Main menu

Background

၂၁ ရာစုကုန်သွယ်မှုစနစ်အတွက် အရေးပါသောအရာ

Thu, 09/29/2022 - 10:26 -- journal_editor

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့  (World Trade Organization-WTO)၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်(Trade Facilitation Agreement -TFA)  သည် ၂၀၁၇ ခုနှစ်တွင် စတင်သက်ဝင်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ ကြား ဆယ်စုနှစ် တစ်ခုကျော် ဆွေးနွေးညှိနှိုင်းပြီးနောက်   TFA စတင် သက်ဝင်ခဲ့ခြင်းဖြစ်သည်။   အထူးသဖြင့် WTO TFA သဘောတူ စာချုပ်အရ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံအဆင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး အစီအမံများကို လိုက်ပါအကောင်အထည်ဖော်ကြ သည်။

အဓိပ္ပာယ်နှင့်အရေးပါစေသော အချက်များ
ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတွင် ကုန်သွယ်မှုစရိတ် လျှော့ချရန်၊  ကုန်သွယ်မှု  စွမ်းဆောင်ရည် အတိုးတက်ဆုံးဖြစ်ရန်၊ ပွင့်လင်းမြင်သာမှု သို့မဟုတ် ကြိုတင်ခန့်မှန်းနိုင်မှုကို မြှင့်တင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းစဉ်များကို လွယ်ကူ ရှင်းလင်းစေခြင်း၊ ခေတ်မီစေခြင်းနှင့် တစ်ပြေးညီရှိစေခြင်း သို့မဟုတ်  စံသတ်မှတ်ခြင်းတို့ ပါဝင်သည်။ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစဉ် များတွင်  ပို့ကုန်၊ သွင်းကုန်နှင့် တစ်ဆင့် ဖြတ်သန်းကုန်သွယ်ရေး လုပ်ငန်းစဉ်များ အကျုံးဝင်ပါသည်။ ထို့ကြောင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး (Trade Facilitation) ဆိုသည်မှာ အကောက်ခွန်နှင့် နယ်စပ် လုပ်ထုံးလုပ်နည်းများသာမကဘဲ သမားရိုးကျ ရှုမြင်သော သယ်ယူပို့ဆောင်ရေး  စရိတ်များမှသည် သတင်းအချက်အလက် စရိတ်၊ စာချုပ်ချုပ်ဆိုသည့်စရိတ်နှင့် စည်းကမ်းထိန်းသိမ်းရေးစရိတ် (Regulatory costs) များအထိပါဝင်သည့် ကျယ်ပြန့်သော သဘော တရားတစ်ခုဖြစ်သည်။ထိုကဲ့ သို့ ကျယ်ပြန့်သောရှုထောင့်မှ လေ့လာခြင်းဖြစ်သော ကြောင့်  ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတွင် အကောက်ခွန် မဟုတ်သော အစီအမံများ(Behind–the–border measures) အပြင် စည်းမျဉ်းစည်းကမ်းနှင့်လုပ်ထုံးလုပ်နည်းများ ပါဝင်သည်။  ထို့ကြောင့်  ဘက်စုံကုန်သွယ်မှု   လွယ်ကူချောမွေ့စေရေး(Multifaceted trade facilitation)တွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး(Infrastracture Development) နှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ပေါ်လစီနှင့် လုပ်ငန်းစဉ်များအား  ကျယ်ပြန့်သော  ပြုပြင်ပြောင်းလဲမှုများ(Comprehemsive reforms)ပါဝင်သည်။ ထို့ပြင် ဘက်စုံကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတွင်  စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းကို အထောက်အကူပြုသော  လုပ်သာကိုင်သာရှိသည့်  ပတ်ဝန်းကျင် (Enabling Environment)  ဖန်တီးရေးအတွက် အစိုးရဌာနများ၏ စနစ်များအား ပြုပြင်ပြောင်းလဲမှုများ ပါဝင်သည်။ယခုအခါ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးသည် ယခင် ကထက် ပိုမိုအရေးပါလျက်ရှိသည်။ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးကို