Main menu

Background

မွန်ပြည်နယ်ထွက် သီဟိုစေ့များတစ်တန်ကျပ် ၄သန်း ကျော် ဈေးပေါက်လျက်ရှိ

Tue, 01/19/2010 - 07:21 -- Anonymous (not verified)

   မွန်ပြည်နယ်အတွင်းမှထွက်ရှိသော သီဟိုစေ့များအား တစ်ဘက် ထိုင်းနိုင်ငံသို့တင်ပို့ရာတွင် တစ်တန်လျှင် ကျပ် ၄သန်းကျော်နှုန်း ရရှိလျက်ရှိတယ်လို့ မြဝတီနယ်စပ်မှသတင်းရရှိပါတယ်။ ပြည်တွင်းလက်ကားဈေးမှာ တစ်တန်လျှင် ကျပ် ၃ဒသမ ၉၇သန်းခန့်ဈေးရှိ တယ်လို့သိရပါတယ်။    သီဟိုစေ့များကို စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ရာမှာနဲ့ စားသောက်ဆိုင်များမှာအသုံးပြုလျက်ရှိကြပါတယ်။ မဲဆောက်တစ် ဝိုက် သုံးစွဲရန်သာတင်ပို့လျက်ရှိတယ်လို့သိရပါတယ်။၂၀၀၈-၂၀၀၉ မှာသီဟိုစေ့၄၄၉တန် တန်ဖိုးကန်ဒေါ် လာ ၁ ဒသမ၇၁၇သန်းဖိုး တင်ပို့ခဲ့ပြီး ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်ဧပြီလမှ ဒီဇင်ဘာလထိ သီဟိုစေ့တန်ချိန် ၁၀၀ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝဒသမ ၄သန်း ကျော်ဖိုးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။Source: နကသ-မြဝတီမင်းအောင်အေး