စခန်းစုံမှ ပရဆေးကုန်ကြမ်း တင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၈၈ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်းအမယ် ၁၄ မျိုးကို တန် ၅၀၀ နီးပါး တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ တောချင်း၊ တောဂျူးမြစ်၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊ ဆီးဆန်၊ နေလဲစေ့၊ ကြောင်လျှာစေ့၊ ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ ချင်းခြောက်၊ နနွင်းတက်၊ ချဉ်ပေါင် ဖာလာနဲ့ တောင်လုံးကျော် တို့ဖြစ်ပါတယ်။