ပိုမိုအရေးပါစေသောအချက် ငါးချက်ရှိသည်။ ၎င်းတို့မှာ အကောက်ခွန်မဟုတ်သော အစီအမံများ(Non-tariff  measures-NTMs) မကြုံစဖူး များပြားလာခြင်း၊ ထုတ်လုပ်မှုကွင်းဆက်(Supply chains) ပြတ်တောက်စေသော အချက်များ တိုးပွားလာခြင်း၊ ကမ္ဘာ လုံးဆိုင်ရာ တန်ဖိုးပြောင်းလဲမှုကွင်းဆက် ပြောင်းလဲလာခြင်း (Recon-  figuration of  GVCs)၊ အတုနှင့် မှောင်ခိုကုန်သွယ်မှုပမာဏ(Coun- terfeit and smuggling trade volume)  တိုးတက်လာခြင်းနှင့် နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှု (Cross-border e-commerce) မြင့်မားလာခြင်းတို့ ဖြစ်သည်။
အကောက်ခွန်မဟုတ်သော အစီအမံများ မကြုံစဖူးများပြားလာခြင်း
ကမ္ဘာ့ကုန်သွယ်ရေးလောက၌ အကောက်ခွန်များကို သိသိ သာသာ လျှော့ချနေချိန်တွင် အကောက်ခွန် မဟုတ်သောအစီအမံများ (NTMs) အသုံးများလာသည်ကို  တွေ့ရှိရသည်။ အကောက်ခွန် မဟုတ်သော အစီအမံများ၏ ကုန်သွယ်မှုစရိတ်(Trade costs) သည် ပုံမှန်အကောက်ခွန် ရှင်းလင်းမှုကုန်ကျစရိတ်ထက် နှစ်ဆကျော် ပိုမို များပြားကြောင်း တွေ့ရသည်။ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သတ်မှတ်ချက်များ(Trade facilitation provisions)  သည် အရေးကြီး ပါသည်။ အဘယ်ကြောင့်ဆိုသော် NTM      သည် ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်း အဟန့်အတားများ (Procedural obstacles)နှင့် ဆက်စပ် နေပြီး အဆိုပါအဟန့်အတားများကို ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေး  သတ်မှတ်ချက်များက  တိုက်ရိုက်ဖြေရှင်းပေးနိုင်သော ကြောင့်ဖြစ်သည်။ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အဟန့်အတားများ အဖြစ် ပွင်းလင်းမြင်သာမှုမရှိခြင်း(Lack of transparency) နှင့် စာရွက်စာတမ်း အထောက်အထားများစလိုအပ်ခြင်း  (Duplication of documentation requirements)    စသည်တို့ဖြစ်သည်။ ပွင့်လင်း မြင်သာမှုရှိခြင်းနှင့် အထောက်အထားလိုအပ်ချက် လျှော့ချခြင်းတို့က လုပ်ငန်းရှင်အတွက် စရိတ်လျော့ကျစေသကဲ့သို့ သက်ဆိုင်ရာဌာန၏ စည်းကမ်း ထိန်းသိမ်းရေးစရိတ် လျော့ကျပြီး လုပ်ငန်းစွမ်းဆောင် ရည်ကို မြင့်တက်စေပါသည်။
ထုတ်လုပ်မှုကွင်းဆက် ပြတ်တောက်စေသော အချက်များ တိုးပွားလာခြင်း
ကမ္ဘာ့ကုန်သွယ်ရေး၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များ(Global value chains-GVCs) သည် ပုံမှန်ရောင်းဝယ်နေသော ကုန်သွယ်ရေးနှင့် မတူညီပါ။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးအတက်အကျ မတည် ငြိမ်မှု (Business cycle shocks)နှင့် နိုင်ငံခြား ဝယ်လိုအား မတည် ငြိမ်မှုI (Foreign demand disturbances)  တို့က  GVCများကို ထိခိုက် လွယ်သောကြောင့်ဖြစ်သည်။ သိသာထင်ရှားသော  အချက်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို  တုံ့ပြန်ရာတွင် နိုင်ငံများစွာ၌ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအစီအမံသစ်များ (New Trade Facilitation Measures) ချမှတ် အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုကဲ့သို့ အကောင်အထည်ဖော်ခြင်းအားဖြင့်   ဈေးကွက်ရောင်းလိုအား(Market supply)  ကို ထိန်းသိမ်းခဲ့ကြသည်။ အဆိုပါ  ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး