Main menu

Background

MNL Grand Royal 2009 ရဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Mon, 01/25/2010 - 05:40 -- Anonymous (not verified)

   မြန်မာနေရှင်နယ်လိဂ်ရဲ့ MNL Grand Royal 2009 ပြိုင်ပွဲရဲ့ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက် နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။   ဆုချီးမြှင့်ပွဲအခမ်းအနားမှာ MNL Grand Royal 2009 ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့ ရတနာပုံအသင်း အား ဆုငွေကျပ်သိန်း ၅ဝဝ၊ ဒုတိယရရှိ ခဲ့တဲ့ ဒယ်လ်တာယူနိုက်တက်အသင်းကို ကျပ်သိန်း ၃ဝဝ၊ တတိယဆုရရှိခဲ့တဲ့ ကမ္ဘောဇအက်ဖ်စီအသင်းကို ကျပ်သိန်း ၂ဝဝ ချီးမြှင့်ပေးခဲ့ပါတယ်။ အသန့်ရှင်း ဆုံးဆုကို ဆောက်သမ်းမြန်မာအက်ဖ်စီ အသင်းကရရှိခဲ့ပါတယ်။ပွဲစဉ်တစ်လျောက် အကောင်းဆုံးဒိုင်လူကြီးအဖြစ် ဦးဝင်းချို၊ အကူ ဒိုင်လူကြီးအဖြစ် ဦးမျိုးဝင်းနဲ့ အသက် ၃ဝနှစ်အောက် အတိုး တက်ဆုံးဒိုင်လူကြီးဆုကို ဦးတင်ထွဋ်တို့ကရရှိခဲ့ကြပါ တယ်။   ဒါ့ပြင် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလအတွင်းကကျင်းပခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်အရန်အသင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရန်ကုန် ယူနိုက်တက်အသင်း၊ ဒုတိယဆုရတဲ့ဇေယျာရွှေမြေအသင်း နဲ့တတိယဆုရ မကွေးအက်ဖ်စီအသင်းတို့ကိုလည်း တာဝန်ရှိသူများ က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒါ့ အပြင် FIFA FAIR PLAY အလံကိုင်ဆောင်သူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဘောလုံးကောက်လူငယ်များကိုလည်း ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါတယ်။