Main menu

Background

ရာသီဥတုပြောင်းလဲမှုနှင့် သရက်

Thu, 01/14/2010 - 04:22 -- Anonymous (not verified)

    ယခုအခါ ရာသီဥတုမှာအကန့် အသတ်အတားအဆီးမရှိဘဲဖြစ်နေပြီး ယင်းကြောင့်အိန္ဒိယနိုင်ငံ (Uttar Pradesh)  ပြည်နယ်( Amroha ) ခရိုင်ရှိဆောင်းရာသီအလယ်ကာလတွင် သရက်ပင်များအပွင့်ပွင့်၊ အသီးသီးနေမှုများသည် လယ်သမားများကို အံ အားသင့်စေကြောင်း၊ သရက်ပင်များသည် အပွင့်ပွင့်နေပြီး ဘာဆက်ဖြစ်မည်ကို မသိကြောင်း၊ နှင်းကျစဉ် (သို့မဟုတ်) အပူချိန် ကြောင့် ယင်းတို့ေြွကကျမည်ကိုစိုးရိမ်ကြောင်း၊ လယ်သမားတစ်ဦးကဆိုပါတယ်။ နောက်ပိုင်းဆောင်းရာသီကုန်လွန်ရောက်ရှိစဉ် အပူချိန်ကြောင့် ပျက်စီးကာသရက် ထွက်ရှိမှုကိုထိခိုက်မည်ကို (Uttar Pradesh) ရှိ လယ်သမားများမှာကြောက်လန့်စိုးရိမ် လျက်ရှိကြောင်း သိရှိရပါတယ်။ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် အကိုျးဆက်အနေဖြင့် သရက်ပင်များ ကြိုက်နှစ်သက်သည့် အပူချိန်နှင့် ပတ်ဝန်းကျင်လေထု အခြေအနေများဖြစ်စေမှာဖြစ်ကြောင်း သိရှိရပါတယ်။ လယ်သမားများကို သဘာဝအော်ဂဲနစ် စိုက်ပိုျးမှုများကို ပိုမိုလုပ်ဆောင်ရန် အကြံပေးထားရှိပြီး အတ္တရာပရာဒေ့ရှ်ရှိ ဟာရာနာဒေသကဲ့သို့ မိုးရွာသွန်းမှုပမာဏ လျော့ နည်းပါက အသုံးပြုရန် ရေတွင်းများ အများအပြားပြုလုပ်ထားရန် အရင်းအမြစ်များကို အကောင်းဆုံးအသုံးပြု လုပ်ဆောင် ရန်နှင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် ပတ် ဝန်းကျင်ညစ်ညမ်းမှု လျော့ကျရေးကို ကူညီဆောင်ရွက်ပေးရန် လယ်သမားများတွင် တာဝန်ရှိ ကြောင်း စိုက်ပိုျးရေး သိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့ပါ တယ်။ ကမ္ဘာကြီးပူနွေးလာမှုကို ဆွေးနွေးရန် ကမ္ဘာတဝန်းမှ ကိုယ်စား လှယ်များသည် ဤသမိုင်းတင်မည့်အဆိုးဝါး ဆုံးသော ရာသီဥတု အခြေအနေကို နိုင်နင်းအောင်မြင်အောင် လုပ်ဆောင်လျက်ရှိပါ တယ်။ ချမ်းသာသောနိုင်ငံများ၏ ရည်မှန်းချက် ကြီးမားသော ဓါတ်ငွေ့ ထုတ်လုပ်မှုများ ဖြတ်တောက်ရန် ဆင်းရဲသောနိုင်ငံများသို့ ပေးမည့်ငွေကြေး သဘောတူချက်များ၊ မှန်လုံအိမ်ဓါတ်ငွေ့ညစ်ညမ်းမှု ထိန်းခုျပ်ရန် အဓိကဖွံ့ဖြိုးဆဲနိုင်ငံများ၏ခြေလှမ်း စသည်တို့မှာ ကိုပင်ဟေပင်၏ မည် သည့်သဘောတူညီချက်၌ မဆိုပါဝင် ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြော ကြားကြောင်း သိရှိရပါတယ်။