Main menu

Background

ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင် ၆ဝ မကြာမီလာမည်

Sat, 01/16/2010 - 11:01 -- Anonymous (not verified)

   ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းခုျပ် ဒုတိယဥက္ကဌများဖြစ်ကြတဲ့ ဦးဇော်မင်း ဝင်း၊ ဦးထွန်းအောင်၊ ပထမပုဂ္ဂလိကဘဏ် ဥက္ကဌ ဒေါက်တာစိန်မောင်၊ မြဝတီဘဏ်လီမိတတ် ဒုတိယမန်နေဂျင်းဒါရိုက်တာ ဦးထွန်း ကြည်၊ မြန်မာနိုင်ငံသားများဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးမျိုးဦး၊ အသင်းချုပ်ဗဟိုအလုပ်အမှုဆောင် ဦးထွန်းအောင်နဲ့ ဦးပေါ်ဟိန်း တို့အား ဗီယက်နမ်နိုင်ငံ Bank of Investment and Development of Vietnam (BIDV)မှ  Assistant Vice ဖြစ်သူ Mr. Vuong Thanh Long ခေါင်းဆောင်၍ အဖွဲ့ဝင် (၂) ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ၃၁.၁၂.၂ဝဝ၉ ရက်နေ့ မွန်းလွဲှ ပိုင်းမှာ အသင်းချုပ်ရုံးသို့ လာ ရောက် တွေ့ဆုံကြောင်း သိရပါတယ်။   ထိုသို့ တွေ့ဆုံရာမှာ ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ဗီယက်နမ် စီးပွားရေးနဲ့ရင်းနှီးမြှုပ်နံှ မှုလုပ်ငန်းရှင် (၆ဝ)ဦးခန့်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံသို့ လာရောက်ပြီး ၁၆.၁.၂ဝ၁ဝ ရက်နေ့ တွင် ဆီဒိုးနားဟိုတယ်မှာ မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အပြန်အလှန် စီး ပွား၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နံှမှုလုပ်ငန်းများကို နှစ်ဦးနှစ်ဖက်နားလည်မှု စာချွန်လွှာ၊ သဘောတူညီချက်ရေးထိုး ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများအလိုက် တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အကြို ညှိနှိုင်းတဲ့အနေနဲ့ ရင်းနှီးစွာ ဆွေးနွေးခဲ့ကြတယ်လို့ အသင်းချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။   အဆိုပါ ဗီယက်နမ်စီးပွားရေးလုပ် ငန်းရှင်များထဲတွင် ဘဏ်လုပ်ငန်း၊ သတ္တုုတူးဖော်ရေးလုပ်ငန်းများနဲ့ ဓာတ်ငွေ့ထုတ်လုပ် ရေးလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရးလုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဆိုင်ရာ နည်း ပညာလုပ်ငန်း၊ အခြေခံ အဆောက်အအုံလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနှင့် မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်း၊ ငါးမွေးမြူရေးနှင့် ရေထွက်ပစ္စည်းလုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ ပညာရေးဆိုင်ရာလုပ်ငန်းစတာတို့နဲ့ စပ်လျဉ်းတဲ့စီးပွား ရေးလုပ်ငန်းရှင်များ ပါဝင်လာကြမှာ ဖြစ် တယ်လို့ UMFCCI ရဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။