Main menu

Background

ဘဏ္ဍာရေးပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး နာလန်ထူမှု တည်တံ့ရေးနဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်

Tue, 02/02/2010 - 07:00 -- Anonymous (not verified)

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အကြိမ် (၄၀) မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေးကို ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ် မြို့မှာ ဇန်နဝါရီ ၂ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပါတယ်။ အစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၅ ရက်တာ  ကျင်းပသွားမှာဖြစ်ပါတယ်။ အစည်း အဝေးရဲ့ အဓိက ဦးတည်ချက် ကတော့ အနာဂတ်ကာလမှာ အကျပ်အတည်း မဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် ဘဏ္ဍာရေး ကဏ္ဍကြီးကြပ်မှုကို တိုး တက်ကောင်းမွန်အောင်ဆောင်ရွက်ဖို့နဲ့  ကမ္ဘာ့စီးပွားရေးနာလန်ထူမှုရေရှည်တည် တံ့စေမဲ့ နည်းလမ်းတွေကို ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အစည်းအဝေးကို နိုင်ငံခေါင်း ဆောင်နဲ့ အစိုးရအဖွဲ့ခေါင်းဆောင် ၃၀ ခန့်၊ အစိုးရအဖွဲ့ဝန်ကြီး ၆၀၊ အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ထိပ် တန်းခေါင်းဆောင် ၁၀၀ နဲ့ ကမ္ဘာ့ရှေ့ ဆောင်ကုမ္ပဏီတွေက ကိုယ်စားလှယ် ၁၄၀၀ ကျော်တက်ရောက်လျက်ရှိပါ တယ်။ အစည်းအဝေးရဲ့ အဓိကဦးတည် ချက်ဆောင်ပုဒ်က "Improve The State Of the World;Rethink Redesign, Rebuild"  ဖြစ်ပါတယ်။ အစည်းအဝေးအစီအစဉ်တွေထဲ မှာ အရေးတကြီးပါဝင်မဲ့အစီအစဉ် တွေကတော့ မကြာမီက ဖြစ်ပွားခဲ့တဲ့ စီး ပွားရေးအကျပ်အတည်းကနေ သင်ခန်း စာထုတ်ယူဖို့၊ တည်ငြိမ်တဲ့ စီးပွားရေး နာလန်ထူမှုကို ထူထောင်ဖို့၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ဖို့နဲ့ ငလျင်ဒဏ်အပြင်း အထန် ခံခဲ့ရတဲ့ ဟေတီပြန်လည်ထူထောင်ရေး ကိစ္စတွေ ပါဝင်မှာဖြစ်ပါတယ်။ပထမနေ့ ဖိုရမ်ဆွေးနွေးပွဲရဲ့ အဖွင့်နေ့မှာ ဘဏ္ဍာရေးကဏ္ဍကြီးကြပ်ထိန်းသိမ်းရေး ကိစ္စကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ကောင်းမွန် စွာထိန်းသိမ်းကြီးကြပ်ဖို့ လိုတယ်ဆိုတဲ့ အချက်ကို တစ်ညီတညွှတ်တည်း ကျယ် ကျယ်ပြန့်ပြန့်သဘောထားညီညွှတ်မှုရှိ ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ကိစ္စမှာ အစည်းအဝေးကို တက်ရောက်လာသူတွေအကြား သဘောထားကွဲလွဲမှုတွေရှိခဲ့ကြပြီး အချို့က အလွန်အကျွံထိန်းသိမ်းကွပ်ကဲ မှုဖြစ်မသွားဖို့ သတိပေးစကားပြော ကြားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို စတင် တည်ထောင်သူနဲ့ အမှုဆောင်ဥက္ကဌ ဖြစ်သူကလော့ရှဝပ်က နောက်ထပ် အကျပ်အတည်းတစ်ခုထပ်မံဖြစ်ပွားနိုင် သေးကြောင်း သတိပေးစကားပြော ကြားပြီး စနစ်ဟောင်းကို စွန့်လွှတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က အမေရိ ကန်သမ္မတဘားရက်အိုဘားမား ကြေ ညာခဲ့တဲ့ ဘဏ်လုပ်ငန်း ဆောင်ရွက်မှု တွေကို ကန့်သတ်မဲ့အစီအစဉ်ကို အချို့ က ဆန့်ကျင်ကန်ကွက်ခဲ့သလို အချို့က ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးခေါင်းဆောင် တွေနဲ့ ဗဟိုဘဏ်သမားတွေကတော့ ပိုမို တင်းကျပ်တဲ့ ထိန်းသိမ်းကွပ်ကဲမှုကို ထောက်ခံခဲ့ပါတယ်။ဒုတိယနေ့ ကမ္ဘာ့စီးပွားရေးနာလန်ထူမှုဟာ အခြေမခိုင်သေးတဲ့အတွက် ထွက် ပေါက် မဟာဗျူဟာတွေကို ချမှတ်တဲ့ အခါ သတိရှိရှိ ဆောင်ရွက်ကြဖို့ အစည်းအဝေးကနှိုးဆော် တိုက်တွန်း ခဲ့ပါတယ်။ တောင်းကိုရီးယားသမ္မတလီ မြောင်ဘက်က ကမ္ဘာ့စီးပွားရေးဟာ အကျပ်အတည်း ကာလကို ကျော်လွန် ပြီးစသာ ရှိနေပြီးနာလန်ထူတဲ့ အရိပ် အယောင်တွေပြသနေဆဲသာ ဖြစ်သေး တယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ် ဒုတိယ နေ့မှာ ပြောကြားခဲ့ပါတယ်။ အကျပ် အတည်းဖြေရှင်းဖို့အတွက် နိုင်ငံ အများစုက ချမှတ်ထားတဲ့ ဘဏ္ဍာ ရေးနဲ့ ငွေကြေးတွန်းအားပေးအစီအစဉ် တွေကနေ ပြန်ထွက်နိုင်ဖို့အတွက် ထွက် ပေါက်မဟာဗျူဟာကို စဉ်းစားဖို့ ဂျီတွမ် တီးအဖွဲ့ဝင်နိုင်ငံတွေကို သမ္မတလီက တိုက်တွန်းခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ် စတက် ဖင်ဟာပါကလည်း စီးပွားရေး တွန်း အားပေးအစီအစဉ်တွေထဲကနေ ပြန် ထွက်နိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေး ဖို့ ဂျီတွမ်တီးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ ပါတယ်။ စီးပွားရေး စွမ်း အားမြင့်အစီအစဉ်တွေကို စွန့်ခွာပစ်ဖို့ စောလွန်းသေးတာမှန်ပေမဲ့ ဒီအစီ အစဉ်တွေကနေ ထွက်နိုင်မဲ့ထွက် ပေါက်မဟာဗျူဟာကို စဉ်းစားဖို့အချိန် တန်နေပြီလို့ သတိပေးစကားပြောကြား ပါတယ်။စီးပွားရေးအကျပ်အတည်းက မပြီးဆုံးသေးပါဘူး။ စီးပွားရေးပြန်လည် နာလန်ထူလာစေမဲ့ အခြေခံအုတ်မြစ် တွေက အားနည်းနေပါသေးတယ်လို့ တရုတ်ဒုတိယသမ္မတ Li Keqiang က ပြောကြားပါတယ်။ အကွေ့အကောက် အတက်အဆင်းတွေ ရင်ဆိုင်ဖို့အတွက် နိုင်ငံတွေ အချင်းချင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့လည်း တိုက် တွန်းပြောကြားပါတယ်။တတိယနေ့ တတိယနေ့ ဆွေးနွေးတဲ့ အဓိက အကြောင်းအရာတွေကတော့ ကမ္ဘာ့ ဖွံ့ဖြိုးမှုပုံစံတွေချမှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ထောင်စုနှစ်ဖွံ့ဖြိုးရေးရည် မှန်းချက်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့၊ ဖွံ့ဖြိုးရေးအကူအညီကိစ္စတွေ နဲ့ ကမ္ဘာကြီးကိုကျွေးမွေးနိုင်မဲ့ နည်းလမ်း တွေရှာဖို့ဆိုတဲ့ အချက်တွေအဓိကပါဝင် ပါတယ်။ ရာသီဥတုပြောင်းလဲမှုကိစ္စက အဓိကအကြောင်းအရာဖြစ်ပြီး ကိုပင် ဟေဂင်အစည်းအဝေးလွန်ကာလမှာ ထားရှိတဲ့ လတ်တလောနဲ့ရေရှည် လုပ် ဆောင်ရမဲ့ ကတိကဝတ်တွေ စောင့် ထိန်းရေးဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆယ်နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်တဲ့ ကာ ကွယ်ဆေးနဲ့ ရောဂါဒဏ် ကာကွယ်ရေး ကမ္ဘာ့မဟာမိတ် (ဂျီအေဗွီအိုင်)ရဲ့ စွမ်း ဆောင်မှုတွေကိုလည်း အစည်းအဝေး က သုံးသပ်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်း အဝေးဟာ ဇန်နဝါရီ ၃၁ ရက်ရောက်မှ ပြီးဆုံးမှာတဲ့အတွက် ကျန်ရက်တွေရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ဆက်လက် စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။Source : Xinhua, weforum.org AFP, bbc.co.UK.CCTV.com