဲ့ ဈေးနှုန်းဟာ ရိတ်သိမ်းပြီးလို့ ဈေး ကွက်ထဲကို ရောက်တဲ့အချိန်မှာ ဖြစ်နေတဲ့ဈေးနှုန်းနဲ့မတူနိုင်ဘဲ အဲဒီအချိန်မှာဖြစ်ပေါ်လာမယ့် ရောင်းလိုအား ပမာဏဈေးနှုန်းဟာ အပြောင်းအလဲဖြစ်နေတတ်ပါတယ်။ ဒီလိုမျှော်မှန်းလို့မရတဲ့အခြေအနေတွေထဲမှာပဲ သဘာဝဘေးအန္တရာယ်လို လူသားတွေ အစိုးရမရနိုင်တဲ့ အဖြစ်အပျက်တစ်ခုခု ရုတ်ချည်းဖြစ်ပေါ်လာခဲ့ရင် ရောင်းလိုအားဟာ ပိုလို့ ကမောက်ကမ ဖြစ်သွားပြီးဈေးနှုန်းအခြေအနေလဲ အံ့သြစရာကောင်းလောက်အောင် ပြောင်းသွားနိုင်ပါသေးတယ်။ဒီကနေ့ ကုန်သွယ်ရေးလောကမှာရောင်းဝယ်ဖောက်ကားနေကြတဲ့ ကုန်စည်တွေရဲ့ ရောင်းလိုအားနဲ့ ပတ်သက်လို့ပြောရရင်စိုက်ပိုျးရေးထုတ်ကုန်တွေဟာအခြားကဏ္ဍထွက်ထုတ်ကုန်တွေထက်အပြောင်းအလဲသိပ်မြန်တတ်တယ်ဆိုတဲ့ကိစ္စပါ။ ဘာကြောင့်လဲဆိုရင် စိုက်ပိုျးရေးထုတ်ကုန်တွေဟာ အခြားစက်ရုံအလုပ်ရုံထွက်ကုန်ပစ္စည်းတွေနဲ့မတူဘဲမိုးခေါင်၊ ရေကြီး၊ တောမီး၊ ပိုးမွှားအန္တရာယ်၊ မုန်တိုင်းစတဲ့သဘာဝဘေးအန္တရာယ်တွေမူတည်ပြီး အထွက်တိုးတာကျတာတို့ ဖြစ်နေလို့ပါပဲ။ ဥပမာ ဒေသတစ်ခုမှာ သဘာဝဘေး အန္တရာယ်ကျရောက်ပြီဆိုရင် အဲဒီဒေသရဲ့ စိုက်ပိုျးရေးထွက်ကုန်သီးနံှတွေလည်း အထွက်ကျဆင်းသွားနိုင်ပြီး ရောင်းလိုအားပါလျော့နည်းသွားတတ်ပါတယ်။ အဲဒီရောင်းလိုအား လျော့နည်းကျဆင်းစောနငို ်(အသုံးချဘောဂဗေဒ)ပငက့် အူ မိ ်သအီ ရို ီ(ဃသဘတနဘ ွှ့နသမပ)စီးပွားရေးသုတကဏ္ဍမှုဟာ အဲဒီကာလရဲ့ ဈေးကွက်ဈေးနှုန်းတွေအပေါ် အကိုျးသက်ရောက်မှု ရှိနိုင်ပြီး အဲဒီအခြေအနေကမှ နောက်တဆင့်အနေနဲ့ နောင်ကာလဈေးကွက်ရောင်းလိုအားအပေါ်မှာပါ အကိုျးသက်ရောက်မှု ဆက်တိုက်ရှိလာနိုင်ပါတယ်။ဒီလိုမရေရာတဲ့ရောင်းလိုအားအတက်အကျတွေကြောင့် သက်ဆိုင်ရာဈေးနှုန်းနဲ့ ဈေးကွက်တွေအပေါ်ကာလအလိုက် အကိုျးသက်ရောက်မှုရှိနေတာတွေဟာ အားမျှခြေအခြေအနေတစ်ရပ် မရောက်မခြင်း ဖြစ်နေတတ်ပါတယ်။ တကယ်လို့အားမျှခြေရောက်ခဲ့ပြန်ရင်လည်း ရုတ်တရက်အပြောင်းအလဲတွေဖြစ်ခဲ့ရင်တော့ ရောင်းလိုအားနဲ့ဈေးနှုန်းတွေ အတက်အကျတစ်ကျော့ထပ်မံဖြစ်လာနိုင်ပါသေးတယ်။ဒီလိုအဖြစ်အပျက်တွေကနေ စိုက်ပိုျးထုတ်လုပ် သူတစ်ယောက်ရဲ့အခြေအနေကို