Main menu

Background

ပြည်တွင်းရွှေဈေး ကျပ် သိန်း ၃၀ နီးပါး ဖြစ်ပေါ်

Tue, 05/09/2023 - 16:03 -- journal_editor

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် သိန်း ၃၀ နီးပါး ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။  မေ  ၄ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေတစ်အောင်စလျှင်  ၂၀၁၆  ဒေါ်လာ၊  ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၉၉၈၀ဝ၀ ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်က ကျပ်သိန်း ၃၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရွှေဈေးနှုန်းမှာ ဈေးကွက်အတွင်း ဈေးကစားသူများကြောင့် ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည့် အတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားပြီး ဈေးကစား သူများကိုလည်း ဖော်ထုတ်အရေးယူမှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။                                                                                                          

ပန်းဆု