Main menu

Background

၂ဝဝ၉ ခုနှစ် ပြည်ပစားအုန်းဆီဈေးကွက်အပြောင်းအလဲ

Wed, 01/13/2010 - 06:16 -- Anonymous (not verified)

၂ဝဝ၉ ခုနှစ် အစပိုင်းမှာ လောင်စာဆီဈေးကျဆင်းခြင်းနဲ့အတူ စားအုန်းဆီဈေးလည်း ကျဆင်းခဲ့ပါတယ်။ ကမ္ဘာမှာ စားအုန်းဆီတင်သွင်းမှု ဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယက ပြည်တွင်းစားဆီဈေး လျှော့ချဖို့အတွက် စားဆီတင်သွင်းခွန် ကင်းလွတ် ခွင့်ပြုခဲ့သလို နိုင်ငံတကာစားဆီဈေးကျဆင်းနေတာကြောင့် စားအုန်းဆီအများဆုံး တင်ပို့တဲ့ အင်ဒိုနီးရှားဟာလည်း စားအုန်းဆီ တင်ပို့ခွန်ကို သုညအထိ လျှော့ချခဲ့ပါတယ်။   ဒုတိယ ၃ လမှာတော့ ရေနံဈေးနှုန်းမြင့်တက်လာခြင်းနဲ့ ဥရောပဟင်းသီးဟင်းရွက်ဈေးမြင့်တက်လာခြင်းက စားအုန်းဆီ ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေခဲ့တာမို့ စားအုန်းဆီဈေး ဆက်လက်မြင့်တက်ခဲ့ပါတယ်။    ဒုတိယနှစ်ဝက်အစပိုင်း နိုင်ငံအနံှ့အပြားမှာ ဆီထွက်သီးနံှအထွက်လျော့နည်းခြင်းကြောင့် ကမ္ဘာ့စားဆီ ဈေး ဆက်လက် မြင့်တက်ခဲ့ရာ ပဲပုပ်ဆီဈေးနဲ့ နေကြာဆီဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ မြင့်တက်ခဲ့သလို စားအုန်းဆီဈေးဟာလည်း တစ်တန်ကို ကန်ဒေါ်လာ ၂၅ဝ မြင့်တက်ခဲ့ပါတယ်။     ဒါပေမဲ့ တတိယ ၃လပတ်မှာ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ စားဆီသိုလှောင်ထားရှိမှုပမာဏက မျှော်လင့်မထားတဲ့ ပမာဏကိုမြင့်တက်ခဲ့လို့ တင်သွင်းမှုလျော့ကျလာတဲ့အတွက် စားအုန်းဆီဈေး ပြန်လည် ကျဆင်းခဲ့ပါတယ်။  အောက်တိုဘာလမှာတော့ အမေရိကန်နဲ့ အာဂျင်တီးနားတို့မှာ ပဲပုပ်အထွက်ပိုမယ့် ခန့်မှန်းချက်တွေ ကြောင့် စားအုန်းဆီ ဈေးအားပျော့ကာ နှစ်ကုန်ပိုင်းမှာတော့ အိန္ဒိယနဲ့ တရုတ်တို့က ဝယ်လိုအားပြန်ခိုင်မာလာ တာရယ်၊ အယ်နီညိုကြောင့် စားအုန်းဆီ အထွက်လျော့ပြီး ရောင်းလိုအားနည်းတာအပြင်၊ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ တင်ပို့မှုတွေများလို့ လက်ကျန်နည်းလာတာ ရယ်ကြောင့် စားအုန်းဆီဈေးပြန်ခိုင်မာလာပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလကစပြီး အင်ဒိုနီးရှားက စားအုန်းဆီကြမ်းတင်ပို့ခွန် ၃ ရာခိုင်နှုန်းကို ပြန်လည်စည်းကြပ်လိုက် တာကြောင့် ၂ဝ၁ဝ မှာတော့ စားအုန်းဆီဈေး ပြန်လည်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။    ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးအနေနဲ့ ရေနံဈေးနှုန်းအပေါ် အခြေခံတဲ့စားအုန်းဆီဈေးနှုန်းဟာ ရေနံဈေးနှုန်း အတက်အကျအရ စားအုန်းဆီဈေး အပြောင်းအလဲများရှိခဲ့သလို ဆီထွက်သီးနံှစိုက်ပိုျးတဲ့နိုင်ငံတွေရဲ့ ရာသီဥတု အခြေအနေ၊ ထွက်ရှိမှုနဲ့ တင်သွင်း နိုင်ငံ၊ တင်ပို့နိုင်ငံများရဲ့ မူဝါဒများအပေါ်လည်း များစွာတည်မှီပြောင်းလဲကြောင်း တွေ့ရှိရပါတယ်။ MIRT (MAPT)