Main menu

Background

ရေခဲမှတ်အောက်ကျဆင်းမှုကြောင့် ကာလင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ် များရွှေ့ဆိုင်း

Sat, 01/16/2010 - 11:12 -- Anonymous (not verified)

   ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်၊ ၃ ရက်နေ့က ကစားရန်စီစဉ်ထားတဲ့ ကာလင်းဖလားဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ် (၂)ပွဲဖြစ်တဲ့ ဗီလာ-ဘလက်ဘန်းပွဲစဉ်နဲ့ မန်စီတီး-မန်ယူတို့ရဲ့ပွဲစဉ်များကို ရေခဲမှတ်အောက်ကျဆင်းနေတဲ့ ရာသီဥတုဆိုးရွားမှုကြောင့် ပွဲစဉ်များ ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။   အဆိုပါအသင်းများကစားမယ့် ဘောလုံးကွင်းများမှာ ဆီးနှင်းများဖုံးလွှမ်းနေခဲ့ပြီး ပွဲကျင်းပရန်မဖြစ်နိုင်တဲ့ အတွက်ပွဲကို ရွှေ့ဆိုင်းခဲ့ ရခြင်းဖြစ်တယ်လို ကာလင်းဖလားပွဲကျင်းပရေးတာဝန်ခံများကပြောကြားခဲ့ပါတယ်။ ဆီးနှင်းတွေ အဆမတန်ကျဆင်းနေမှုကြောင့် ဘောလုံးကွင်းအတွင်းသို့ လာရောက် မည့်ပရိသတ်များအနေဖြင့် အန္တရာယ်များကြောင်း၊ အခုလိုရာသီဥတုမိုျးမှာ နေအိမ်များတွင် နေထိုင်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်များကို လာမဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး၊ ဒုတိယအကျော့အဖြစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။