Main menu

Background

မြန်မာနေရှင်နယ်လိဂ်ရဲ့ အပြောင်းအရွှေ့ကာလကို ဇန်နဝါရီ (၁၈)ရက်မှာ စတင်ဖွင့်လှစ်မည်

Sat, 01/16/2010 - 11:41 -- Anonymous (not verified)

   လာမယ့် ၂ဝ၁ဝ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အပြောင်းအရွှေ့ကာလ (Transfer Window)ကို ဇန်နဝါရီလ (၁၈)ရက်နေ့မှစ၍ ဖွင့်လှစ်သွားနိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ အပြောင်းအရွှေ့ကာလကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ အဲဒီကာလမှာ အသင်းများအနေဖြင့် မိမိစိတ်ကြိုက် ကစားသမားများကို ရွေးချယ်ခေါ်ယူနိုင်ကြမှာဖြစ်ပါတယ်။ MNL ပြိုင်ပွဲဝင်အသင်းအချို့ဟာ ကြိုတင်ပြင်ဆင်သည့်အနေနဲ့ နိုင်ငံခြားသားကစားသမားများကို ခေါ်ယူစမ်း သပ်နေကြောင်း လည်းသိရှိရပါတယ်။ ၂ဝ၁ဝ ခုနှစ် မတ်လ ၆ ရက်နေ့မှာ စတင်ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ အသင်းသစ်နှစ် သင်းဖြစ်တဲ့ ACE FC နဲ့ Sara FC  တို့လည်းပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။