Main menu

Background

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အင်ပရိုပစ်ချ်နှင့် ဂျီအမ်အစားအစာများ - မောင်ပုဆိုးကြမ်း

Sun, 06/28/2009 - 19:03 -- cjadmin

လယ်ယာကဏ္ဍထွက်ကုန်တွေ ရဲ့ ရောင်းလိုအားမရေမရာဖြစ်မှုက ဈေးကွက်နဲ့ ဈေးနှုန်းအခြေအနေပေါ် သက်ရောက်မှုရှိနေတာကို ဖော်ထုတ်ထားတဲ့ ဘောဂဗေဒသီအိုရီတစ်ခု ဖြစ်ပါတယ်။ သီအိုရီကိုသရုပ်ဖော်ပုံဆွဲကြည့်တဲ့အခါ ပင့်ကူတစ်ကောင် အိမ်ဖွဲ့နေတာနဲ့တူလို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဟန်ဂေရီဘောဂဗေဒပညာရှင် နီကိုလပ်စ်ခါလ်ဒါ (၁၉ဝ၈-၁၉၈၆) ကပင့်ကူအိမ်သီအိုရီလို့ အမည်ပေးထားတာဖြစ်ပါလိမ့်မယ်။ပင့်ကူအိမ်သီအိုရီမှာ စိုက်ပိုျးထုတ်လုပ်မှု (ရောင်းလိုအား) အပြောင်းအလဲ နဲ့ဈေးနှုန်းအပြောင်းအလဲတွေကြားမှာ မျှော်မှန်းထားတဲ့အတိုင်း အချိန်ကိုက် မဖြစ်ဘဲ၊ အချိန်ကာလ ကွာဟမှု၊ နောက်ကျမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဈေးကွက်မတည်ငြိမ်မှု ဖြစ်စဉ်ကို အထူးပြုလေ့လာထားတာကို တွေ့ရပါတယ်။ အချိန်ကာလ ကွာဟမှု ၊ နောက်ကျမှု ဆိုတာကတော့ စိုက်ပိုျးရေးထုတ်ကုန်တွေ ထုတ်လုပ်တဲ့အခါ စိုက်ပိုျးချိန်နဲ့ရိတ်သိမ်းပြီး ရောင်းချဖို့အကောင်အထည် ပေါ်လာတဲ့ အချိန်ကြား ကွာဟမှုပဲဖြစ်ပါတယ်။ စိုက်ပိုျးချိန်မှာရှိနေတဲ့ ဈေးနှုန်းဟာ ရိတ်သိမ်းပြီးလို့ ဈေး ကွက်ထဲကို ရောက်တဲ့အချိန်မှာ ဖြစ်နေတဲ့ဈေးနှုန်းနဲ့မတူနိုင်ဘဲ အဲဒီအချိန်မှာဖြစ်ပေါ်လာမယ့် ရောင်းလိုအား ပမာဏဈေးနှုန်းဟာ အပြောင်းအလဲဖြစ်နေတတ်ပါတယ်။