Main menu

Background

ပြောင်းနဲ့ ရော်ဘာ ဈေးမြင့်တက် ရရှိနေတဲ့ ချင်းရွှေဟော်နယ်စပ်

Thu, 07/02/2009 - 21:20 -- cjadmin

မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်စခန်းမှ တရုတ်နိုင်ငံ ကို တင်ပို့လျက်ရှိတဲ့ ပြောင်းနဲ့ ရော်ဘာဈေး ယခုသီတင်းပတ်မှာ အနည်းငယ် ဈေးတိုးမြှင့်ရလျက်ရှိတယ်လို့ ချင်းရွှေဟော်နယ်စပ်ကုန်သည်အသင်းမှ သတင်း ရရှိပါတယ်။ ယခင်သီတင်းပတ်က ပြောင်း တစ်အိတ် ၉၈၀၀ ကျပ် မှ ယခုသီတင်းပတ်မှာ ၁၂၀၀၀ ကျပ် သို့လည်းကောင်း၊ ရော်ဘာဈေးမှာ RSS -၃ တစ်တန် ယခင်သီတင်းပတ် ယွမ် ၉၈၀၀ မှ ယခုယွမ် ၉၉၀၀ သို့ရရှိခဲ့ပြီး ရော်ဘာဈေး တက်ရိပ်ရှိ တယ်လို့လဲ သတင်းရရှိပါတယ်။ ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက် နေ့များမှာ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် တောင်ပေါ်က ရွှံ့မြေများ ကျောက်တုံးများ ပြိုကျခဲ့ပြီး လမ်းများ ပိတ်ဆို့ခဲ့ပေမယ့် ဇွန်လ ၂၀ ရက်နေ့မှ စပြီး လမ်းများပြန်လည်ကောင်းမွန် သွားပြီးဖြစ်လို့ ကားကြီး ကားငယ်များ ပြန်လည်သွားလာနိုင်ပြီ ဖြစ်ပါတယ်။ လားရှိုးမှာ စောင့်ဆိုင်းနေရတဲ့ ဆန်ကားများ တက်လာနိုင်ပြီဖြစ်တဲ့အတွက် ဆန်များ ဆက်လက်တင်ပို့သွားနိုင်မှာ ဖြစ်ကြောင်း နယ်စပ်ကုန်သည် အသင်း မှ သိရပါတယ်။ ယခုအပတ်မှာ ဧည့်မထဆန် ၂၅%နဲ့ ျွှ-၃ များ၊ ဖရဲသီး၊ အုံတုံခေါက်၊ ချိပ်၊ ဒရင်ကောက်မြစ်၊ တောချင်း၊ ဝဥခြောက်၊ ပီလောပီနံဥခြောက်နဲ့ ဆံပင်များ တင်ပို့နိုင်ခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။Source: နကသ (ချင်းရွှေဟော်)ကေကေ