မဟာစီးပွားပျက်ကပ်(Great Depression) နောက်ပိုင်း အဆိုးဝါးဆုံး ဖြစ်ခဲ့သည့် ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းကို ၂၀၀၈ခုနှစ် စီးပွားရေး တုံ့နှေးကျဆင်းမှုကြီး(Great Recession)ဟုပင် သတ်မှတ်သည်။ ယင်းအကျပ်အတည်း၏ နောက်ဆက်တွဲ နိုင်ငံရေးနှင့် လူမှုရေး အကျိုးဆက် များသည် မှန်းထားသလောက် မဆိုးဝါး မပြင်းထန်ခဲ့ပေ။ ၁၉၉၇-၉၈ အာရှငွေကြေး အကျပ်အတည်း ဖြစ်ပြီးနောက် ဖွံ့ဖြိုးဆဲနိုင်ငံ အစိုးရများ ကစင့်ကရဲ ဖြစ်ခဲ့ရမှုမျိုး မပေါ်ပေါက် ခဲ့ချေ။ ၂၀၀၈ ခုနှစ် စတုတ္ထသုံးလပတ် အတွင်းက ချမ်းသာနိုင်ငံများ၏ အမှန်ဂျီဒီပီတန်ဖိုး သည် ၅%မှ ၁၀% အထိ ကျဆင်း သွားခဲ့ပြီး၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဘရာဇီးလ်တို့အပါအဝင် ကမ္ဘာတွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးနေသည့် နိုင်ငံများ၏ နှစ်ချုပ်ဂျီဒီပီ ကျဆင်းမှုနှုန်းသည် ၁၅% ဝန်းကျင် အထိ ရောက်သွားခဲ့သည်။ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးလုပ် ငန်းတို့တွင် အနောက်နိုင်ငံများနှင့် ချိတ်ဆက်ထားကြသည့် အတိုင်းအတာ အလျောက် စီးပွားရေး ထွန်းသစ်စ နိုင်ငံများအကြား ထိခိုက်နစ်နာမှု ကွဲပြား ခဲ့ကြသည်။ ၂၀၀၈ ခုနှစ် စတုတ္ထ သုံးလပတ် အတွင်းက အာရှကျားနိုင်ငံ များ၏ ပို့ကုန်ရောင်းချမှု ပမာဏသည် ထက်ဝက်ခန့် အထိပင် ချောက်ချားဖွယ် ကျဆင်းသွားခဲ့သည်။ အနောက်နိုင်ငံ ဘဏ်လုပ်ငန်းများတွင် အကျပ်အတည်း ကြုံတွေ့ လာရသဖြင့် ထွန်းသစ်စနိုင်ငံ များသို့ အရင်းအနှီး စီးဝင်မှုသည်လည်း ထိုးကျသွားခဲ့ရသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ဇာတ်သိမ်း သွားပြီဟု သုံးသပ် သူအများအပြား ပေါ်ထွက်ခဲ့သည်။ စီးပွားထွန်းသစ်စ နိုင်ငံများက အနောက် နိုင်ငံများ၏ စီးပွားရေး အကျပ်အတည်း ကူးစက်လာမည်ကို ကာကွယ်ရန် အတွက် မိမိပြည်တွင်း စီးပွားရေးကို အလေးပေးရန် အတွင်းဘက်သို့ ပြန်လှည့်ကြ လိမ့်မည်ဟု တွက်ဆခဲ့ကြ သည်။ အချို့ကလည်း လူဦးရေသန်းရာ ပေါင်းများစွာ ငတ်မွတ်ကြလိမ့်မည်ဟု ဟောကိန်း ထုတ်ခဲ့ကြ သည်။ ၂၀၁၀ ပြည့် နှစ်ဆန်းချိန်တွင် နှစ်ပေါင်း ၄၀ အတွင်းပထမဆုံးအကြိမ် အဖြစ် စားနပ်ရိက္ခာ မလောက်ငသူ ဦးရေ အမှန်တကယ်ပင် သန်းတစ်ထောင် ဖြစ်လာသည်။ သို့သော်လည်း အခြားခန့် မှန်းချက်များကမူ လွဲချော်သွားခဲ့သည်။၂၀၀၈ ခုနှစ် နောက်ဆုံး သုံးလအတွင်း ကပ်ဘေး တစ်ခုပြီး တစ်ခု တွေ့ကြုံခဲ့ကြသော်လည်း ၂၀၀၉ ခုနှစ်တွင် နာလန်ထ စီးပွားရေးသည် အရင်းအနှီး၊ ငွေချေးဘွန်းစာချုပ်အရောင်းအဝယ်နှင့် စတော့ဈေးကွက်များ၏ အခြေအနေတို့ ဖြင့် တိုင်းတာကြည့်လျှင် ထူထူထောင် ထောင်ဖြစ်လာသည်ဟုဆိုနိုင်သည်။ လူဦးရေ အထူထပ်ဆုံး ဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ချမ်းသာ နိုင်ငံများ၏ စီးပွားရေး အကျပ်အတည်း ဒဏ်ကို