အစီအမံသစ်များအဖြစ် ကုန်သွယ်မှုဆိုင်ရာ အထောက်အထားနှင့် သတင်းအချက်အလက်များအား အီလက် ထရွန်နစ်မှတစ်ဆင့် ပေးပို့မှုI(Electronic Submissions)  ကို လက်ခံ ခြင်း၊ လုပ်ငန်းစဉ်အဆင့်များ လျှော့ချ၍ လုပ်ငန်းလည်ပတ်မှု သွက် လက်မြန်ဆန်စေခြင်း၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ လွယ်ကူ စေရန် ဖြေလျှော့ပေးခြင်း၊ အခြေခံလိုအပ်သော ထုတ်ကုန်များ(Essential products) အတွက်  ဦးစားပေးအစီအစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း စသည်တို့ကို တွေ့မြင်နိုင်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံအလိုက် တုံ့ပြန်သော ပေါ်လစီများက GVC  များ ကောင်းမွန်စွာ လည်ပတ်ရေးအတွက် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသော မသေချာမှုများကGVC များကို ပိုမိုထိခိုက်လွယ်စေကြောင်းလည်း တွေ့ရှိရသည်။ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် ပြောင်းလဲလာခြင်း
ယခုအခါ ထောက်ပံ့ပို့ဆောင်မှု နည်းပညာသစ်များ (New Logistics technologies) ဖြစ်ပေါ်တိုးတက်လျက်ရှိသည်။ အဆိုပါ နည်းပညာသစ်များက ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်  (GVCs)  ကို ပြောင်းလဲစေသည်။ အပြန်အလှန်အားဖြင့် ပြောင်းလဲလာသော တန်ဖိုးကွင်းဆက်များက နည်းပညာသစ်များကို တောင်းဆိုလျက်ရှိ သည်။ ဥပမာ-အင်တာနက်မှတစ်ဆင့် ကိန်းဂဏန်း အချက်အလက် များ ကောက်ယူလွှဲပြောင်းခြင်း (Internet of things-IOT)  သည် ကုန်ပစ္စည်းများ ပို့ဆောင်မှုကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံနိုင် သည်။ ထို့ပြင် ဒီဂျစ်တယ်မှတ်တမ်းထားရှိသော နည်းလမ်း(Block- chain shipping solutions) သည် သင်္ဘောအတင်အချ၊ အကူးအပြောင်း လုပ်သည့်အချိန်ကို လျော့နည်းစေသည်။ ဒီဂျစ်တယ် မှတ်တမ်းထား ရှိသော နည်းလမ်းသည် ငွေကြေးပေးချေမှုကို မြန်ဆန်စေပြီး အလို အလျောက် အကောက်ခွန် ရှင်းလင်းနိုင်သောကြောင့် ကုန်စည်စီး ဆင်းမှုကိုလည်း မြန်ဆန်စေသည်။
ထို့ကြောင့် ယနေ့အချိန်အခါတွင် ထောက်ပံ့ပို့ဆောင်မှုအပြင် ချိတ်ဆက်မှုစနစ်နှင့် သက်ဆိုင်သော ကုန်သွယ်မှုစရိတ်များသည် တန်ဖိုးပြောင်းလဲမှု လုပ်ဆောင်ချက်နှင့် တည်နေရာ ရွေးချယ်မှုတို့ကို အဓိကပြဋ္ဌာန်းသော အချက်များဖြစ်လာသည်။ တစ်နည်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် လုပ်ဆောင်ချက် တိုးတက်ရေး အတွက် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးသည် 
အလွန်အရေးကြီး ကြောင်းတွေ့ရှိရသည်။မှောင်ခိုနှင့် ကုန်ပစ္စည်းအတုကုန်သွယ်သည့်ပမာဏ တိုးတက်လာခြင်းကမ္ဘာ့ကုန်သွယ်ရေး ကျဆင်းခြင်းနှင့် သေးငယ်သော ပါဆယ် ထုပ်များဖြင့် အရောင်းအဝယ် ပိုမိုပြုလုပ်လာခြင်းကဲ့သို့သော ကိစ္စ ရပ်များက ပစ္စည်းအတုများ ရောင်းဝယ်သည့် တရားမဝင် ကုန်သွယ်မှု ကိုဖြစ်ပေါ်စေသည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အဖွဲ့ (Organization of Economic Cooperation and Development-OECD)  ၏ 
