Main menu

Background

မြန်မာ့ရေထွက်ပို့ကုန်များ ကမ္ဘာ့ရေထွက်ဈေးကွက်ကြီးမှာနေရာရဖို့

Mon, 02/01/2010 - 06:21 -- Anonymous (not verified)

မြန်မာနိုင်ငံဟာ ရေနေသက်ရှိဇီဝမျိုးစုံ ရေသယံဇာတအမယ်ပေါင်းစုံ ပိုင်ဆိုင်ထားတဲ့အတွက် ရေသယံဇာတကိုအမှီပြုပြီး၊ လူမှုဘ၀ ဖွံ့ဖြိုးဖို့ အခွင့်အရေးကောင်းတွေရှိနေပါတယ်။ မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်း အလျားမိုင် ၁၃၀၀ ကျော်ခန့်ရှည်လျား သည်နဲ့အမျှ ရေသယံဇာတ (Marine Natural Resources) အများအပြားပိုင်ဆိုင် လျက်ရှိပါတယ်။ ပုလဲ၊ ရေနံ၊ သဘာ၀ ဓါတ်ငွေ့ စတဲ့ အဖိုးတန်သယံဇာတများ အပြင် ငါးမျိုးစုံ ပုစွန်၊ ကဏန်း၊ ခရု၊ ဂုံး၊ ကင်းမွန်၊ ပင်လယ်မျှော့စသည်ဖြင့် သယံဇာတများသည့် ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသ သာမက မြန်မာတစ်နိုင်ငံလုံးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလာလျက်ရှိပါ တယ်။Market ဖော်ဆောင်ဖို့လို  မြန်မာနိုင်ငံရဲ့ရေထွက်ကုန် ပစ္စည်းများအား မိမိနိုင်ငံထွက်ကုန်ပစ္စည်းများ ရောင်းချသည့်ဈေးကွက်ဟာ မိမိနိုင်ငံ အတွင်း၌ရှိရေး အတွက် ဦးတည်ဆောင်ရွက်ပြီး၊ ဈေးကွက်ခိုင်မာမှုရှိရေး၊ ရောင်းသူဈေးကွက်ဖြစ်ရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။   ယခင်က မူဆယ်မှာ ရေထွက်ကုန်ပစ္စည်းများတင်ပို့ရာမှာ တစ်ဖက်နိုင်ငံအရောက် သွားရောက်ပို့ဆောင်ရပြီး၊ သူ့အအေးခန်း တွင်သာထားသိုရောင်းချခဲ့ရတာပါ။ ယခုအခါမှာ မိမိ ဘက်တွင် အအေးခန်းကအစ ကုန်အရောင်းဒိုင်အထိ ဆောင်ရွက်နိုင်ခဲ့တာ ကြောင့် ယခုအခါမှာ မိမိဘက်ရဲ့ဈေးကွက်ဖြစ်ပေါ်လာခဲ့သည်။ ဈေးကွက်ရလာခဲ့ပါတယ်။ ဈေးကွက်ဖော်ဆောင်နိုင်ခဲ့သည်။ အခြား နယ်စပ်ဈေးကွက် များဖြစ်တဲ့ မြဝတီ၊ စစ်တွေ၊ ကော့သောင်း၊  ဘူးသီးတောင်ဒေသများမှာလည်း ဈေးကွက်ဖော်ဆောင်ရန် လိုအပ်ပါ  တစ်ဝက်တစ်ပျက် ဈေးကွက်သဘောဆောင်တာများလည်းရှိလာပါတယ်။ ထပ်မံတိုးချဲ့ရလာတဲ့ အီးယူဈေးကွက်   ဇန်နဝါရီ ၁ ရက်ကစပြီး အီးယူနိုင်ငံအားလုံးကို မြန်မာ့ရေထွက်ကုန်တွေ တရားဝင်ထိုးဖောက်ဝင်ရောက်ခွင့်ရခဲ့ပါပြီ။ တကယ် တော့ အီးယူရဲ့ လိုအပ်ချက်တွေပြည့်မီမှုရှိ/မရှိ စစ်ဆေးခံနိုင်ဖို့အတွက် မလွယ်တာကို ဖြတ်ကျော်နိုင်ခဲ့သလို မြန်မာ့စားသောက် ကုန်ပစ္စည်းတွေ ဘေးအန္တရာယ်ကင်းရှင်းကြောင်း