Main menu

Background

ရင်သားကင်ဆာနှင့် ဟင်းခတ်အမွှေးအကြိုင်

Thu, 01/14/2010 - 04:32 -- Anonymous (not verified)

    ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော နနွင်းနှင့်ငရုတ်ကောင်းသည် ရင်သားကင်ဆာဖြစ်ပွားမှုကို တားဆီးပေးနိုင်သည်ဟု  အမေရိ ကန်သုတေသန ပညာရှင်များကဆိုပါသည်။ ရင်သားကင်ဆာကြီးထွားလာအောင်  အားပေးသော ပင်မကလပ်စည်းကများကို နနွင်းနှင့် ငရုတ်ကောင်းနက် များမှ တားဆီးပေးနိုင်သည်ဟုသိရှိရပါသည်။ ယနေ့မျက်မှောက်ခေတ်၊ ဓါတုဆေးဝါးဗေဒကုထုံးသည် ကင်ဆာရောဂါဖြစ်ပွားနိုင်သော ပင်မကလပ်စည်းများကို ထိရောက်စွာကာကွယ် နှိမ်နင်းမပေးနိုင်သောကြောင့် ကင်ဆာရောဂါဖြစ် ပွားပံျ့နံှ့မှုကို ဖြစ်ပွားစေပါသည်။    မစ်ချီကန်တက္ကသိုလ်ဆေးပညာ သင်ကြားရေးဌာနနှင့် VA Ann Arobor ကျန်းမာရေးကြပ်မတ်ကုသရေးဌာနမှ ကိုယ်တွင်း ရောဂါဆေးကုသမှုကထိက Dr.Madhuri Kakarala ၏ အဆိုအရ ကင်ဆာရောဂါကို ထိန်းခုျပ်မှု ပြုနိုင်ရန်မှာ ကင်ဆာဖြစ်ပွားစေ သည့် ပင်မကလပ်စည်းကို ဖယ်ရှားပစ်ခြင်းမှာ အဓိကသော့ချက် ဖြစ်သည်ဟုသိရှိရပါသည်။ ကင်ဆာရောဂါဗဟိုဌာန      (University's Cancer Centre) ၏ သုတေသနပညာရှင်များမှ အစားအစာများတွင်ပါရှိသည့်နနွင်းမှ ကာကူမင် (curcumin) ဓါတ်နှင့် ငရုတ်ကောင်း အနက်စေ့များတွင် ပါရှိသော ပိုက်ပါရင် (piperine) ဓါတ်တို့ကို သာမန်စားသုံး နေကျထက် အဆ ၂ဝခန့် ပို၍အစား အစာများတွင် ထည့်၍စားသုံးခြင်းဖြင့် ကင်ဆာရောဂါကိုဖြစ်ပွားစေမည့်ပင်မကလပ်စည်းများကို လျှော့ချပေးနိုင် သည်ဟုဆိုပါ သည်။ ဤသို့ စားသုံး ခြင်းဖြင့် ပုံမှန်ကလပ်စည်းများကို ထိခိုက်စေခြင်းမရှိဟု သိရှိရပါသည်။