Main menu

Background

ရာသီဥတု ပြောင်းလဲမှု ခုခံကာကွယ်ရေးအတွက် စံပြုရမည့် အုလုမာဆန်သစ်တော REDD စီမံကိန်း

Fri, 01/29/2010 - 04:17 -- Anonymous (not verified)

စိမ်းလန်းတဲ့ သစ်ပင်တွေဟာ နေရောက်ခြည်ကို အသုံးပြုပြီး လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့တွေကို စုပ်ယူကာ အစာ ချက်လုပ်ကြပါတယ်။ ဒါကြောင့် အမြဲစိမ်းလန်းနေတဲ့ သစ်တောကြီးတွေကို ပတ်ဝန်းကျင် လေထုထဲက ညစ်ညမ်းတဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့တွေ သန့်စင်အောင်လုပ် ပေးနေတဲ့ အကောင်းဆုံး သဘာ၀ ယန္တယားကြီး လို့ ခေါ်ဆိုနိုင်ပါ တယ်။ ဒါပေမယ့် အဲဒီသစ်တော ကြီးတွေကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲပြီး ပျက်သုဉ်း အောင်လုပ်ခဲ့ရင်ဖြစ်ဖြစ်၊ မီးရှို့ရှင်း လင်းခဲ့ရင်ဖြစ်ဖြစ် ကာဗွန်ဒိုင် အောက် ဆိုက်ဓာတ်ငွေ့ စုပ်ယူနေမှု လျော့ နည်းသွားတဲ့အပြင် လေထုထဲ ကာ ဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ အများဆုံး ထုတ်လွှတ်လာနိုင်တဲ့ ဒေသတွေဖြစ်လာနိုင်ပါတယ်။ လူ့ပယောဂကြောင့် သစ် တောတွေပျက်စီး၊ မီးလောင်မှုတွေက နေထွက်ရှိတဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ပမာဏဟာ စုစုပေါင်းကမ္ဘာ့ ထုတ်လွှတ်မှုရဲ့ ၁၅ ရာခိုင်နှုန်းအထိ ရှိ လာပါတယ်။ အဲဒီပမာဏဟာ ကမ္ဘာ မှာရှိတဲ့ စုစုပေါင်းမော်တော်ကားအရေ အတွက်နဲ့ လေယာဉ်အရေအတွက်တွေ က ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ ပမာဏထက်များတယ်လို့ သိရပါတယ်။ ကမ္ဘာ့သစ်တောအားလုံး မှာရှိတဲ့ ကာဗွန်ဓာတ ်ပမာဏဟာ တန် ချိန်ပေါင်း ဘီလျံ ၃၀၀အထိ ရှိတဲ့ အတွက် လက်ရှိကမ္ဘာမှာ တစ်နှစ်ကို ထုတ်လွှတ်နေတဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ပမာဏထက် အဆ ၄၀ များပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ မိုးသစ် တောကြီးတွေဆိုရင် အလွန်လျင်မြန်စွာ ပျက်စီးနေကြပြီး မီးရှို့မှု၊ မီးလောင်မှုတွေ ကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့ထုတ်လွှတ်မှုဟာ တရုတ်နဲ့အမေရိ ကန်နိုင်ငံတွေပြီးရင် တတိယအများဆုံး နိုင်ငံဖြစ်လာပါတယ်။ Greenpeaceအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ ၁၉၅၀ ပြည့်နှစ်ကတည်းက ခုတ်လှဲဖျက်စီးတာ ခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သစ်တော ဧရိယာဟာ စုစုပေါင်းဧက ၁၈၂သန်း (စတုရန်းကီလိုမီတာ ၇၄၀၀၀၀)အထိ ရှိတယ်လို့သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အာချီပြည် နယ်မှာရှိတဲ့ အုလုမာဆန် (Ulu Masen) သစ်တောကြီးဟာ အင်ဒိုနီးရှားနိုင်ငံမှာ  ရှိတဲ့ မိုးသစ်တောကြီးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဧက ၁ ဒသမ ၉ သန်း (စတုရန်းကီလိုမီတာ ၇၇၀၀) ကျယ်ဝန်း တယ်လို့ သိရပါတယ်။ အုလုမာဆန် မိုးသစ်တောဟာ ကုလသမဂ္ဂက ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သစ်တောတွေ ဆုတ်ယုတ်ပျက်စီးခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့လျှော့ချရေး အစီအစဉ် (Reducing Emissions from deforestation and Fores Degradation in Developing Countries_ REDD) အရ ပထမဆုံးအကောင် အထည်ဖော်နေတဲ့ သစ်တောကြီးပဲဖြစ် ပါတယ်။ တစ်နည်းအားဖြင့်ငွေကြေး အကူအညီ မက်လုံးပေးပြီး သစ်တော တွေကို မူလအခြေအနေ အတိုင်း ပြန် လည်ရောက်ရှိအောင် ပြုစုပျိုးထောင်၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေခြင်း ဖြစ်ပါတယ်။ အုလုမာဆန်သစ်တော ကို ပြုစုကာကွယ်ခြင်းဖြင့် လာမယ့် အနှစ် ၃၀ အတွင်း ခန့်မှန်းခြေ ကာ ဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တန် ချိန် သန်း၁၀၀ ကမ္ဘာ့လေထုအတွင်း ထုတ်လွှတ်ခြင်းမှ ကာကွယ်နိုင်မယ် လို့ သိရပါတယ်။ အဲဒီကာဗွန်ခရက် ဒစ် (carbon credit) တန်ချိန် သန်း ၁၀၀ကို အရောင်းအဝယ်ပြုဖို့ အ မေရိကန်ဘဏ်ကြီးဖြစ်တဲ့Merrill Lynn က ၄ နှစ်ကာလအတွက် အမေရိကန်ဒေါ်လာ ၉သန်း ရင်းနှီး မြှပ်နှံခဲ့ပါတယ်။ အုလုမာဆန်သစ် တောကြီးကနေ လာမယ့် ၅ နှစ် အတွင်း ကာဗွန်ခရက်ဒစ်ရောင်းရ ငွေဟာ အမေရိကန်ဒေါ်လာ ၂၆ သန်းရရှိနိုင်ပြီး အဲဒီငွေတွေကို သစ် တောကြီးမပျက်စီးအောင် ကာ ကွယ်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ အသစ်ပျိုးထောင်စိုက်ပျိုးတဲ့လုပ်ငန်း တွေနဲ့ အဲဒီသစ်တောကြီး အတွင်းရှိ ဇီဝမျိုးကွဲသတ္တဝါတွေရဲ့ ဘေးကင်း လုံခြုံရေးနဲ့ မျိုးမသုဉ်းရေး လုပ်ငန်း တွေမှာ သုံးစွဲလာနိုင်ပါတယ်။ အုလုမာဆန်သစ်တောကြီး မှ သစ်တွေကိုတရားမဝင်ခိုးယူခုတ်လှဲသူ တွေနဲ့ တောရိုင်း တိရစ္ဆာန်တွေကို ပစ် ခတ်ဖမ်းဆီးသတ်ဖြတ်တဲ့ မုဆိုးတွေရဲ့ ရန်ကနေကာကွယ်ဖို့ လန်ဒန်မှာ အခြေ စိုက်တဲ့ Fauna and Flora International (FFI) အဖွဲ့ကြီးက လေ့ကျင့်ပေး တဲ့ သစ်တောထိန်းသိမ်းကာကွယ်စောင့် ရှောက်ရေးဝန်ထမ်းတွေက ကင်းလှည့် စောင့်ကြပ် ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိအာချီပြည်နယ်အုပ် ချုပ်ရေးမှူးဟာ ယခင်အာချီပြည်နယ် လွတ်မြောက်ရေး လှုပ်ရှားမှုခေါင်းဆောင် ဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ အင်ဒိုနီးရှား အစိုးရနဲ့ သမိုင်းဝင်ငြိမ်းချမ်းရေးရယူခဲ့ သူပဲ ဖြစ်ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ် ဇွန်လမှာကတည်းက သူအုပ်ချုပ်နေတဲ့ အာချီပြည်နယ်မှာ စီးပွားရေးအရောင်း အဝယ်အတွက် သစ်ခုတ်တာကိုခွင့်မပြု တော့ဘဲ တားမြစ်ခဲ့ပါတယ်။ ယခုအခါ ပြည်နယ်အစိုးရကခန့်အပ်ထားတဲ့ သစ် တောထိန်းသိမ်းကာကွယ်ရေးစနစ် ဝန် ထမ်းတွေဟာ FFI အဖွဲ့ကဝန်ထမ်း တွေနဲ့ ပူးပေါင်းပြီး အုလုမာဆန်သစ် တောကြီးကို ဝိုင်းဝန်းစောင့်ကြပ်နေကြ တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အာချီ ပြည်နယ်အပြင် အခြားပြည်နယ်တွေမှာ လည်း ယခင်ကလို သစ်တောတွေ ခုတ် ထွင်ရှင်းလင်းပြီး ဆီအုန်းခြံတွေထူ ထောင်မယ့်အစားREDDစီမံကိန်းတွေ ဆောင်ရွက်ကြဖို့ အပြိုင်အဆိုင်ကြိုးစား လာနေကြပါတယ်။ ဒါကြောင့် မကြာမီ အင်ဒိုနီးရှားနိုင်ငံမှာ REDD စီမံကိန်း ပေါင်း တစ်ဒါဇင်ကျော်ရှိလာနိုင်ပါ တယ်။ လောလောဆယ် သြစတြေးလျ နိုင်ငံ Macguanic Group ရင်းနှီးမြှုပ်နှံ မှုဘဏ်နဲ့ဖက်စပ်ပြီ: FFI အဖွဲ့ဟာ အင် ဒိုနီးရှားနိုင်ငံမှာ REDD စီမံကိန်းသုံးခု နဲ့ ကမ္ဘောဒီးယား၊ အီကွေဒေါနဲ့ လိုင် ဗေးရီးယားနိုင်ငံတွေမှာ ၁ခုစီ၊ စုစုပေါင်း ၆ခု လုပ်ကိုင်ခွင့်ရရှိထားတယ်လို့ သိရပါတယ်။ ၂၀၀၉ခုနှစ် အောက်တို ဘာလအတွင်း အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့မှာ အင်ဒိုနီးရှား နိုင်ငံ အာချီပြည်နယ် အုပ်ချုပ်ရေး မှူး ရှာဂါဇင်ဂျာအာနိုးအပါအဝင် သစ်တော<ကယ်ဝတဲ့ ဒေသတွေက ခေါင်းဆောင်ပေါင်း ၃၀ကျော်ဟာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ရာသီဥတုပြောင်းလဲမှုကို ခုခံကာ ကွယ်ဖို့ REDD စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက် ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြပါ တယ်။ ဒါ့ကြောင့်မကြာမီ ကမ္ဘာ အနှံ့မှာ အုလုမာဆန်သစ်တောကြီး ရဲ့REDDစီမံကိန်းကို စံပြုကာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တွေကို စုပ်ယူပြီး အောက်ဆီဂျင် ဓာတ်ငွေ့တွေ ထုတ်လွှတ်ပေးတဲ့ သဘာဝသစ်တော ယန္တယားကြီး  (Forest Factories) တွေ ပေါ်ထွန်း လာနိုင်ကြောင်းပါခင်ဗျား။Ref: ''Keep The Jungle Alive''By Andnew Manshall (Time)မောင်ပုဆိုးကြမ်း