Main menu

Background

Podcast

Sat, 06/27/2009 - 14:29 -- cjadmin

Podcast ဆိုတာဟာခရီးဆောင် မဒီယာပလေနဲ့ ကွန်ပျူတာတွေ အသုံးပြုနားထောင်ဖို့အတွက် syndication feed တွေသုံးကာ အင်တာနက် ကနေ တစ်ဆင့်ဖြန့်ချိတဲ့ ဒီဂျစ်တယ် မီဒီယာဖိုင်တွေကိုဆို လိုခြင်းဖြစ်ပါတယ်။ Podcast ဆို တဲ့ စကားလုံး ကို အသံလွှင့်ခြင်း (broadcast() မှာလိုမျိုးပဲ Syndicate ပြုလုပ်ဖြန့်ချိတာကိုရော ဒီဂျစ်တယ် ဖိုင်တွေအတွက်ပါ (ဥပမာ Podcast လုပ်တယ်၊ Podcast ဖိုင်) စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိကြပြီး တစ်ခါတရံမှာတော့ podcasting ဆို ပြီးလည်း ခေါ်ဆိုတတ် ကြပါတယ်။ Podcast ပြုလုပ်သူတွေကိုဆိုရင် တော့ podcaster လို့သုံးနှုန်းတဲ့ အကြောင်းလည်း သိရပါတယ်။  ဒီစကားလုံးဟာ iPod နဲ့ broadcast ဆိုတဲ့စကားလုံးနှစ်လုံး ကို ပေါင်းစပ်ထားတာဖြစ်ပြီးမူလက Apple ရဲ့ iPod အိတ်ဆောင် သီချင်းဖွင့်စက်တွေအတွက် Podcast script တွေရေးသားကာ မိမိ နားထောင်လိုတဲ့အကြောင်းအရာ တွေကိုဘယ်နေရာမှာ မဆိုနားထောင် နိုင်အောင်ပြုလုပ်ပေးခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ Podcast ဝက်ဘ် ဆိုက်တွေအတွင်း လွှင့်ထုတ်ချက်တွေ ကိုတိုက်ရိုက် download ပြုလုပ်ဖု့ိ နဲ့ stream ပြုလုပ်နားထောင်ဖို့တို့ အတွက် link တွေပေးထားတတ်ပေမယ့် Podcast လို့ဆိုရာမှာ တော့ RSS ဒါမှမဟုတ် Atom စ တဲ့ feed reader တွေကိုသုံးကာ ဝက်ဆိုက်ထဲကအကြောင်းအရာတစ် ခုထည့်သွင်းလိုက်တာနဲ့ အလိုအလျောက် download ပြုလုပ်ပေးနိုင်ရမှာဖြစ် ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေ ကိုရယူဖို့အတွက် podcatchng client ဒါမှမဟုတ် podcatcher လို့ခေါ်တဲ့ဆော့ဖ်ဝဲတွေကို သုံးကြပြီး အများအားဖြင့်တော့ RSS နဲ့ Atom protocol တွေကိုအသုံးပြု ကြပါတယ်။ လက်ရှိလူသုံးအများ ဆုံးဖြစ်နေတဲ့ Podcatching client ကတော့ Apple ရဲ့ iTunes ပလေယာဖြစ်ကာမိုက္ကရိုဆော့ဖ်ရဲ့ Zune Marketplace, Mediafly SyncClient (windows version) ယ Juice (operating system tpHk) ၊ Doppler (Windows Version),၊ Podget (Linux Version), Podracer (Linux Version) စတာတွေကို လည်းအသုံး ပြုနေကြတာ အခုနောက်ပိုင်း ထွက်ပေါ်တဲ့ Amarock,Winamp, Mediamonkey လိုမျိုးအော်ဒီယို ပလေယာဆော့ဖ် ဝဲတွေမှာတောင် Podcatching လုပ်ဆောင်ချက် တွေ ထည့်သွင်းပေးလာတာကို တွေ့ရပါတယ်။ ဒါ့အပြင်အင်တာနက် နဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင် တဲ့ Chumby