Main menu

Background

Monday, 31 Jul 2023

နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများ အပါ အဝင် အပူပိုင်းဒေသနိုင်ငံများတွင် စိုက်ပျိုးကြသည်။ မြန်မာ နိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်များတွင် အဓိကစိုက်ပျိုးကြသည်။ နဂါးမောက်သီး အရသာမှာ ထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိရှိလာသည်နှင့်အမျှ စိုက်ပျိုးစားသုံးမှုမှာလည်း ပိုမိုမြင့်တက် လာကြောင်း သိရှိရသည်။

Tuesday, 18 Jul 2023

မြေခံ၊ ရေခံနှင့် ရာသီဥတုကောင်းသော မွန်ပြည်နယ်သည် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်နှင့် ကျွဲကော စသောသီးနှံများစိုက်ပျိုးဖြစ်ထွန်းသော ပြည်နယ်တစ်ခုလည်းဖြစ်သည်။  မွန်ပြည်နယ်၏ အဓိက ထွက်ကုန်မှာ ရော်ဘာဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက အများဆုံးထွက်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။ ဒုတိယထွက်ကုန်အနေဖြင့် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ ကျွဲကော စသည့် သီးနှံများလည်း အများဆုံးထွက်ရှိသည်။

Tuesday, 20 Jun 2023

နာနတ်သီးသည် အရည်ရွှမ်း၊ အနံ့မွှေး၍ အရသာကောင်းမွန် သည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ကြွယ်ဝသဖြင့် ကျန်းမာ ရေးအတွက် များစွာအထောက်အကူပြုကြောင်း သိရှိရသည်။ 
နာနတ်ပင်၏မူရင်းဒေသမှာ တောင်အမေရိကတိုက်၏ အကြီးဆုံးနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံဖြစ်ကြောင်း သိရှိရပြီး မူလအမည်မှာ တောင်အာဖရိကဒေသခံ Tupi Indian တို့၏ Nana ဟူသော ဝေါဟာရ မှဆင်းသက်လာသည့် Ana nas ပင်ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Annaascomosus ဖြစ်ပြီး မျိုးရင်းအမည်မှာ BROMELIANCEAE  ဖြစ်သည်။

Pages