များများစားစား မခံခဲ့ရသဖြင့် ရီဆက်ရှင် အဆင့် အထိ မရောက်ဘဲ ဖွံ့ဖြိုးမှု အရှိန်နှေးသွား ရုံသာ ဖြစ်ခဲ့သည်။ ဘရာဇီးလ်နှင့် အာရှကျားနိုင်ငံများ၏ ကုန်ထွက် ကျဆင်းသွားခဲ့ ရသော်လည်း ပုံမှန်အခြေ အနေသို့ ပြန်ရောက်လာသည်။ ဘောလ် တစ် နိုင်ငံများတွင်မူ စီးပွားပျက်ကပ် အဆင့်သို့ ကျရောက်သွားခဲ့သည်။ အမေရိက စီးပွားရေး အပေါ်အမှီပြုခဲ့ သည့် မက္ကစီကိုတွင်လည်း အထိနာခဲ့ သည်။ အရှေ့ဥရောပနိုင်ငံများမှာ အာရှ နိုင်ငံများထက် ဆိုးဝါးစွာထိခိုက်ခဲ့ ကြပြီး၊ ဆင်းရဲသော အာဖရိကနိုင်ငံများ သည် ဝင်ငွေ အလယ်အလတ်တန်း ရှိကြသည့် အာရှနိုင်ငံ များထက် ပိုပြီး ထိခိုက်နစ်နာခဲ့သည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကို ရင်ဆိုင်ခဲ့ကြရာ၌ အနောက်နိုင်ငံ သားများနှင့် နှိုင်းယှဉ်ကြည့်တော့ ထွန်း သစ်စအာရှနိုင်ငံသားများက ကိုယ့်နိုင်ငံ၊ ကိုယ့်အစိုးရအပေါ် ပိုပြီးကျေနပ်အားရ ခဲ့ကြသည်။ စစ်တမ်းကောက်ကြည့်ရာ တွင် ၄၀ရာခိုင်နှုန်းကျော်က မိမိတို့ ဘဝကို ကျေနပ်ကြသည်။ တရုတ်နိုင်ငံ မှာဆိုလျှင် ကျေနပ်အားရသူ ၈၇% ကျော်ရှိခဲ့သည်။ ပြင်သစ်၊ ဂျပန်နှင့် ဗြိတိန်နိုင်ငံတို့တွင်မူ ကျေနပ်သူ ၃၀% အောက်တွင်သာ ရှိသည်။ ဤအခြေ အနေက စီးပွားရေး အကျပ်အတည်းမှ မြန်ဆန်စွာ နာလန်ထလာနိုင်ခြင်းကို ထင်ဟပ်ပြသည်ဟု ဆိုပါသည်။ အချုပ်ပြောရလျှင် ပြီးခဲ့သည့် အကျပ်အတည်း ကာလအတွင်း ယိမ်းယိုင်နေသည့် အခြေအနေ များထဲမှ ဖွံ့ဖြိုး ဆဲနိုင်ငံ အများစု၏ စီးပွားရေး စီမံခန့်ခွဲ မှုအရည်အချင်းမှာ ချီးကျူးဂုဏ်ပြုဖွယ် ဖြစ်ခဲ့သည်။ အရင်းအနှီး ဈေးကွက်များ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ လာအောင် စွမ်းဆောင် နိုင်ခဲ့ကြသည်မှာလည်း အံ့သြဖွယ် ကောင်းသည်။ ဘဏ္ဍာရေး အထောက်အပံ့ များဖြင့် မြန်ဆန်စွာ တုံ့ပြန်ဖြေရှင်းနိုင်ခြင်း ကြောင့်လည်း ထွန်းသစ်စနိုင်ငံများ၏ ဘဏ္ဍာရေး ဆိုင်ရာ အမြော်အမြင် ကြီးမားမှုသည် အထင်ကြီး လေးစားရဖွယ် ဖြစ်လာရသည်။ စီးပွားရေး ပါဝါသည် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာပင် အနောက်နိုင်ငံများအား စွန့်ခွာလာခဲ့ပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ရီဆက်ရှင်က အထင်အရှား ပြသလိုက်သည်ဟု သုံးသပ်ကြသည်။ စီးပွားရေး ထွန်းသစ်စ နိုင်ငံကြီး ၂၀ ၏ ေ<ကးမြီ-ဂျီဒီပီအချိူး (Debt-to-GDP ratio)သည် အချမ်းသာဆုံး နိုင်ငံ ၂၀ တွင်တင်ရှိနေသည့် ေ<ကးမြီ-ဂျီဒီပီ အချိုး၏ ထက်ဝက်ခန့်သာ ရှိနေသည်။ နောင်နှစ် အနည်းငယ် အတွင်း ချမ်းသာနိုင်ငံများတွင် ေ<ကး မြီတာဝန် ပိုမိုဖိစီး လာဦးမည်ဖြစ်ရာ လာမည့် ၂၀၁၄ ခုနှစ်ရောက်လျှင် ထွန်းသစ်စနိုင်ငံများ၏ေ<ကးမြီအချိုးမှာ ချမ်းသာနိုင်ငံများေ<ကးမြီအချိုး၏ သုံးပုံတစ်ပုံခန့်သာ ရှိလိမ့်မည်ဟု ခန့်မှန်း ထားကြသည်။Ref:The Economistဦးဟန်ထွန်း(အခွန်)
Background