အင်္ဂလန်နိုင်ငံသို့သွားရောက် ပညာဆည်းပူးလိုသော မြန်မာကျောင်းသူကျောင်းသားများအတွက် ကုန်ကျစရိတ်သက်သာစွာ ဖြင့် MBA ဘွဲ့ရယူနိုင် ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း STUDY ABROAD INFOR-MATON CENTRE မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။
'' University of Wales ကနေ ပေးအပ်တဲ့ MBA in Hospitality Management (Condensed) ဘွဲ့ကိုကုန်ကျ စရိတ်သက်သာစွာနဲ့သွားရောက်သင်ယူနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။ ကျောင်းလခအနေနဲ့ မြန်မာငွေကျပ် သိန်း ၇ဝ၊ စတာလင်ပေါင် ၃၅ဝဝ ခန့် သာကုန်ကျမှာဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ လိုအပ် တဲ့အရည်အချင်းစာရွက် တွေနဲ့အင်္ဂလိပ် စာအရည်အချင်း IELTS 6.0 ရှိရမှာဖြစ် ပါတယ်။ တကယ်လို့ IELTS 6.0 မပြည့်လို့ရှိရင်ကျောင်းနဲ့ဆက်သွယ်ပြီး MBA Course နဲ့တွဲဖက်သင်ကြားနိုင် အောင်ဆောင်ရွက်ပေးပါတယ်''ဟု ယင်းကပြောသည်။
အဆိုပါ မြန်မာကျောင်းသားများ တက်ရောက်ရမည့် Eding, Hammersmith & West London College (EHWLC) သည်အင်္ဂလန်နိုင်ငံရှိ နှစ် ပေါင်း ၁၅ဝ ကျော်ကြာမြင့်ပြီဖြစ်သော တက္ကသိုလ်အကြိုကောလိပ်တစ်ခုဖြစ်ပြီး တက်ရောက် သူများသည် တစ်နှစ်အ တွင်း MBA ဘွဲ့ကိုရရှိမည်ဖြစ်ကြောင်းနှင့် မတ်လအတွင်းတက်ရောက်နိုင်ရန် အတွက်ဖုန်း ၅၂၄၁၂၆၊ဝ၉၈ဝ၂၂၁၈၄ သို့ ဆက်သွယ်စုံစမ်း တက်ရောက်နိုင်ကြောင်းသိရသည်။