Main menu

Background

ပဲကြမ်းပိုးစိမ်း Green Stink Bug Nezara viridula (L.)

Wed, 01/20/2010 - 07:26 -- Anonymous (not verified)

    ကမ္ဘာ့အနံှ့အပြား၌ တွေ့ရှိရသောပိုးဖြစ်သည်။ ဝါ၊ အာလူး၊ ခရမ်းချဉ်၊ ကန်စွန်းဥ၊ ဟင်းရွက်မျိုးစုံ၊ ပဲမျိုးစုံတို့တွင် စိုက်ပျိုးချိန်၌ ကျရောက်တတ်သည်။ အထူးသဖြင့် ပဲပုပ်နှင့် ပဲတီစိမ်း စိုက်ပျိုးသောနေရာများတွင် တွေ့ရသည်။ ပဲတီစိမ်းသီးကင်းဝင်ချိန်၌ ကျရောက်တတ်ပါသည်။ သီးနံှများအတွင်း စုပ်စားသော အတံကိုထိုးထည့်၍ အစေ့မှ အရည်ကိုစုပ်စားပါသည်။ စုပ်စားခံရသော ပဲသီးများသည် အဆန်မပြည့်သော လုံးပိန် လုံးညှပ်များ ဖြစ်ပြီး အထွက် လျော့နည်းစေပါသည်။    ကြမ်းပိုးစိမ်း အမတစ်ကောင်သည် ဥ ၁ဝဝ ခန့်ဥနိုင်သည်။ ဥများသည် စည်ပုံသဏ္ဍာန်ရှိ၍ ဥစတွင် အဖြူရောင်ဖြစ်ပြီး တဖြည်းဖြည်း ပန်းရောင်သို့ ပြောင်းသည်။ ဥများကို  (၅ဝ-၆ဝ) ခန့်အတွဲလိုက်အရွက် မျက်နှာပြင် အောက်တွင် ဥထားတတ် ပါသည်။     ဥမှပေါက်စအကောင်ငယ်များသည် အစုအဝေးဖြင့်နေထိုင်ပြီး အစာစားသောက်ခြင်းမပြုသေးပါ။ အကောင်ငယ်ဘဝ တွင် အရည်ခွံ ၅ ကြိမ်လဲ၍ ပထမအကြိမ်အရည်ခွံ လဲပြီးမှသာ အစုအဝေးမှခွဲထွက်ပြီး စတင်စားသောက်ပါသည်။ အကောင် ငယ်များသည် အပင်၏နုနယ်သော အပိုင်းများမှ ပင်ရည်ကိုစုပ်စားပါသည်။ အထူးသဖြင့် အသီးနှင့်အစေ့တွင်းမှ အရည်ကို စုပ်စားပါသည်။ကြီးထွားမှု နှေးပြီး၊ ကောင်ငယ်အဆင့်၌ (၂) လခန့် နေထိုင်ကာ သက်ကြီးကောင်ဘဝသို့ အသွင်ပြောင်းသည်။ အရွယ်အစားကြီးမားသည့် သက်ကြီးကောင်၏ ခန္ဓာကိုယ်သည် ဒိုင်းပုံသဏ္ဍာန်ရှိသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းသည် အစိမ်းရောင် ဖြစ်ပြီး အောက်ပိုင်းရောက်သောအခါ တဖြည်းဖြည်း အရောင်ဖျော့သွားသည်။ သက်ကြီးကောင်၏ သက်တမ်းမှာ (၁)လ ခန့်ဖြစ်သည်။    ကြမ်းပိုးစိမ်းသည် အခင်း အစပ်အနားမှ စတင်တွေ့ရှိရလေ့ရှိ ပါသည်။ စိုက်ခင်းကို မှန်မှန်စစ်ဆေးပါ။ အစိမ်းရောင်ကြမ်းပိုးတွေ့လျှင် ပိုးတွေ ရှိသောနေရာတစ်ဝိုက်ကို အင်နို ဆာလံဖာ ဆေးပက်ဖြန်းခြင်းဖြင့် ကာကွယ် နိုင်သည်။