ကိန်းဂဏန်းများအရ ၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့သော အတုနှင့် မူပိုင်ခွင့် ချိုးဖောက်သော ကုန်ပစ္စည်းများ(Counterfeit and pirated goods) သည် ၂၀၂၁ ခုနှစ်တွင်    ၃ ဒသမ ၃ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း  သိရှိရသည်။ ထို့ကြောင့် တရားမဝင် ကုန်ပစ္စည်းအတု ကုန်သွယ်မှုကို ရပ်တန့်စေရန် ကုန် သွယ်မှု လွယ်ကူချောမွေ့စေရေး လိုအပ်ပါသည်။ တရားမဝင်ကုန် သွယ်မှု ရပ်တန့်ထိန်းချုပ်ရေးအတွက် ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးကို လုပ်ဆောင်ရာတွင် ပို့ကုန် သွင်းကုန်ဆိုင်ရာ အကောက်ခွန်၊ ကုန်သွယ်ခွန်၊ အခကြေးငွေများနှင့် သက်ဆိုင်သည့် သတင်းအချက် အလက်များ၊ ကုန်စည်စီးဆင်းမှုဆိုင်ရာ သတင်းအချက်အလက်များ ကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန် လိုအပ်သည်။ထို့ပြင် နယ်စပ်၊ လေဆိပ်နှင့် ဆိပ်ကမ်းရှိ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အစိုးရဌာန များကြား ပိုမိုပေါင်းစပ်ညှိနှိုင်းရန် လိုအပ်ပါသည်။နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှု မြင့်မားလာခြင်းမကြာမီနှစ်များမှစတင်၍ ဒီဂျစ်တယ်ကူးသန်းရောင်းဝယ်မှု(Digital Commerce) သိသိသာသာ တိုးတက်လျက်ရှိသည်။ ကုလ သမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ (United Nations Con- ference on Trade and Development-UNCTAD)၏ ခန့်မှန်းချက် အရဒီဂျစ်တယ်ကုန်သွယ်မှုတန်ဖိုးသည် ကမ္ဘာ့ဂျီဒီပီ(Global GDP)  ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပြည်တွင်းကုန်သွယ်ရေးနှင့် အပြည် ပြည်ဆိုင်ရာကုန်သွယ်ရေးတွင် ဒီဂျစ်တယ်ကုန်သွယ်ရေး(Digital Trade) ကို ပိုမိုအသုံးပြုလျက်ရှိသည်။   Digital trade သည်ကုန်သွယ် မှုလွယ်ကူချောမွေ့စေရေး ပြုပြင်ပြောင်းလဲမှုများ (Trade facilitation reforms)  အတွက်  အလွန်လိုအပ်သော  အရာလည်းဖြစ်သည်။ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး(e-commerce)  တွင် ထိထိ ရောက်ရောက် ပူးပေါင်းပါဝင်ရန်အတွက် အလိုအလျောက် နယ်စပ် ဖြတ်ကျော်လုပ်ငန်းစဉ်များ(Automation of cross-border processes) လိုအပ်သည်။ 
အလိုအလျောက် နယ်စပ်ဖြတ်ကျော် လုပ်ငန်းစဉ်ဆို သည်မှာ စာရွက်စာတမ်း အသုံးမပြုသော နယ်စပ်ဖြတ်ကျော် ကုန် သွယ်ခြင်း  (Cross-border paperless trade)  ကိုဆိုလိုသည်။အတိုချုပ် အားဖြင့် ဒီဂျစ်တယ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးချိတ်ဆက်မှု(Trade connectivity)ကို တိုးတက်စေသည့် ဒီဂျစ်တယ်ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေး နည်းလမ်းများ (Digital trade facilitation mechanisms) ပါဝင်သည်။
အဓိကသတင်းစကား
အထက်ဖော်ပြပါ အချက်အလက်နှင့် ဥပမာများအရ သော့ ချက်ကျသည့် သတင်းစကားတစ်ခုရှိသည်။ ယင်းမှာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း သည် ကုန်သွယ်မှုအတွက် အလွန်ကောင်းမွန်သောအရာ ဖြစ်ပါ သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထိ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေး သဘောတူညီချက် (TFA)  ကို ၉၄ ရာခိုင်နှုန်းခန့် အကောင် အထည်ဖော်ထားကြောင်း တွေ့ရှိရသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ များက   ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်းလည်း သိရသည်။                   
              Source: business today.com.mg