Food Safety နဲ့ အရည်အသွေးမြင့်မားကြောင်း အရည်အသွေးကဏ္ဍကို သက်သေပြလိုက်တာပါ။ကမ္ဘာ့ငါးဈေးကွက်ထဲက အီးယူ    ကမ္ဘာရေထွက်ပစ္စည်းရဲ့ ၈၀ ရာခိုင်နှုန်းကိုဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်အီးယူနဲ့ ဂျပန်သုံးနိုင်ငံဟာ ၈၀ ရာခိုင်နှုန်း စားသုံး နေကြတာပါ။ ဒါကြောင့် ကမ္ဘာ့ငါးဈေးကွက်ကို ကြည့်ရင် ယူအက်စ်အေအီးယူနဲ့ ဂျပန်ဈေးကွက်တို့ဟာ ဈေးကွက်ကြီး တွေဖြစ်ပါတယ်။ အဲဒီဈေးကွက်ကြီးတွေရဲ့ ၈၀ ရာခိုင်နှုန်း စားသုံးမှုထဲက ထက်ဝက်ဟာ အီးယူနိုင်ငံရဲ့ စားသုံးမှုပါ၊ ဒီအနေအထား ကို ကြည့်ခြင်းအားဖြင့် အီးယူရဲ့ရေထွက်ပစ္စည်း ဈေးကွက်ဟာကြီးမားသလို ဒုတိယနေရာမှာရှိနေပါတယ်။    ဈေးကွက်ကြီးမားတဲ့ အီးယူနိုင်ငံတွေကိုတင်ပို့ခွင့်ရမယ်ဆိုရင် ....    '' မြန်မာရေထွက်ကုန်တွေကို အရင်က အီးယူကိုပို့မယ်ဆိုရင် တစ်နိုင်ငံချင်းအလိုက်တင်ပို့ခွင့်ယူရတယ်။ အီးယူနိုင်ငံတွေထဲက ယူကေကိုပို့မယ်ဆိုရင် မြန်မာငါးဦးစီး၊ ယူကေဘက်က ငါးဦးစီးဆီတင်သွင်းခွင့် တောင်းခံပြီးမှ မြန်မာလုပ်ငန်းရှင်တွေကပို့လို့ ရတယ်။ အီးယူတင်ပို့ခွင့်ကိုသာရရင် တစ်နိုင်ငံချင်းအလိုက် ခွင့်တောင်းစရာမလိုတော့ဘူး။  အီးယူရဲ့ ၂၇ နိုင်ငံလုံးကို တိုက်ရိုက် တင်ပို့နိုင်မယ်။ ရောင်းချတဲ့အခါ ဈေးကောင်းရမယ်၊ ဒါ့အပြင် ထပ်ထုတ်မဲ့ ကုန်ချောအမယ်သစ်တွေကို ရောင်းချဖို့ အခွင့်အလမ်း ရမယ်'' လို့ ရေထွက် ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်း (Exporters) ဥက္ကဌဦးညိုမင်းကပြောပြပါတယ်။အီးယူဈေးကွက်တင်ပို့ဖို့ပြင်ဆင်   အီးယူဈေးကွက်ကို တင်ပို့နိုင်ဖို့ အတွက် ငါးလုပ်ငန်းဦးစီးဌာနရဲ့ လမ်းညွှန်မှု၊ Exporters အသင်းရဲ့ ဦးဆောင်မှုနဲ့ စက်ရုံ ၂၁ ရုံဟာ ၂၀၀၉ ခုနှစ် နှစ်ဆန်းလောက်ကစပြီး ပြင်ဆင်မှုတွေလုပ်ကိုင်ခဲ့တာပါ။ အီးယူလိုအပ်ချက်အတိုင်း ပြင်ဆင်နိုင်ဖို့ ပြည်ပက ပညာရှင် ၂ ဦးငှားရမ်းအသုံးပြုနိုင်အောင် ရန်ပုံငွေတွေ အချိုးကျထည့်ဝင်ကြပါတယ်။  Exporters အသင်းကလည်း အီးယူပညာရှင်နဲ့ Inspection လုပ်ငန်းတွေအတွက်  ငွေကျပ်သိန်းခြောက်ရာကျော်ကို ဖြည့် ဆည်းပေးခဲ့တာပါ။ အီးယူအဖွဲ့ကလာစစ်မေးတဲ့အခါ အချိန်မီစစ်ဆေးခံနိုင်မယ့်  စက်ရုံတွေကို ၂၀၀၉ ခုနှစ် အောက်တိုဘာလထဲမှာ ရွေးထုတ်ခဲ့တာ စက်ရုံ ၈ ရုံ၊ ငါးတင်ငါးချ ဆိပ်ခံတံတားနှစ်ခုနဲ့ငါးဖမ်းသင်္ဘောတစ်စင်းတို့ကျန်ခဲ့ပါတယ်။ စစ်ဆေးခံတဲ့စက်ရုံ ဆိပ်ခံ တံတားနဲ့ ငါးဖမ်း သင်္ဘောတို့အားလုံး အီးယူအဖွဲ့ရဲ့စစ်ဆေးမှုအောင်မြင်ခဲ့ပါတယ်။အီးယူဈေးကွက်တင်ပို့ဖို့ လိုအပ်ချက်   အီးယူဈေးကွက်ကိုတင်ပို့မယ့် စက်ရုံတွေဟာထုတ်လုပ်မှုအပိုင်းမှာ ကောင်းမွန်တဲ့ထုတ်လုပ်မှု ကျင့်စဉ် GMP စနစ် အစား အသောက်ထုတ်လုပ်မှုမှာ ဘေးအန္တရာယ်ကိုစိစစ်ခြင်းနဲ့ အဓိကအဆင့်ကို ကွပ်ကဲခြင်း (သို့) အန္တရာယ်ရှိတဲ့ အရာအားလုံးကို လျော့ချတဲ့ HACCP စနစ်တွေကို အခြေခံပြီးထုတ်လုပ်နိုင်ရပါမယ်။    ''အီးယူကိုတင်ပို့မယ့် စက်ရုံဟာအီးယူအဆင့်နဲ့ညီရမယ်။ ညီတယ်ဆိုတဲ့နေရာမှာ HACCP စနစ် GMP စနစ်နဲ့ IUU Certificate တွေပါရင်ပို့လို့ရပါပြီ။ အခုဆိုရင် အီးယူတင်ပို့နိုင်တဲ့ စက်ရုံစာရင်းတွေ ထွက်လာပါပြီ၊ United KMK , Shwe Yamone , Twin Brothers, Great, Mya Yu, Ghani Win, General Food နဲ့ Myint Myat Hein တို့ပါ။ ငါးတင်၊ ငါးချ ဆိပ်ခံတံတားနှစ်ခုက ရွှေဇင်ယော်ဟိန်းနဲ့ ငွေပင်လယ်တို့ဖြစ်ပြီး၊ ငါးသင်္ဘောမှာ ရွှေဇင်ယော်ဟိန်းပါပါတယ်။ အဲဒီစက်ရုံတွေအနေ နဲ့ တစ်နှစ်ခွဲအတွင်း လက်ရှိတင်ပို့ခွင့်ပြုထားတဲ့ကိစ္စကို မပို့ဖြစ်ခဲ့ရင် ပြန်စီစစ်တာခံရမယ်'' လို့ exporters အသင်း ဥက္ကဌက အီးယူဈေးကွက်တင်ပို့ဖို့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီးရှင်းပြပါတယ်။    အီးယူဈေးကွက်အတွက် လက်ရှိ ခွင့်ပြုချက်ရတဲ့ စက်ရုံ ၈ ရုံအပြင် နောက်ထပ် အီးယူကိုတင်ပို့နိုင်မယ့် စက်ရုံအရေအတွက် တိုးတက်လာဖို့အတွက် ငါးလုပ်ငန်းဦးစီးဌာနရဲ့ လမ်းညွှန် မှုနဲ့အညီ ဆက်လက်စီစဉ်ဆောင်ရွက် လျက်ရှိနေကြောင်းလည်းသိရ ပါတယ်။ပြည်ပနိုင်ငံတွေရဲ့ ရေထွက်ပို့ကုန်အနေအထား   ရေထွက်ကုန်ပစ္စည်းတင်ပို့မှုနဲ့ ပတ်သက်ပြီး ဈေးကွက်နေရာစုံရရှိထားသည့် ပြည်ပနိုင်ငံတွေရဲ့ အနေအထားကိုလည်းလေ့လာ ဖို့လိုအပ်ပါတယ်။   ''ဈေးကွက်နေရာအစုံရထားတဲ့ ဗီယက်နမ်ရဲ့ ရေထွက်ပို့ကုန်တင်ပို့မှုကို လေ့လာရင် တစ်နှစ်မှာ ပို့ကုန်ကရတဲ့ ငွေဟာ သုံး ဘီလျံ ခန့်ရနေတယ်လို့ ကြားသိရတယ်။ ဗီယက်နမ်က မွေးမြူထုတ်လုပ်တဲ့ ငါးတန်ဟာ ကမ္ဘာ့ငါးဈေးကွက်ထဲမှာ နံပါတ်တစ်နေရာမှာရှိနေ တာပါ။ အရည်အသွေးလည်း တော်တော်တိုးတက်လာတယ်။ ထိုင်းနိုင်ငံဆိုရင်လည်း