Main menu

Background

ဗိုလ်လုပွဲတက်နိုင်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဦးမယ့် မြန်မာနေရှင်နယ်လိဂ် ဆဌမပတ်မြောက်အခြေအနေ

Thu, 07/02/2009 - 13:40 -- cjadmin

ဇေယျာရွှေမြေ FC  - ၃ ဂိုးDelta United FC - ၀ ဂိုးဇေယျာရွှေမြေဟာ MNL Cup ပွဲစဉ်တစ်လျှောက်လုံးနိုင်ပွဲနဲ့လွဲနေမယ့် အခုအပတ်မှာ Delta  ကို ၃-၀ နဲ့နိုင်တာကြောင့် ပထမဦးဆုံး နိုင်ပွဲနဲ့ အတူအဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။  ဇေယျာရွှေမြေဟာ အသင်းရဲ့ဒဏ်ရာရ ကစားသမားတွေ ပြန်လည်သက်သာလာတာနဲ့ အတူအသင်းရဲ့ နိုင်လိုစိတ် ပြင်းပြမှုကြောင့် အခုလို အနိုင်ရခဲ့တာပါ လို့ နည်းပြချုပ် ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။ ဇေယျာရွှေမြေရဲ့ အနိုင်ဂိုးတွေကို ပွဲအစ ၁၃ မိနစ်မှာ စည်သူသန်းက ပထမဂိုး သွင်းယူခဲ့ပြီး ၂၂ မိနစ်မှာ ထူးကျော်က ဒုတိယဂိုးသွင်းယူပေးခဲ့တာပါ။ ၈၄ မိနစ်မှာတော့ရဲဝေယံစိုးက တတိယ မြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အကောင်းဆုံးဆုရ ဇေယျာရွှေမြေ FC  အသင်းက စည်သူသန်း ကို Grand Royal  က ဆုငွေ ၅ သိန်း ချီးမြှင့်ခဲ့ပြီး အနိုင်ရသွားတဲ့ ဇေယျာ ရွှေမြေအသင်းကို ကမ္ဘောဇလီမိတက် က ငွေကျပ် ၁၀ သိန်းချီးမြှင့်ခဲ့ပါတယ်။ရတနာပုံ FC  - ၂ ဂိုးမကွေး FC  - ၁ ဂိုးရတနာပုံၤဃအသင်းဟာ မကွေး FC  ကို ၂-၁ နဲ့နိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲတက်ဖို့ အခွင့်သာသွားပြီလို့ ပြောလို့ရပါတယ်။ ဒီနေ့ပွဲမှာ ရတနာပုံ အသင်းဟာ ပြည်ပအားကစားသမား ၅ ဦးစလုံးကို အသုံးပြု ကစားသွားခဲ့ပြီး အကောင်းဆုံးပုံစံနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ မကွေး FC  ဟာလူကျွံဘောဖမ်းကစားမှုကြောင့် အခုလိုရှုံးနိမ့်ခဲ့ရတာပါ။ ပွဲအစ ၄ မိနစ်မှာ မကွေး FC က စိုးမင်းနိုင်က ပထမဦးဆုံး ဂိုးသွင်းယူခဲ့လို့ ပွဲဟာပိုပြီး အကြိတ်အနယ်ရှိခဲ့ ပါတယ်။ အဲဒီနောက် ရတနာပုံအသင်းဟာ တိုက်စစ်အား ပိုကောင်းလာပြီး ၂၁ မိနစ် မှာ အောင်ကျော်မိုးက ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် မကွေးအသင်းဟာ တိုက်စစ်အားနည်းလာတဲ့ အပြင် တိုက်စစ်မှူး စည်သူဝင်းညာခြေထောက် ကျိုးသွားတဲ့အတွက် ဂိုးသွင်းနိုင်မှုစွမ်း အားလျော့သွားခဲ့ပါတယ်။ အဲဒီနောက် ရတနာပုံအသင်းရဲ့ တိုက်စစ်မှူး ရန်ပိုင် က ပထမပိုင်း ၄၅ မိနစ်မှာ ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မကွေး FC  အသင်းဟာ ဂိုးရဖို့ကြိုးစားပေမယ့် နောက်တန်း အားကောင်းတဲ့ ရတနာပုံအသင်းကို မကျော်ဖြတ်နိုင်တာကြောင့် ယခုလိုရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ ပွဲအပြီးမှာ အကောင်းဆုံးဆုရ ရတနာပုံ FC  အသင်းက အောင်ကျော်မိုးကို Grand Royal  ကဆုငွေ ၅ သိန်း ချီးမြှင့်ခဲ့ပြီး အနိုင်ရသွားတဲ့ ရတနာပုံ အသင်းကို ကမ္ဘောဇဘဏ်လီမိတက်ကငွေကျပ် ၁၀ သိန်းချီးမြှင့်ခဲ့ပါတယ်။ ကမ္ဘောဇ FC  - ၂ ဂိုးဇေယျာရွှေမြေ FC  - ၀ ဂိုးကမ္ဘောဇအသင်းဟာ ဇေယျာရွှေမြေကို ၂-ဝနဲ့ နိုင်လိုက်တာကြောင့် အဆင့်(၄)နေရာကို ရောက်ရှိသွားပါတယ်။ ကမ္ဘောဇအတွက်အနိုင်ဂိုးကို ပွဲအစ ၆မိနစ်မှာအောင်ကျော်ဦးက ပထမဂိုးသွင်းယူပေးခဲ့ပြီး ၃၉မိနစ်မှာ ဇော်ဇော်အောင်ရဲ့ Own Goal  နဲ့ ကမ္ဘောဇ တို့ဒုတိယဂိုး ရရှိသွားပါတယ်။ ပွဲအပြီးမှာ အကောင်းဆုံး ဆုရ ကမ္ဘောဇအသင်းမှအေးဆန်းကို Grand Royal က ကျပ်ငွေ၅ သိန်းချီးမြှင့်ပြီး အနိုင်ရရှိသွားတဲ့ ကမ္ဘောဇ FC ကို ကမ္ဘောဇဘဏ်လီမီတက်က ကျပ် ၁၀သိန်း ချီးမြှင့်ခဲ့ပါတယ်။