Main menu

Background

ဘဏ္ဍာအခြေစိုက်မှ စက်မှုဘက်ပြန်ရွေ့

Tue, 01/19/2010 - 05:01 -- Anonymous (not verified)

ဘဏ္ဍာရေးစနစ် ၁၉ ရာစုနှစ် အရင်းရှင်စနစ် သည် စက်မှုလုပ်ငန်းအရင်းရှင်စနစ် (ပစ္စည်းထုတ်လုပ်မှုကို အခြေခံသော စနစ်)မှ ဘဏ္ဍာ အရင်းရှင်စနစ်သို့ ကူး ပြောင်းခဲ့သည်။ သို့သော် နောက်ပိုင်း ဘဏ္ဍာ အရင်းရှင်စနစ်သည်  အရမ်းတိုးတက် ခဲ့သည်။ လုပ်ငန်းတိုင်းသည် ချေးငွေကိုဗဟိုပြု၍ လည်ပတ်လာရ သောအခါ ထုံးစံအတိုင်းဘဏ် စနစ် တစ်နည်းပြောလျှင် ဘဏ္ဍာရေး စနစ်သည် အချုပ်အခြာ အာဏာပိုင် အထွတ်အထိပ်သို့ရောက်ရှိတော့သည်။ စီးပွားရေး တစ်ခုလုံးကို ဘဏ္ဍာရေး စနစ်က လွှမ်းခြုံထားလေရာ ကုန်ချောပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းတို့သည် ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်။ ဘဏ္ဍာရေးစနစ်နှင့် ကုန်ထုတ် လုပ်မှု စနစ်တို့ကို နှိုင်းယှဉ်လျှင် ဘဏ္ဍာ ရေးစနစ်က အရာရာကို လွှမ်းမိုးသော စနစ်ဖြစ်လာသည်။ဂရိတ်ရီဆက်ရှင်း သို့ဖြင့် ၂၁ ရာစုနှစ် တစ်ခုလုံး ၌ ဘဏ္ဍာရေး စနစ်နှင့် ကုန်ထုတ်လုပ်မှု စနစ်တို့ကြား တစ်ဖက်စောင်းနင်း ဖြစ်လာသည်။ ဤသို့ တစ်ဖက်စောင်းနင်း ဖြစ်နေချိန်၌ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွား ပျက်ကပ် (ဂရိတ်ရီဆက်ရှင်း)ဖြစ်ပေါ် လာသည်။ သို့သော် နိုင်ငံအသီးသီးတို့ ၏အစိုးရတို့က စီးပွားရေးထဲ ငွေအလုံး အရင်းနှင့်ဝင်ကယ်လိုက်သဖြင့် စီးပွားရေး ပြန်လည် နာလန်ထလာသည်။ သို့သော် ဘဏ္ဍာရေး လောကအပိုင်းက အရေးပါ အရာရောက်နေပြီး ထုတ်လုပ်မှု လုပ်ငန်းတို့က တန်ခိုးမှိန်လာသည်။ သဘောမှာ ဘဏ္ဍာရေးစနစ်နှင့် ထုတ်လုပ်မှု လုပ်ငန်းတို့ကြား မျှခြေပျက် စီးလာခြင်းဖြစ်သည်။ မန်နေဂျာရှားပါး စီးပွားရေး ပြန်လည်ဦးမော့ လာသည်လို့ သာဆိုသည် ဘဏ္ဍာရေး စနစ်နှင့်ထုတ်လုပ်မှု စနစ်တို့ကြား မျှခြေ ပျက်နေသည်။ ဤအခြေအနေသည်  ကောင်းသော အလားအလာ မဟုတ်ပေ။ ထို့ကြောင့် မျှခြေပြန်ကိုက်ရန် အလို့ငှာ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း