Main menu

Background

ရာသီဥတုပြောင်းလဲမှု ဖြစ်ပွားစေသော ဓာတ်ငွေ့များ ထုတ်လွှတ်သည့် လောင်စာဆီများအပေါ် မှီခိုနေရမှုမှ လွတ်မြောက်ရေး

Tue, 02/02/2010 - 06:44 -- Anonymous (not verified)

ကမ္ဘာပေါ်မှာအသုံးပြုနေ တဲ့ လူစီးကားနဲ့ ကုန်တင်ကားစုစုပေါင်း စီးရေဟာ ၁၉၈၀ ပြည့်နှစ် တုန်းက သန်း ၂၈၀ ခန့်သာရှိခဲ့ရာမှာ ယခုအခါ သန်း ၁၀၀၀ ကျော်အထိ၊ နှစ်ပေါင်း၃၀ကျော် အတွင်း ၄ ဆကျော်အထိ တိုးမြင့်လာ ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတစ်နိုင်ငံ တည်းမှာပဲ အသုံးပြုနေတဲ့ မော်တော် ကားစီးရေပေါင်းဟာ ၁၃၇ သန်းရှိတဲ့ အတွက် ကမ္ဘာ့စုစုပေါင်းရဲ့ ၁၄ ရာခိုင် နှုန်းရှိပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ပြည်ပကနေ ဝယ်ယူတင်သွင်းနေရတဲ့ ရေနံ ၇၀ ရာခိုင်နှုန်းကို သယ်ယူပို့ ဆောင်ရေးလုပ်ငန်းမှာ သုံးစွဲနေရပါ တယ်။ သယ်ယူပို့ဆောင်ရေးယာဉ်တွေ မှာလည်း ပုဂ္ဂလိကသုံး မော်တော်ကား အရေအတွက်က ၆၅ ရာခိုင်နှုန်းလောက် ပါဝင်နေပါတယ်။ ဒါကြောင့် လက်ရှိအမေရိကန်နိုင်ငံ စွမ်းအင်ဝန်ကြီး စတီဗင်ချူးက "ပြည်ပ ရေနံတွေအပေါ် မှီခိုနေရတာကို တိုက်ရိုက်လျှော့ချနိုင်တဲ့ နည်းလမ်း ကတော့ ရှင်းရှင်းလေးပါ။ အဲဒီရေ နံတွေကိုလျှော့ပြီး သုံးစွဲကြဖို့ပဲဖြစ် ပါတယ်။ အရင်ဆုံး ကျွန်တော်တို့ မောင်းနှင်နေတဲ့ မော်တော်ကား တွေနဲ့ ကုန်တင်ကားတွေကစပြီး လျှော့ချဖို့ လိုပါတယ်"လို့ ပြော ကြားပါတယ်။ သူက ဆက်လက်ပြီး အမေရိကန်လူမျိုးတွေအနေနဲ့ စွမ်းအင် လွတ်လပ်ရေး (energy independence) အတွက် လောင်စာဆီသက် သာတဲ့ကားတွေကို ရွေးချယ်ဝယ်ယူကြ ဖို့၊ အများသုံးဘတ်စ်ကားတွေစီးကြဖို့၊ ဒါမှဟုတ် မော်တော်ကားတွေကို စုပေါင်းပိုင်ဆိုင်ပြီး ခွဲဝေသုံးစွဲတဲ့စနစ် (carpoolူ) ကို ကျင့်သုံးကြဖို့လိုတယ်"  လို့ ထောက်ပြ ပါတယ်။ ရေရှည်မှာစွမ်း အင်လွတ်လပ်ရေးရတယ်ဆိုတာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သူတို့ မောင်းနှင်နေတဲ့ လူစီးကားနဲ့ ကုန်တင် ကားတွေအတွက် ပြည်ပ(အထူးသဖြင့် အာရပ် နိုင်ငံတွေ)က ဝယ်ယူနေတဲ့ရေနံ တွေကို မမှီခို၊ အသုံးမပြုတော့ဘဲ အမေရိကန်နိုင်ငံလုပ် လောင်စာဆီတွေ နဲ့ ဘက်ထရီတွေကိုအစားထိုးအသုံးပြု ခြင်းပဲဖြစ်တယ်"လို့ သူကဆိုပါတယ်။ လောင်စာစွမ်းအင်လွတ်လပ်ရေးအတွက် ပထမအဆင့်အနေနဲ့ ပို့ဆောင်ရေးလုပ် ငန်းမှာရှိတဲ့ မော်တော်ကား ၃၀ ရာခိုင် နှုန်းလောက်ကို အင်ဂျင်ပြောင်းကာ ဇီ၀ လောင်စာဆီတွေနဲ့ အစားထိုးအသုံးပြု ံပြီး တစ်ချိန်တည်းမှာပဲ လျှပ်စစ်ဓာတ် အားနဲ့ မောင်းနှင်နိုင်တဲ့ ကားတွေကို အသုံးပြုသွားဖို့လိုတယ်လို့ ညွှန်ပြသွား ပါတယ်။ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီ လလောက်ကတည်းက သမ္မတအို ဘားမားအစိုးရဟာ အမေရိကန်စီး ပွားရေး ပြန်လည်နာလန်ထူရေးနဲ့ ပြန်လည်ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မော်တော်ကားတွေမှာ အသုံးပြုနိုင်တဲ့ အလွန်တိုးတက်ကောင်းမွန်တဲ့ဘက် ထရီတွေတီထွင် ထုတ်လုပ်ဖို့ အမေရိ ကန်ဒေါ်လာ ၂ ဘီလျံ အကူအညီ ထုတ်ပေးခဲ့ပါတယ်။ အမေရိကန် နိုင်ငံရဲ့ လောင်စာစွမ်းအင် လွတ်လပ်ရေးအတွက် ၂၀၁၅ ခုနှစ် ရောက်ရင် အမေရိကန်လုပ် လျှပ်စစ် ကားတစ်သန်းကို လမ်းတွေပေါ်မှာ မောင်းနှင်နိုင်အောင်ရည်ရွယ်ပြီး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအဖို့ ဓာတ်ဆီ၊ ဒီဇာယ် ဆီလောင်စာသုံး အင်ဂျင်တွေ အစား လျှပ်စစ်ဓာတ်အားသုံးအင်ဂျင်တွေကို ပြောင်းလဲအသုံးပြုရတာဟာ တော်လှန် ပြောင်းလဲမှုကြီးတစ်ရပ်ပဲ ဖြစ်ပါတယ်။ ယခုအခါ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီသုံး ခုဖြစ်တဲ့ General Motors, Ford နဲ့  Chrysler  တို့ဟာ လာမယ့် နှစ်အတွင်း မိမိတို့တီထွင်ထုတ်လုပ်ထားတဲ့ လျှပ်စစ် ကားအမျိုးမျိုးကို ထုတ်လုပ်ပြသလာ စရာရှိနေပါတယ်။ General Motors ကုမ္ပဏီအနေနဲ့ မိမိတို့ရဲ့လျှပ်စစ်ကား  Chevyvolt  မှာအသုံးပြုမယ့် လီသီယမ် အိုင်းရင်းဘက်ထရီတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ Fordကုမ္ပဏီက တော့ မိမိရဲ့လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီဖက်စပ်ကားဖြစ်တဲ့ Escape ကိုထုတ်လုပ်ရောင်းချရာမှာ စီးရေတစ်သိန်းကျော် ရောင်းချခဲ့ပြီးဖြစ် တယ်လို့ သိရပါတယ်။ ယခုအခါ လျှပ်စစ်ကားအမျိုးမျိုးထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သမ္မတအိုဘားမားကိုယ် တိုင် မော်တော်ကား ထုတ်လုပ်တဲ့ကုမ္ပ ဏီတွေကို တွေ့ဆုံ ပြောကြား ရာမှာ ''အမေရိကန်နိုင်ငံအတွင်း လျှပ်စစ်ကား ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းသစ်ကြီးတွေ တည်ထောင် နေတာကို ကျွန်တော် တို့အစိုးရအနေနဲ့ အလွန်အရေးကြီးတဲ့ လုပ်ငန်းလို့ မှတ်ယူပြီး အလေးအနက် ထားရှိကြောင်း သိရှိစေလိုပါတယ်။ ကျွန်တော်တို့ဟာ လျှပ်စစ်ကားစက်မှု လုပ်ငန်းကြီးတွေကို အားပေးကူညီရုံ သက်သက်မဟုတ်ဘဲ အဲဒီမျိုးဆက်သစ် မော်တော်ကား တွေနဲ့ ပတ်သက်တဲ့ နည်း ပညာရပ်မှာ အမေရိကန်နိုင်ငံက ဦးဆောင်နိုင်အောင် ရင်းနှီးမြှုပ်နှံ နေခြင်း ဖြစ်တယ်''လို့ ပြောကြားသွားခဲ့ပါတယ်။ ယခုအခါ အမေရိကန်နိုင် ငံမှာ မော်တော်ကားအဓိကထုတ် လုပ်နေတဲ့ မစ်ဂျီကန်ပြည်နယ်ရှိ မော်တော်ကားထုတ်လုပ်ရေး သုတေ သနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနပေါင်း ၃၃၀ မှာ လျှပ်စစ်ကား အင်ဂျင်ထုတ် လုပ်ရေးနည်းပညာကို သုတေသနပြု ဖော်ထုတ်နေကြတယ်လို့ သိရပါ တယ်။ ပိုမိုအစွမ်းထက်တဲ့ လီသီယမ် အိုင်းရင်း ဘက်ထရီတွေ ထုတ်လုပ် လာနိုင်ရင် မော်တော်ကားဈေးကွက် ကြီးဟာ လုံးဝပြောင်းလဲသွားစရာ ရှိနေကြောင်းပါခင်ဗျား။Ref: '' Pulling The Plug On Oil "  By Steven Chu (Newsweek)မောင်ပုဆိုးကြမ်း