Main menu

Background

လယ်ယာထွက်ကုန် ဈေးအနည်းငယ်မြင့်တက်လျက်ရှိတဲ့ မြဝတီနယ်စပ်

Tue, 01/19/2010 - 07:22 -- Anonymous (not verified)

   ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှာ ပဲလွန်းဖြူ၊ ပြောင်းဖူးစေ့နဲ့ ရာဘာဈေးများ ဇန်နဝါရီလပထမပတ်ကထက် ဈေးအနည်းငယ် မြင့်တက်လာလျက်ရှိပါတယ်။ ဇန်နဝါ ရီလ ဒုတိယပတ်မှာ ပဲလွန်းဖြူ တစ်တန် လျှင် ၆၀၃ ဒေါ်လာ၊ ပြောင်းဖူးစေ့ ၁ တန်လျှင် ဒေါ်လာ ၁၉၀ နဲ့ RSS - ၃ တစ်တန် လျှင် ၂၂၆၃ ဒေါ်လာဈေး ပေါက်လျက်ရှိပါတယ်။ ယခင် အပတ်ကထက် ပဲလွန်းဖြူ ၁ တန်လျှင် ၆၅ ဒေါ်လာ၊ ပြောင်းဖူးစေ့ ၁ တန်လျှင် ၁၁ ဒေါ်လာနဲ့ ရာဘာတစ်တန်လျှင် ဒေါ်လာ ၁၆၀ ကျော်ခန့်ဈေးမြင့်လာတာဖြစ်ပါတယ်။  ဇန်နဝါရီလဆန်းပိုင်းမှစပြီး ပဲတီစိမ်း၊ နှမ်းဖြူ၊ နှမ်းနက်၊ ပဲလွန်းဖြူ၊ ပဲကြီးစတဲ့ လယ်ယာထွက်ကုန်ဈေးများဖြည်းဖြည်းချင်းမြင့်တက်လျက် ရှိတယ်လို့ မြဝတီနယ်စပ်စခန်းမှသတင်းရရှိပါတယ်။Source: နကသ (မဝတ)MIRT (DOBT)