Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 05/09/2023 - 16:14 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး  အခြေအနေများကြောင့်  ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀ဝ၁ ဒေါ်လာ ပေါက်ဈေးရှိ ခဲ့ရာမှ မေ ၄ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၃၃ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။
ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက် တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၉၉၅၀ဝ၀ ပေါက် ဈေးရှိခဲ့ရာမှ မေ ၄ ရက်တွင် ကျပ် ၂၉၉၇၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရ သည်။
၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၂ ရက်အထိ ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှ သော နိုင်ငံတကာ ငွေလဲလှယ်နှုန်းများကို တစ်ဖက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်။
ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ် ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၂ ရက်အထိတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀ဝ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း (ဗဟိုဘဏ် သတ်မှတ်နှုန်းထား)မှာ တည်ငြိမ်လျက်ရှိသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၂ ရက်အထိ ရက်သတ္တပတ်အတွင်း ၂၈၅၃-၂၈၅၈ ကျပ်ကြား ရှိနေကြောင်း သိရှိရသည်။