Main menu

Background

ရွှေဖြစ်မလား ပဲတီစိမ်း

Sun, 06/28/2009 - 17:48 -- cjadmin

ပဲတီစိမ်းက တော်တော် များများ ထွက်လာဖို့ တာစူနေပါပြီ။ ဆောင်းသီးနံှတွေ ပေါ်ချိန်ကုန်ရင် ကြားမှာ စောင့်စရာ ပဲတီစိမ်းပ ဲရှိတာပါ။ ပဲတီစိမ်းကို ဒီနှစ်မှာ စောစော မြင်ရပါတယ်။ ဇူလိုင်လဆိုရင် လှိုင်လှိုင်ပေါ်မယ် ထင်ပါတယ်။ ပဲတီစိမ်း ပေါ်ချိန်မှာ အရေးအကြီးဆုံးက မိုးမဖောက်ဖို့ပါ။ မိုးမိ ပဲတီစိမ်းက ရောင်းပန်း မလှလို့ မိုးအခြေအနေကိုကြည့်ပြီး ဈေးဖွင့်လိမ့်မယ်လို့ ကုန်သည် သတင်းများက ဆိုနေပါတယ်။ မနှစ်က ပဲတီစိမ်းတွေ တရုတ်ကို သွက်သွက် မသွားခဲ့လို့ ဒီနှစ်တော့ အခြေအနေ စောင့်ကြည့် ရမယ်လို့လဲ ဆိုကြပါတယ်။ လက်ရှိ ဈေးကွက်မှာ ထိပ်ဆုံးက ပြေးနေတာက ပဲစင်းငုံပါ။ နောက်က လိုက်နေတာက မတ်ပဲဖြစ်ပါတယ်။ အဲဒီနောက်မှာ ပဲတီရွှေဝါတို့၊ ပဲတီစိမ်းတို့ ဗွီတူးတို့ ဖြစ်ပါတယ်။ ဇွန်လ နောက်ဆုံးပတ်မှာ ပဲတီစိမ်းက မတ္တရာဘက်က ဝင်နေပါတယ်။ အရောင်အဆင်း အရည်အသွေး ကောင်းလို့ ဈေးလဲ ရနေပါတယ်။ မြင်းခြံဖက် ဝင်နေတဲ့ ပဲတီစိမ်းကတော့ ဈေးနည်းတယ်လို့ သိရပါတယ်။ အရည်အသွေး ကတော့ အသင့်အတင့်ပါပဲ။ ဇွန်လထဲမှာ ပဲတီစိမ်းဈေးက လဆန်းမှာ တစ်ပိဿာကို ၁ဝ၄၈ကျပ် (တစ်တန်ကို ၆၄၁ဝဝဝ ကျပ်) ကနေ တစ်ဖြည်းဖြည်း ကျလာပြီး၊ လလယ်မှာ တစ်ပိဿာကို ၉၉၅ ကျပ်နဲ့ ၁ဝ၁ဝကျပ် အတွင်း (တစ်တန်ကို ၆၁ဝဝဝဝ ကျပ်မှ ၆၁၈ဝဝဝ ကျပ် အတွင်းသာ ရှိပါတယ်။ ယခု နောက်ဆုံးပတ် ထဲမှာတော့ တရုတ်ငွေ ဈေးတက်တာရယ်၊ ဒေါ်လာဈေး တက်တာရယ်၊ အခြားပဲများ ဈေးတက် လာတာရယ်ကို နွယ်ပြီး ပဲတီ စိမ်းဈေးလဲ လှုပ်လာပါတယ်။ တစ်ပိဿာကို ၁၁၃၅ကျပ်ကနေ ၁၁၈၇ကျပ်အထိ ဖြစ်လာပါတယ်။ တစ်တန်ဈေးန ဲ့ဆိုရင် ၆၉၅ဝဝဝ ကျပ်ကနေ ၇၂၇ဝဝဝ ကျပ် လောက်ထိ ဖြစ်လာပါတယ်။ တရုတ်ဘက်က ို သွက်သွက်ရောင်း ရမယ်ဆိုရင် ဒီထက် ဈေးလိုက်လာနိုင်တာကြောင့် လှောင်လက်သမားက မိုးအခြေအနေကို လိုက်ပြီး အရည်အသွေး ပြောင်းနိုင်တဲ့ ပဲတီစိမ်းကို စောင့်ကြည့်နေပါကြောင်း သတင်းပေးလိုက် ရပါတယ်။ မျိုးသူ