ကိရိယာတွေကနေ လည်း podcast တွေကိုတိုက်ရိုက် ရယူနိုင်ကြတဲ့ အကြောင်းသိရပါတယ်။ Podcast တွေကို MP3 ပလေယာအသုံးပြုနားထောင်နိုင်သလို ကွန်ပျူတာရဲ့မီဒီယာပလေယာဆော့ဖ် ဝဲသုံးပြီးလည်းနားထောင်နိုင်ကြမှာ ဖြစ်ပါတယ်။ အစပိုင်းမှာ Podcast ကို ဝါသနာရှင်တွေအနေနဲ့ မိမိတို့ရဲ့ ရေဒီယိုထုတ်လွှင့်မှုတွေကိုအင်တာ နက်ကနေဖြန့်ဝေနိုင်အောင်လုပ် ဆောင်ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်း မှာတော့ကျောင်းသင်ခန်းစာတွေ၊ ပြတိုက်ထဲက အကြောင်းအရာတွေ ကိုရှင်းလင်းပြောပြတဲ့အော်ဒီယိုအစီ အစဉ်တွေ၊ အစည်းအဝေးခေါ်ယူမှုနဲ့သတိပေးချက်တွေအတွက်ကျယ် ကျယ်ပြန့်ပြန့်အသုံးပြုလာကြတာ ကိုတွေ့ရပါတယ်။ ပညာရေးကဏ္ဍ မှာဆိုရင်ဆရာတွေအနေနဲ့ မိမိတို့ရဲ့ သင်ခန်းစာတွေကို podcast အဖြစ်ပေးထားခြင်းဖြင့်အတန်းမတက် လိုက်ရတဲ့ကျောင်းသားတွေကနေ ရှင်းလင်းချက်တွေကို အလွယ်တကူ နားထောင်နိုင်ကြမှာဖြစ်တဲ့အပြင် နိုင်ငံခြားဘာသာစကားသင်ယူမှုလည်း ပိုမိုထိရောက်လာတာကိုတွေ့ရပါ တယ်။ ၂၀၀၅ခုနှစ်ဖေဖော်ဝါရီလ၅ရက် နေ့မှာ Shae Spencer Management ူူဃ ကုမ္ပဏီကနေအင်တာ နက်ကတစ်ဆင့်ထုတ်လွှင့်တဲ့ရေဒီယို ပရိုဂရမ်တွေအတွက် Podcast ဆို တဲ့အမည်ကို မူပိုင်ခွင့်လျှောက်ထား ခဲ့ပေမယ့်ပယ်ချခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ Podcast Realty, Guide Pod, Pod Gizmo, Pod- Casting, MyPod, Podver tiser, ePodcast, PodCobin, Podcaster, PodShop, Pod kitchen, Podgram, GodPod စတဲ့ Podcast အမည်ပါ ကုန်အမှတ်တံဆိပ်တွေ မူပိုင်ခွင့်ရရှိခဲ့ကြ ပါတယ်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ၂၆ ရက်နေ့မှာတော့ Apple Computer ကနေ POD လို့အတို ကောက်ခေါ်တဲ့ Portable on Demand ကုမ္ပဏီကိုတရားစွဲခဲ့ပြီး myPodder application တွေ ရေးဆွဲရောင်းချနေတဲ့ Po dcast Ready ကိုလည်းကန့် ကွက်ခဲ့ပါတယ်။ Apple ကတော့ pod ဆိုတဲ့စကားလုံးဟာ၎င်းင်းရဲ့ iPod အိတ်ဆောင် သီချင်းဖွင့်စက် တွေကိုသာ ရည်ညွှန်းရမှာဖြစ်ပြီး တခြားဘယ်သူကမှ အသုံးပြုခွင့်မရှိတဲ့ အကြောင်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်၂၀၀၆ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ Apple ရဲ့ကုန်အမှတ် တံဆိပ်ဌာနကတရားဝင် စာတစ် စောင်ထုတ်ပြန်ခဲ့ပြီးကုမ္ပဏီအနေနဲ့ Podcast ဆိုတဲ့စကားလုံးအသုံးပြု မှုကိုကန့်ကွက်သွားမှာမဟုတ်တော့ တဲ့အပြင်အဲဒီစကားလုံးအတွက်လိုင် စင်ရယူထားမှုလည်းရှိတော့မှာမ ဟုတ်တဲ့ အကြောင်း ပြောဆိုရေးသားထားပါတယ်။