Main menu

Background

၂ဝ၁ဝ မှာ ကမ္ဘောဒီးယားက ဆန်တန်ချိန် ၇ သိန်း တင်ပိုဖို့ မျှော်မှန်း

Sat, 01/16/2010 - 08:51 -- Anonymous (not verified)

      ကမ္ဘောဒီးယားနိုင်ငံဟာ ကောက် ပဲသီးနံှဦးဆောင်တင်ပို့တဲ့နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေတာကြောင့် ဒီနှစ်မှာ ဆန်တန်ချိန် ၇ သိန်းခန့် အထိ တင်ပို့သွားမယ်လို့ စိုက်ပိုျးရေးဝန်ကြီး ချန်တောင်ယူးက  ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြောကြားပါတယ်။ အမေရိက စိုက်ပိုျးရေးဌာနက ပြောကြားတာကတော့ ကမ္ဘောဒီးယားနိုင်ငံဟာ ၂ဝဝ၈ ခုနှစ်ဟာ ဆန်တန်ချိန် ၅ သိန်းတင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ ဖိလစ်ပိုင်လို ဆန်တင်သွင်းမှုများတဲ့နိုင်ငံတွေက အရှေ့တောင်အာရှဆန်ကို ဝယ်လိုအားများပြားကြောင့် ဥရောပ၊ အမေရိကနိုင်ငံများ ကနေဒါ၊ သြစတြေးလျ၊ ဖိလစ်ပိုင်နဲ့ရုရှား နိုင်ငံ တွေကို တိုးမြှင့်တင်ပို့နိုင်ဖို့ ပြည်တွင်းဆန်အရည်အသွေး တိုးတက်ဖို့လည်း ကြိုးပမ်းလျက်ရှိကြောင်း ကမ္ဘောဒီးယားဆန်တင်ပို့ ကုမ္ပဏီဘိုင်တန်ရဲ့  တာဝန်ရှိသူတစ်ဦးကပြောပါတယ်။Sources: reuders