Main menu

Background

အင်တာနက်၊ မိုဘိုးလ်ဖုန်းနှင့် လယ်ယာဈေးကွက်

Tue, 02/02/2010 - 06:40 -- Anonymous (not verified)

အင်တာနက်ပေါ်စ ၁၉၉၅ ခုနှစ် ဝန်းကျင်အချိန်က ရောင်းဈေးနှုန်းများ ပွင့်လင်းမြင်သာ ဖြစ်လာစေပြီး၊ ကြားပွဲ စားအဆင့် လျော့နည်းသွားစေမှာဖြစ်၍   မိုဘိုင်းလ်ဖုန်းများနည်းတူ အင်တာနက် သည်လည်း လယ်ယာဈေးကွက်များကို ပိုမိုအကျိုးပြုနိုင်လိမ့်မည်ဟု ဆိုခဲ့ကြ သည်။ လက်တွေ့အားဖြင့်လည်း ဆက် သွယ်ရေးနည်းပညာသစ်များက အမှန် တကယ်ပင် အထောက်အကူပြုခဲ့ ကြောင်း တွေ့ရသည်။ မေခရိုစီးပွားရေးလေ့လာချက်များ အရ အင်တာနက်နှင့်မိုဘိုင်းလ်ဖုန်း တို့သည် စီးပွားရေး ဖွံ့ဖြိုးအောင် မြှင့် တင်ပေးကြောင်း သိလာရသည်။ ဖွံ့ဖြိုး ပြီးနိုင်ငံများမှာထက် ဆက်သွယ်ရေး အခြေခံအဆောက်အဦများ ချို့တဲ့ နေသေးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အကျိုးသက်ရောက်မှု ပိုမိုကြီးမားသည်။ မိုဘိုင်းလ်ဖုန်းထက် အင်တာနက်၏ အကျိုး သက်ရောက်မှုက ပိုပြီးကြီးမား သည်ဟု ဆိုသည်။ ကမ္ဘာ့ဘဏ်က ၂၀၀၉ခုနှစ် တွင်ထုတ်ဝေသည့် စာတမ်းအရ မိုဘိုင်းလ် ဖုန်းသုံးစွဲမှု ၁၀ရာခိုင်နှုန်း မြင့်တက်လာ ပါက နိုင်ငံသားတစ်ဦးကျဂျီဒီပီတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဝ.၈ ရာခိုင်နှုန်း တိုးလာပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဝ.၆ ရာခိုင်နှုန်းတိုးလာ ကြောင်းတွေ့ရသည် ဟု ဖော်ပြထားသည်။ အင်တာနက် အသုံးပြုနိုင်ခြင်းကြောင့် နိုင်ငံသား တစ်ဦးချင်းဂျီဒီပီ တိုးတက်မှု ကို နှိုင်းယှဉ်ရာ၌ တယ်လီဖုန်း မှတစ်ဆင့် ချိတ်ဆက်အသုံးပြုနိုင်သည့် ဖွံ့ဖြိုးဆဲ နိုင်ငံတို့တွင် ၁.၁ ရာခိုင်နှုန်း၊ ဖွံ့ဖြိုးပြီး နိုင်ငံတို့တွင် ဝ.၇၅ ရာခိုင်နှုန်းတိုး စေခဲ့ပြီး၊ လှိုင်းခွင်ကျယ်(broadband) ဆက်သွယ်ရေးနည်းပညာဖြင့်ချိတ်ဆက် အသုံးပြုနိုင်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၁.၄ရာခိုင်နှုန်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ၁.၂ရာခိုင်နှုန်း တိုးတက်စေခဲ့ကြောင်း ဖော်ပြထားသည်။  နည်းပညာအသုံးချမှု ပျံ့နှံ့သွားခြင်း ကြောင့် ကုန်စည်အချို့၏ ရောင်းဈေး နှုန်းအပေါ် တိုက်ရိုက် အကျိုးသက် ရောက်မှုရှိခဲ့ကြောင်း မေခရို စီးပွားရေး ဆိုင်ရာအချက်အလက်များဖြင့် သုတေသီ တို့က ဆန်းစစ်တင်ပြခဲ့ကြသည်။ အိန္ဒိယ နိုင်ငံတောင်ပိုင်း ကေရာလာကမ်းရိုး တန်းတွင် မိုဘိုင်းလ်ဖုန်း တိုးချဲ့အသုံးပြု လာနိုင်ခြင်းကြောင့် ၁၉၉၇ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်အကြားတွင် ဈေးကွက် ဝယ်လိုအားထက်ပို၍ မဖမ်းဆီးကြ သဖြင့် ငါးများလေလွင့် ပျက်စီးမှုမရှိ တော့ဘဲ စားသုံးသူများအတွက် လက် လီငါးဈေး ၄ ရာခိုင်နှုန်း သက်သာသွား စေပြီး၊ ရေလုပ်ငန်း လုပ်ကိုင်သူတို့တွင် အကျိုး အမြတ် ၈ ရာခိုင်နှုန်း ပိုရလာ ကြောင်းတွေ့ရ သည်။ ၂၀၀၁ ခုနှစ်နှင့် ၂၀၀၆ခုနှစ်အတွင်း အာဖရိက အနောက်မြောက် ပိုင်းရှိ နိုက်ဂါနိုင်ငံ တွင်လေ့လာချက်အရ မိုဘိုင်းလ်ဖုန်း အသုံးပြုလာနိုင်သဖြင့် ဈေးကွက်များ အကြား ကောက် ပဲသီးနှံဈေးပြောင်းလဲ မှုသည် အနည်းဆုံး ၆.