ပြန်လည ်သွက်လက်လာရန် စီစဉ်ဖို့လို သည်။ ကုန်ချော ထုတ်လုပ်မှု လုပ်ငန်းတို့ကို နောက်ချန်ထား၍ မဖြစ်ပေ။ ထို့ကြောင့် စီးပွားရေး ပြန်နာလန်ထူချိန်၌ ထုတ်လုပ်မှု လုပ်ငန်းတို့ ကိုမြှင့်တင်ရန် စဉ်းစားကြသည်။ သို့သော် အခက်အခဲ တွေ့နေသည်မှာ ထုတ်လုပ်မှု လုပ်ငန်းတို့အတွက် အလုပ် သမား တွေရှိသော်လည်း မန်နေဂျာတွေ မရှိခြင်းဖြစ်သည်။ မန်နေဂျာ ရှားပါးနေ ခြင်းဖြစ်သည်။ မန်နေဂျာတို့သည် လစာကောင်းသော ဘဏ္ဍာရေး လောကထဲ တွင် ရောက်နေကြသည်။ ရည်မှန်းချက်ပြောင်းပြန်ပြောင်း  ကုန်ထုတ်လုပ်မှု လုပ်ငန်း၌ ကုန်ပစ္စည်းကွာလတီ ကောင်းမွန်ရေးနှင့် ဈေးကွက်ဝေစု ပိုမိုရရှိရေး တို့ကို ရည်မှန်း ရသည်။ ဘဏ္ဍာရေးအက်ဆက်တို့ကို စီမံရာ၌ အက်ဆက်တန်ဖိုးတို့ကို မှန်မှန် ကန်ကန်အကဲဖြတ်နိုင်ရေးတို့က အရေး ကြီးသည်။ တစ်နည်းဆိုလျှင် အရင်း အနှီးတို့ကို ထိထိ ရောက်ရောက် လည်ပတ်ရန် စီမံဖို့အရေးကြီးခြင်းဖြစ်သည်။ ထို့ကြောင့်ထုတ်လုပ်မှုလုပ် ငန်းဘက် ပြန်လည်ဦးတည်ဖို့ဆိုရင် အခြေခံရည်မှန်းချက်တို့ကို ပြောင်းပြန် ပြင်ဆင်ရန်လိုသည်။ အက်ဆက်တန်ဖိုး အကဲ ဖြတ်ခြင်း၌ ကျွမ်းကျင်မှုမှာ ကုန်ပစ္စည်း  အရည်အသွေး(ကွာလတီ) ကောင်းရေး နှင့် ဈေးကွက်ဝေစုတိုးချဲ့ ရေးဆိုသော ရည်မှန်းချက်တို့ ပြောင်းပြန် ပြန်ပြောင်းရ မည်။ အခြားပြဿနာ တစ်ခုမှာထုတ်လုပ်မှုလုပ်ငန်းတို့ အတွက် စီမံခန့်ခွဲရာမန်နေဂျာတို့ကို မည်သို့ရှာဖွေမည်နည်းဟု စဉ်းစား စရာလိုသည်။ လက်ရှိစီမံခန့်ခွဲမှု ကျောင်း တို့က လခကောင်းကောင်း ရသော ဘဏ္ဍာ ရေး၊ မန်နေဂျာတို့သာ မွေးထုတ်ထား သည်။ စက်ရုံ မန်နေဂျာတို့ကို လုံလုံ လောက်လောက ်မမွေးထုတ်ထားပေ။ ထို့ကြောင့် စီးပွားစီမံ ကွပ်ကဲမှုကျောင်းတို့ ၏ ယဉ်ကျေးမှုပုံစံကို မပြောင်းလဲဘဲ ကုန်ထုတ်လုပ်မှုလုပ်ငန်း ဘက်ရွှေ့ပြောင်း ရန်မဖြစ်နိုင်ဟုဆိုသူက ဆိုလာသည်။ လိုရင်းပြောလျှင် ဘဏ္ဍာ ရေးလောကကို အရေးပေးခြင်းမှ ထုတ်လုပ်မှုဘက် အရေးပေးခြင်းသို့ ရွှေ့ ပြောင်း ရမည်။အညွှန်း။ The New Republicမောင်စူးစမ်း