Main menu

Background

မြန်မာ့လက်ရွေးစင်အသင်းရဲ့ မြန်မာနည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်

Wed, 01/20/2010 - 07:46 -- Anonymous (not verified)

   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ မြန်မာ့လက်ရွေးစင်ဘောလုံးသင်းအတွက် နိုင်ငံခြားသားနည်းပြအဖြစ် ခရိုအေးရှားလူမျိုး ဒရာဂိုမာမစ်ကို ငှားရမ်းခေါ်ယူခဲ့ပါတယ်။ ဒရာဂိုမာမစ်နှင့်အတူတွဲ၍ တာဝန်ယူရန် မြန်မာနည်းပြချုပ်အဖြစ် ဒယ်လ်တာယူနိုက် တက်အသင်းမှ ဦးတင်မြင့်အောင်ကို ခန့်အပ်ခဲ့ပါတယ်။   ဒါပေမယ့် လာအိုဆီးဂိမ်း ဘော လုံးပြိုင်ပွဲမှာမြန်မာယူ ၂၃ အသင်းအား နည်းပြ ဒရာဂိုမာမစ်နှင့် အတူတွဲ၍  တာဝန်ယူခဲ့သူ ဦးတင်မြင့်အောင်ဟာ ကျန်းမာရေး အခြေအနေကြောင့် အ နားယူသွားခဲ့ပါတယ်။ အဲဒါကြောင့် ဦးတင်မြင့်အောင်ရဲ့နေရာမှာ ရန်ကုန် ယူနိုက်တက်အသင်းရဲ့နည်းပြချုပ်ဖြစ် တဲ့ ဦးမိုျးလှိုင်ဝင်းကို အစားထိုးခန့်အပ် ခဲ့တာဖြစ်ပါတယ်။ ဂိုးနည်းပြအဖြစ် ဦးအောင် ကျော်ကျော်က တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပါတယ်။ဒါ့ပြင်မြန်မာ့ လက်ရွေးစင်အသင်းကြီးအတွက် ဘောလုံးသမား (၃၇)ဦးကို လည်းရွေး ချယ်ခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှ စတင်၍ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။