၄ ရာခိုင်နှုန်း လျော့နည်းသွားပြီး၊ လွှဲပြောင်းရောင်း ချစရိတ် သက်သာသွားသဖြင့် စားသုံး သူလက်လီ ရောင်းဈေး လျော့ကျခဲ့ သည်။ ထို့ပြင် ကုန်သည်များတွင်လည်း  အကျိုးအမြတ်ပိုရလာကြောင်း တွေ့ရ သည်။ အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ မဒြာပရာ ဒက်ရှ်ပြည်နယ်ကျေးရွာများတွင် သီးနှံ ဈေးနှုန်း သတင်း အချက်အလက်များ ဖြန့်ဝေပေးရန်အတွက် အင်တာနက်ရုံ ကလေးများ တဖြည်းဖြည်း တိုးချဲ့ဖွင့်လှစ် ပေးခြင်းဖြင့် ပဲပုပ်ဈေးကွက်အပေါ် အကျိုးသက်ရောက်မှုကိုလည်း ကမ္ဘာ့ ဘဏ်က လေ့လာခဲ့သည်။ ဒေသခံ တောင်သူလယ်သမားများက မိမိတို့ စိုက်ပျိုး ထုတ်လုပ်သည့် ပဲပုပ်စေ့များကို အစိုးရကြီးကြပ်မှုအရ ဖွင့်လှစ်ထားသော ကုန်စည်ဒိုင်များတွင် လက္ကားပွဲစား များသို့ ဈေးပြိုင်စနစ်ဖြင့် ရောင်းချ ကြသည်။ ဝယ်သူများ၏ ဈေးကစားမှုကြောင့် တောင်သူများ မနစ်နာရစေရန် ယင်းစနစ်ဖြင့် ရောင်းချစေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကုန်စည်ဒိုင် များတွင် ကုန်သည်အနည်းငယ်သာ ရှိနေသဖြင့် ဈေးကွက်ပေါက်ဈေးကို အမှန်အတိုင်း အသိမပေးဘဲ ထားကာ ပေါက်ဈေးထက်လျှော့၍ ကုန်သည်ချင်း ဈေးညှိဝယ်ယူကြခြင်းဖြင့် အမြတ်ပိုရ အောင်လုပ်နိုင်နေဆဲဖြစ်သည်။ အိန္ဒိယတွင် ပဲပုပ်စေ့အများဆုံး ဝယ်ယူနေသည့် ITCကုမ္ပဏီက ၂၀၀၀ ပြည့်နှစ် အောက်တို ဘာလမှ စတင်ကာ ကျေးရွာများတွင် အင်တာနက်ရုံကလေး များ ထူထောင်ပေးခြင်းဖြင့် ကုန်စည် ဒိုင်ပေါင်း ၆၀ သို့ အနိမ့်ဆုံးနှင့် အမြင့် ဆုံးပေါက်ဈေးကို တစ်နေ့တစ်ကြိမ် ဖြန့်ဝေပေးသည်။ ထို့ပြင် စိုက်ပျိုးရေး နှင့်မိုးလေဝသခန့်မှန်းချက်သတင်းများ ကိုပါ အင်တာနက်မှ တစ်ဆင့် အသိပေးသည်။ ကုမ္ပဏီကအဝယ်စခန်း ၄၅ ခု ဖွင့်ကာ တောင်သူများထံမှ တိုက်ရိုက် ဝယ်ယူသည်။ ထိုသို့စီစဉ်နိုင်ခြင်းကြောင့် ယခင်ကုန်စည်ဒိုင်များတွင် ရောင်းဈေး ထက်ပျမ်းမျှ ၁.၇%ပိုပြီးရစေသဖြင့် တောင်သူများတွင် အကျိုးအမြတ် ၃၃% တိုးလာပြီး၊ အင်တာနက် ရုံကလေးများ ဖွင့်လှစ်ပေးထားသည့်နယ်မြေများတွင် ပဲပုပ်စိုက်ပျိုးမှု ၁၉%တိုးလာကြောင်း တွေ့ရသည်။ ITC ကုမ္ပဏီတွင်လည်း ကုန်ဝယ်စရိတ်လျော့နည်းသွားသဖြင့် အင်တာနက်ရုံ တည်ထောင်ပေးခဲ့ရကျိုး နပ်သည်ဟု ဆိုပါသည်။  အင်တာနက်သည် မိုဘိုင်းလ်ဖုန်း ကဲ့သို့ပင် လယ်ယာထွက်ကုန်ဈေး ကွက်များ ထိရောက် အောင်မြင်ရေးကို အထောက်အကူပြုနိုင်သော်လည်း မိုဘိုင်းလ်ဖုန်းကို ဆင်းရဲသော တောင်သူ လယ်သမားများပင် ဝယ်ယူအသုံးပြုနိုင် သည့်အပြင် အင်တာနက်အသုံးပြု တတ်ရန်အတွက် လိုအပ်သလောက် စာများများတတ်ရန် မလိုချေ။ သို့သော် လည်း ရေရှည်တွင်မူ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အင်တာနက်က ပိုမိုအကျိုးပြုနိုင်မည်ဖြစ်သည်ဟု သုတေ သီတို့က အဆိုပြုသည်။ သို့သော်လည်း ကမ္ဘာ့အဆင်းရဲဆုံးဒေသများအထိ အင်တာနက်သုံးစွဲမှု ပျံ့နှံ့ရောက် ရှိစေရန်အတွက်မူ ICT ကုမ္ပဏီက စီစဉ်ပေးသကဲ့သို့ ရေရှည်ရှင်သန်နိုင် မည့် လုပ်ငန်းမိုဒယ်လ်တစ်ခု ပေါ် ထွက်လာသည့်အပေါ်တွင် မူတည်နေ မည်ဖြစ်ပေသည်။Ref;  The Economist.ဦးဟန်ထွန်း(အခွန်)