မွေးမြူရေးလုပ်ငန်းဘက်မှာ အတော် တိုးတက်လာတာကိုတွေ့ရတယ်။ ထိုင်းရဲ့ပြည်ပပို့ကုန်ဟာ ဗီယက်နမ်ထက်များပါတယ်။ နှစ်စဉ်ထိုင်းရဲ့ ပို့ကုန်က ပင်လယ်ပြင် ဖမ်းဆီးမှုကိုအားမကိုးဘဲ မွေးမြူရေးကို အဓိကထားသွားနေတာတွေ့ရပါတယ်''လို့ အီးယူတင်ပို့ ခွင့်ရတဲ့ ရွှေယမုံစက်ရုံမှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းအေးကပြောပါတယ်။မြန်မာနိုင်ငံရဲ့ ရေထွက်ပို့ကုန်အနေအထား   မြန်မာနိုင်ငံကထွက်ရှိတဲ့ ရေထွက်ပို့ကုန်တွေကို နိုင်ငံပေါင်း (၃၃)နိုင်ငံက ဝယ်ယူလျက်ရှိတယ်လို့သိရပါတယ်။ နှစ်အလိုက် တင်ပို့မှုမှာ ၂၀၀၆-၀၇ မှာ မက်ထရစ်တန် ၃၄၀၀၀၀ ကျော်တင်ပို့ခဲ့ ရာ ဒေါ်လာသန်း ၄၆၀ ကျော်ကိုလည်းကောင်း၊ ၂၀၀၇-၀၈ မှာ မက်ထ ရစ်တန် ၃၅၀၀၀၀ ကျော်တင်ပို့ခဲ့ရာ ဒေါ်လာသန်း ၅၆၀ ကျော်ကိုလည်းကောင်း၊ ၂၀၀၈-၀၉ တွင် မက်ထရစ် တန် ၃၂၀၀၀၀ ကျော်တင်ပို့ခဲ့ရာ ဒေါ်လာသန်း ၄၈၀ ကျော်ကိုလည်းကောင်းရရှိခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွက် ပြည်ပပို့ကုန်ဝင်ငွေမှ ဒေါ်လာသန်း ၇၀၀ ရရှိရန် မွေးမြူရေးဝန်ကြီးဌာနကလျာထားခဲ့ပြီး ၂၀၀၉ ခု ဧပြီလ ၁ ရက်နေ့မှ ၂၀၁၀ ခု ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ဒေါ်လာ ၃၈၉ ဒသမ ၇၈၂ သန်း ရရှိထားပြီးပါပြီ။   ''ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချမှုနဲ့ပတ်သက်ပြီး (Exporters)  ရေထွက်ပို့ကုန်တင်ပို့သူတွေအနေနဲ့ အလားအလာ ကောင်းမယ့်အခြေအနေမှာရှိနေပေမယ့် အခက်အခဲမျိုးစုံကိုရင်ဆိုင်ဆောင်ရွက်နေဆဲပါ။ ရေထွက်ပစ္စည်းကိုဝယ်ယူတဲ့ နိုင်ငံတွေရဲ့ ဈေးကွက်ဟာ စီးပွားရေးအကျပ်အတည်း ကာလလွန်နောက်ပိုင်းမှာ ပုံမှန်အခြေအနေကိုမရောက်သေးပေမယ့် ဈေးကွက်အနေ အထားကောင်းမွန်လာနေပါပြီ'' ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။   မြန်မာ့ရေထွက်ပို့ကုန်တွေကို အများဆုံးဝယ်ယူတဲ့နိုင်ငံတွေမှာ ဂျပန်၊ ဥရောပ (အီးယူ) နဲ့ တရုတ်နိုင်ငံဈေးကွက်တွေဖြစ် တယ်လို့သိရပါတယ်။မြန်မာနိုင်ငံရဲ့ရေထွက်ကုန်မွေးမြူထုတ်လုပ်မှု   မြန်မာ့ရေထွက်ကုန်မွေးမြူမှု အပိုင်းတွင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မှာ ရေချိုငါးမုတ်၊ ငါးဖန်းမကြီး၊ ငါးနက် ပြာ၊ ပင်လယ်ရေမှော်၊ ငါးလင်ဗန်း၊ ကကတစ်၊ ကဏန်းပျော့၊ ရေချိုကျောက်ပုစွန်စတဲ့ အမယ်သစ်ငါးတွေကို တိုးတက်မွေးမြူ ထုတ်လုပ်လာတာ တွေ့ရ ပါတယ်။   ''၂၀၀၈-၂၀၀၉ စာရင်းအရ မြန်မာနိုင်ငံမှာ ငါးမွေးကန်ဧက နှစ် သိန်းကျော်ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်စာရင် ဧကပေါင်းလေးဆလောက်တိုးတက်လာခဲ့သလို ငါးမွေးကန်တွေရဲ့ တစ်ဧကအထွက်နှုန်းဟာ ပိဿာ ၃၀၀၀ ကျော်အထိ ရှိလာ ပါပြီ။ ပုစွန်မွေးကန်တွေအနေနဲ့ လက်ရှိစာရင်းအရ ဧကနှစ်သိန်းကျော်ရှိနေပြီး ၂၀၀၀ ပြည့်နှစ်စာရင်းနှင့်စာရင် မွေးဧက ၂ ဆ ကျော် တိုးတက်ခဲ့တာပါ။ ကဏန်းပျော့မွေးမြူရေးကိုလည်း မူလဆောင်ရွက်နေတဲ့ တနင်္သာရီတိုင်း သာမက၊ ရန်ကုန်တိုင်း၊ ကျောက်တန်း မြို့နယ်က ပုစွန်မွေးမြူရေးဇုန်က ဧက ၁၀၀၀ ကျော်ကို ကဏန်းမွေးမြူရေးဇုန်အဖြစ်ပြောင်းလဲသတ်မှတ်ပြီး တိုးချဲ့ဆောင်ရွက် ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကဏန်းတန်ချိန် ၁၂၅၃၀ တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားငွေဒေါ်လာ ၂၇ သန်းကျော်ရှာ ဖွေပေးနိုင်ခဲ့ပါတယ်'' လို့ ငါးလုပ်ငန်း အဖွဲ့ချုပ်က ဒုတိယဥက္ကဌဦးဟန်ထွန်းကရှင်းပြပါတယ်။ရေထွက်ပို့ကုန်လုပ်ငန်းရှင်များရဲ့အသံ   ရေထွက်ပို့ကုန်လုပ်ငန်းရှင်များ အနေနဲ့ လက်ရှိဈေးကွက်ခိုင်မာဖို့နဲ့ ဈေးကွက်အသစ်တွေချဲ့ထွင်နိုင်ဖို့ ကြိုး စားနေကြတာပါ။   အီးယူတင်ပို့ခွင့်ရတဲ့ General Food Technology Industrial Co., မှ လုပ်ငန်းရှင်ဦးမျိုးညွှန့်က-   ''မြန်မာ့ရေထွက်ကုန်တွေထဲက ရေချို-ရေငန်ငါးပုစွန်တွေကို ပုစွန်မုန့် နှစ်ကပ်၊ ပုစွန်ကော်ပြန့်လိပ်၊ ရေချိုပုစွန် အရသာမှုန့်ကပ်၊ ငါးမုန့်နှစ်ကပ်၊ ပုစွန် ကိုပြောင်းဖူးပုံအလိပ်စတဲ့ တန်ဖိုးမြှင့် ကုန်တွေပြောင်းပြီး လစဉ်ကွန်တိန်နာ ၇ လုံးခန့် သြစတြေးလျ၊ မလေးရှား၊ ယူကေနဲ့ ဂျာမနီဈေးကွက်တို့ကို ပို့နေရ ပါတယ်'' လို့ဆိုပါတယ်။   ၁၉၇၇ ခုနှစ်ကတည်းက ရေလုပ်ငန်းစလုပ်ခဲ့တဲ့ အဏ္ဏဝါဒေဝီပင်လယ်ငါးဖမ်း ကုန်ထုတ်နှင့် အထွေထွေလုပ်ငန်း သမဝါယမလီမိ တက်မှ လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်ကလည်း-   ''မြို့မှာငါးပုစွန်ထုတ်လုပ်ပြီး Export လိုင်းဝင်ခဲ့တယ်။ မလေးရှားကို အဓိကပို့ခဲ့တာ။ ၂၀၀၀ ကျတော့ ပုစွန်အချို့မှာ ခဲထိုးတဲ့ ပြဿနာတွေရှိလာတဲ့အတွက် Image ပျက်မှာစိုးလို့ ပုစွန်ပို့တာကိုရပ်ပစ်လိုက်တယ်။ နောက်ငါးအမျိုးမျိုးကို တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် အသားလွှာပြီးတင်ပို့တယ်။ ၂၀၀၄-၂၀၀၅ ကစပြီး ကကတစ်တစ်မျိုးကိုပဲ အသားလွှာပြီးတင်ပို့ခဲ့တယ်။ ငါး အသားလွှာတင်ပို့ မှုက ၆၀ ရာခိုင်နှုန်း ဈေးပိုရပါတယ်''လို့ပြောပြပါတယ်။   ရေချို-ရေငန်ငါးမျိုးစုံကို တန်ဖိုးမြှင့်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ပြည်ပတင်ပို့မှုနှင့်ပတ်သက်ပြီး ''ဂျပန်နဲ့ ကိုရီးယားမှာ ငါးကြိတ်သားဈေးကွက်ကို ၂၀၀၃ ကတည်းကရရှိခဲ့သလို သြစတြေးလျကိုလည်း ၉၄ ကစပြီး ငါးအသားလွှာတင်ပို့ခဲ့ပါတယ်။ အခုချိန်အထိ ငါးရရှိပေါ်မူတည်ပြီး ပုံမှန်တင်ပို့ နေပါတယ်'' လို့ မင်းဇာနည်ရေလုပ်ငန်း မှ လုပ်ငန်းရှင် ဦးညိုမင်းကဆိုပါတယ်။   ရွှေယမုန်မှ လုပ်ငန်းရှင်ဦးထွန်းအေးကလည်း ''ရေချို-ရေငန် ငါး၊ ပုစွန်ကို တန်ဖိုးမြှင့်ကုန်ထုတ်ပြီး ဂျပန်နဲ့ အီးယူ ဈေးကွက်ကို တင်ပို့နေပါတယ်။ ဒါ့အပြင် ရေချို-ရေငန်ငါးတွေကိုလည်း ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ ရုရှားနဲ့ မလေးရှားနိုင်ငံတို့ရဲ့ ဈေးကွက် ကို တင်ပို့နေပါတယ်'' လို့ပြောပြပါတယ်။ရေထွက်ပို့ကုန်အလားအလာ   မြန်မာရေထွက်ပို့ကုန်မှာ မွေးမြူရေးလုပ်ငန်းတွေ တိုးတက်မှုရှိလာသလို သဘာဝကဖမ်းဆီးထုတ်လုပ်တဲ့လုပ်ငန်းကလည်း လျော့ မသွားခဲ့ပါဘူး။ ရေထွက်ထုတ်ကုန်ပမာဏတိုးတက်မှုရှိနေပေမယ့် စီးပွားပျက်အရှိန်လေးက ရေထွက်ပို့ကုန်တွေမှာ အတိုင်းအတာ တစ်ခုထိ ခံစားခဲ့ရပါတယ်။   ''မြန်မာပို့ကုန်တွေဟာ အီးယူတင်ပို့ခွင့်ရပြီဖြစ်တဲ့အတွက် Standard တစ်ခုဝင်ပြီဆိုတာ တစ်ကမ္ဘာလုံးကလက်ခံနေရပါပြီ။ ဒါကြောင့်မကြာမီကာလမှာ မြန်မာရေထွက်ပို့ကုန်တွေဈေးကွက်ပိုရလာမှာပါ။    မြန်မာရေထွက်ပို့ကုန်တွေ တိုး တက်မှုရှိဖို့အတွက် ထိုင်းနဲ့ဗီယက်နမ်လို ငါး၊ ပုစွန်မွေးမြူရေးကို အဓိကလုပ်ကိုင်ဖို့လိုပါတယ်။ မွေးမြူရေး၊ ဖမ်းဆီးရေးလုပ်ငန်းတွေမှာရှိတဲ့ အခက်အခဲတွေကို ကြိုးစားပံ့ပိုးဖြေရှင်းပြီး၊ အောင်မြင်အောင်လုပ်နိုင်မယ်ဆိုရင် ရေထွက်ပို့ကုန်ရဲ့ ဝင်ငွေဟာဒီထက်တိုးတက်လာမှာသေချာပါတယ်လို့ ဝါရင့်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြား ပါတယ်။သုံးသပ်ချက်   ပင်လယ်ရေကြောင်းမှ ဈေးကွက်ထိုးဖောက်နိုင်သလို မူဆယ်တွင်လည်း