ယခုရက်ပိုင်းအတွင်း ရွှေဈေးနှုန်း တရိပ်ရိပ် မြင့်တက်လျက်ရှိရာ အခေါက် ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်အထိ ရောက်ရှိလာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ဇွန် ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ ရွှေဆိုင်များ၌ အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇွန် ၈ ရက်တွင် ၁၉၄၇ ဒေါ်လာ၊ ၉ ရက်တွင် ၁၉၆၃ ဒေါ်လာ၊ ၁၀ ရက်တွင် ၁၉၆၁ ဒေါ်လာ၊ ၁၂ ရက်တွင် ၁၉၆၀ ဒေါ်လာ၊ ၁၃ ရက်တွင် ၁၉၆၂ ဒေါ်လာ၊ ၁၄ ရက်တွင် ၁၉၄၈ ဒေါ်လာ၊ ၁၅ ရက်တွင် ၁၉၅၀ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများအနေ ဖြင့် ဇွန် ၈ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၀၈၉၀ဝ၀၊ ၉ ရက်တွင် ကျပ် ၃၀၉၃၀ဝ၀၊ ၁၀ ရက်တွင် ကျပ် ၃၀၉၂၀ဝ၀၊ ၁၂ ရက်တွင် ကျပ် ၃၁၀ဝ၀ဝ၀၊ ၁၃ ရက်တွင် ကျပ် ၃၁၂၂၀ဝ၀၊ ၁၄ ရက်တွင် ကျပ် ၃၁၃၂၀ဝ၀၊ ၁၅ ရက်တွင် ကျပ် ၃၁၁၈၀ဝ၀ ဖြစ်ကြောင်း သိရသည်။
ပန်းဆု