တရုတ်၊ ထိုင်းနဲ့အိန္ဒိယနယ်စပ်များမှ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်များတင်သွင်း
ဇူလိုင် ဒုတိယပတ် အတွင်း တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်များမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၁၃၅၈၄ စီး တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ် ထက် ထိုင်းနယ်စပ်နဲ့ အိန္ဒိယ နယ်စပ် တို့မှပိုမိုတင်သွင်းခဲ့သော်လည်း တရုတ် နယ်စပ်မှ ဆိုင်ကယ် တင်သွင်းမှုလျော့ ကျခဲ့သဖြင့် နယ်စပ်သုံးခုမှ ဆိုင်ကယ် ဝင်ရောက်မှု ၁၄၁၁ စီး လျော့နည်းခဲ့ တယ်လို့ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ် ရေး စခန်းများမှ သိရပါတယ်။