ဈေးနှုန်းနဲ့ဆက်စပ်ပြီးလေ့လာကြည့်တဲ့အခါ အချိန်ကာလကွာဟမှုရှိလို့ သူ့ရဲ့အခု ကာလရောင်းချမှု (ရောင်းလိုအား)ဟာ လွန်ခဲ့တဲ့ကာလက ဈေးနှုန်းအခြေအနေကိုအကဲခတ် ထုတ်လုပ်ရောင်းချနေတာဖြစ်ပြီး ဈေးကွက်ထဲက ဝယ်ယူသုံးစွဲမှု (ဝယ်လိုအား)တွေကတော့လက်ရှိပေါက်ဈေးအရစဉ်းစားနေကြတာ ဖြစ်တယ်လို့လည်း သီအိုရီကထောက်ပြထား ပါတယ်။ အဲဒီအခြေအနေရဲ့သံသရာလည်နေပုံကို ဆက်လက် လေ့လာကြည့်ရင် လက်ရှိဈေးနှုန်းတွေမြင့်နေတာကို ကြည့်ပြီးတိုးခဲျ့ထုတ်လုပ်မှုတွေဟာ နောင်ကာလ(ရာသီ)မှာ ရောင်းလိုအားများ လာနိုင်ပါတယ်။ ရောင်းလိုအားများလာလို့ရောင်းလိုအားပိုလံျှမှုဖြစ် လာခဲ့ရင်တော့အဲဒီကာလမှာ ဈေးနှုန်းတွေ ကျဆင်းလာ နေတာကိုတွေ့ရပါလိမ့်မယ်။ အဲဒီဈေးနှုန်းတွေကျ ဆင်းတာကိုကြည့်ပြီးစိုက်ပိုျးထုတ်လုပ်သူတွေထုတ်လုပ်မှုလျှော့ခဲ့ရင် နောက်ကာလတစ်ခုမှာရောင်းလိုအား လျော့နည်းသွားနိုင်လို့ဈေးနှုန်းတွေ ပြန်တက်လာမယ့် အခြေအနေကို တစ်ခါပြန်ဖြစ် လာနိုင်ပါတယ်။ ဒါကြောင့် ထုတ်လုပ်ရောင်းချတဲ့ပမာဏ အပြောင်းအလဲကြောင့်ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်မှုဟာအဆက်မပြတ်နိုင်ဘဲ သံသရာလည်နေတယ်ဆိုတာ သတိပြုမိပါလိမ့်မယ်။အဲဒီသံသရာလည်နိုင်တဲ့ ဖြစ်ရပ်ကိုပုံကြမ်း ဖော်ကြည့်ရင် အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။စာဖတ်သူတွေ မြင်သာအောင်ပင့်ကူအိမ်သီအိုရီကို ဝယ်လိုအား၊ရောင်းလိုအား (ီနာညေိ ရှကစစူပ)သဘောတရားနဲ ပုံဖော်ပြရရင်ဝယ်လိုအားမျဉ်း၊ရောင်းလိုအားမျဉ်းနှစ်ကြောင်းဆုံပြီး ဖြတ်ထားတဲ့ဘေးပတ်ပတ်လည်မှာ ရောင်းလိုအားပြောင်းလို့ ဈေးနှုန်းပြောင်းလဲသွားတဲ့အခြေအနေနဲ့ ဈေးနှုန်းပြောင်းလို့ရောင်းလိုအား ပြောင်းလဲ သွားတဲ့အခြေအနေတွေရဲ့ ဆက်စပ်မှုကိုမျဉ်းကြောင်းတွေ ဆွဲကြည့်တဲ့အခါပင့်ကူအိမ်သဏ္ဍန်ဖြစ်ပေါ်လာတာကိုတွေ့ရပါလိမ့်မယ်။နိဂုံးခုျပ် ဆိုရရင် လယ်ယာထွက်ကုန်ရောင်းဝယ်ဖောက်ကားသူတွေအနေနဲ့ပင့်ကူအိမ် သီအိုရီသဘောတရားကနေ၎င်းတို့ရဲ့ အနာဂတ် ဈေးကွက်အလားအလာ မတည်ငြိမ်မှုတွေကို ကြိုတင်ထိန်းကျောင်းထားနိုင်ဖို့ စဉ်းစားစရာအတွေးစတွေ ရသွားနိုင်ပါတယ်။