Main menu

Background

မုံရွာကုန်စည်ဒိုင် ပဲစင်းငုံဈေးကွက် တစ်တင်း သုံးသောင်းကျပ်နဲ့ နှုတ်ဆက်

Sun, 06/28/2009 - 17:48 -- cjadmin

မုံရွာကုန်စည်ဒိုင်ရဲ့ ပဲမင်း သမီးဖြစ်တဲ့ ပဲစင်းငုံနီဟာ ဝယ်လိုအား ကောင်းမွန်ခဲ့ပေမယ့် လက်ကျန် သုည ပြနေတဲ့အတွက် မရှိသလောက် ဖြစ်နေ တဲ့အတွက် ရောင်းသူဈေးကွက်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ပဲစင်းငုံရဲ့ ဇွန်လမုံရွာ ကုန်စည်ဒိုင် ဈေးကွက်တွေကို လေ့လာ တဲ့အခါ ပထမပတ်မှာ ၂၆၀၀၀ ကျပ်၊ ဒုတိယပတ်မှာ ၂၇၅၀၀ ကျပ်၊ တတိယ ပတ်မှာ ၂၉၀၀၀ ကျပ်နဲ့ စတုတ္ထပတ်မှာ ၂၈၅၀၀ ကျပ် အသီးသီးပေါက်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်ပ အဝယ်လိုအပ်ချက်ရှိလို့ ပြည်တွင်း ပဲကုမ္ပဏီတွေက ဝယ်ယူစုဆောင်းလိုပေမယ့် ဒီနှစ်ပဲ အထွက်အရ ပဲအများစုရောင်းပြီး ဖြစ်နေတာကြောင့် ယခုအခါ ပဲလက် ကျန်မရှိသလောက် ဖြစ်နေခဲ့ပါတယ်။ ဈေးကွက်အတက်ကို အစွမ်း ကုန်မျှော်လင့်ခဲ့တဲ့ လှောင်လက် ကုန်သည်တွေလည်း ကြိုက်ဈေးအမျိုးမျိုး ရလို့ ရောင်းချခဲ့ပြီးဖြစ်သလို ဇွန်လ စတုတ္ထပတ်မှာ ယုံကြည်ရသူ ကုန်သည် အချင်းချင်း ရက်ဆိုင်းနဲ့တစ်တင်း ၃ သောင်းဈေးပေးပြီး တင်း ၃၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းနဲ့ ဒါဟာဒီနှစ်ရာသီရဲ့ ပဲစင်းငုံနီ လက်ကား အရောင်းဈေးကွက်မှာ နှုတ်ဆက် အရောင်းဖြစ်နိုင်တယ်လို့ ပဲလောကကုန်သည်တွေရဲ့ သုံးသပ်ချက်ကို လေ့လာကြားသိရပါတယ်။ ထွန်းလှိုင်