ဈေးကွက်ဖော်ဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အလား တူနယ်စပ်ဈေးကွက် ဖော်ဆောင်နိုင်ဖို့အတွက် မြဝတီကုန်သည်များက တောင်းဆိုသလို ကော့သောင်းနယ်စပ်စခန်းကလည်း ဈေး ကွက်ဖော်ဆောင်ဖို့အတွက်ကြိုးစားနေရပါတယ်။   ဈေးကွက်နိုင်ငံများဟာ အရည်အသွေးကို ပိုမိုအလေးထား တောင်းဆိုလာတာကြောင့် အရည်အသွေးမြှင့်တင်ရန် လိုအပ်ခြင်းဖြစ် ပါတယ်။ မြန်မာ့ အအေးခန်း စက်ရုံ ၈ ရုံဟာ အီးယူအဆင့်မီကြောင်းထောက်ခံချက်ရရှိခဲ့ပြီး၊ အခြား စက်ရုံများလည်း ဆက်လက် အဆင့်မီရေးပြင်ဆင်ဆောင်ရွက်လျက်ရှိနေပါတယ်။   မြန်မာနိုင်ငံရဲ့ရေထွက်ပစ္စည်းတင်ပို့မှုတိုးတက်တဲ့ ဈေးကွက်၊ ရေထွက်ပစ္စည်းဈေးကွက် နိုင်ငံတကာ အဆင့်မီတိုးတက်လာ ဖို့လိုအပ်နေပါတယ်။ ရေထွက်ပစ္စည်းဟာ တာရှည်မခံတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ ကုန်စည်ဒိုင် Commodity Exchange ပုံစံမျိုးလုပ်လေ့မရှိဘဲ လက်ကားဈေးကွက် (whole sale market) ပုံစံမျိုးသာ လုပ်လေ့ရှိကာ လတ်ဆတ်မှုအတွက် ချက်ချင်း ရောင်းချရန်၊ သယ်ယူပို့ဆောင်မှု လျင်မြန်ရန်လိုအပ်တဲ့အတွက်ကြောင့် လေလံစနစ် (Auction)  ရောင်းဝယ်ကြကြောင်း တွေ့ရှိရပါ သည်။ ချက်ချင်းရောင်းချ၍မရသေးသည့် ပစ္စည်းများအတွက်သာ အအေးခန်းကို အသုံးပြုကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် ဖြန့်ဖြူးမှုစနစ်လွယ်ကူလျင်မြန်ရန်လိုအပ်ပါတယ်။   ဒါ့အပြင်ထုတ်လုပ်မှုစရိတ်လျှော့ချခြင်း၊ လိုအပ်သောစက်ကိရိယာ ကုန်ကြမ်းများဈေးနှုန်းချိုသာစွာဝယ်ယူတင်သွင်းခွင့်ရရှိရေး၊ ဈေးကွက်အလိုက် အရည်အသွေးသတ်မှတ်ချက်ဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ပေးခြင်း၊ တင်သွင်းသော နိုင်ငံ များ၏ တင်သွင်းမှုဆိုင်ရာမူဝါဒလုပ်ထုံးလုပ်နည်းများ လေ့လာ၍အကြံဉာဏ်ပေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ဖို့လို သလို မြန်မာနိုင်ငံတွင် အဆင့်မီ ငါးဈေးကွက်ပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်ဖို့ ရေထွက်ကုန်အရည်အသွေးမြင့်မား ဖို့အတွက် မျိုး ကောင်းမျိုးသန့်များရရှိမွေးမြူနိုင်ရေး၊ ထုတ်လုပ်မှုအပိုင်းတွင် နည်းပညာတိုး တက်လာရေးအတွက် အကူအညီရရှိ ရေး၊ ပတ်သက်ရာဌာန၊ အသင်းအဖွဲ့ရေ လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ပါကြောင်း။ခင်မျိုးသွယ်