Background
လက်ငင်းဈေးကွက်များမှာ ရောင်းချမှုပါးတာကြောင့် ကုလားပဲကြိုပွိုင့်ဈေး နိုဝင်ဘာလ ၁၆ရက်မှာ ဈေးအနိမ့်နဲ့ဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းလှောင် လက်များ လက်ထဲမှာ လက်ကျန်နည်းတာကြောင့် ဈေးမြင့်တက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဆောင်းပဲမျိုးစုံ စိုက်ဧက ပိုမိုတဲ့သတင်းများက ဈေးနှုန်းမြင့်တက်မှု ကို ကန့်သတ်စေနိုင်ပါတယ်။ NCDEX မှာ နိုဝင်ဘာလ ကုလားပဲစာချုပ်ဈေးဟာ သုည ဒသမ ၉၉ ရာခိုင်နှုန်း ပိုလာပြီး တစ်တန် ရူပီး ၃၅၄၀၀ (ကန်ဒေါ်လာ ၆၉၃)ဈေးရှိခဲ့ပါတယ်။ ဆောင်းပဲရဲ့ MSP ဈေးနှုန်း ၃၃ ရာခိုင်နှုန်း တိုးမြင့်လိုက်ခြင်းကလည်း ကာလလယ် အတွင်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ မြန်မာ၊ သြစတြေးလျနဲ့ ကနေဒါတို့လို အခြားပဲထုတ်လုပ်နိုင်ငံများမှာ ရာသီဥတု ဆိုးဝါးတဲ့အတွက် ပဲမျိုးစုံ ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်လများမှာ အိန္ဒိယတင်သွင်းပဲ ဈေးကြီးမြင့်ဖွယ်ရှိခြင်းက လည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ မဟာရပ်ရှတရာစိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးစာရင်းအရ ဆောင်းပဲမျိုးစုံစိုက် ဧရိယာဟာ ယခင်နှစ်ကာလတူ စိုက်ခဲ့တဲ့ ဟက်တာ ၁ ဒသမ ၅၂ သိန်းထက် ၅၆ ရာခိုင်နှုန်း ပိုမိုပြီး၊ ဟက်တာ ၂ ဒသမ ၃၈ သိန်းရှိပြီလို့ သိရပါတယ်။ စိုက်ပျိုး ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးစာရင်းအရ နိုင်ငံရဲ့ စုစုပေါင်း ပဲစိုက်ဧရိယာဟာ ယခင်နှစ် ကာလတူ ဟက်တာထက် ၁၂၂ ရာခိုင်နှုန်းပိုမိုပြီး၊ ဟက်တာ ၄၅ ဒသမ ၀၇ သိန်း စိုက်ပျိုးပြီးသွားပြီလို့ သိရပါတယ်။ ယမင်းခင်၊Source: commodilyonliy
အိန္ဒိယဈေးကွက်အများစုမှာ လက်ကျန်နည်းလာပြီဖြစ်ပြီး ရာဂျက်စသန်မှ ဝင်ရောက်မှုကျဆင်းလာလို့ ကုလားပဲဈေး ပြန်လည်မြင့်တက်ရောင်းဝယ်ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မွန်ဘိုင်းနဲ့ ဒေလီကို တန်ဇန်းနီးယား ကုလားပဲဝင်ရောက်ကြောင်း သိရပါတယ်။ အတ္တရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ တမီလ်နာဒူးပြည်နယ်တို့မှာပဲဝင်ရောက်ခြင်းမရှိလို့ အမြင့်ဈေးနဲ့ ကမ်းလှမ်းတဲ့ အတွက် နောက်ရက်များမှာလည်း ဈေးအနည်းငယ်ထပ်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်လိုက် ပါတယ် ဒေါ်လာ/ တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁ဒေလီ ၆၆၂ ၆၉၇-၇၀၂ ၆၉၂-၆၉၇ ၇၀၀ကန်ပါ ၇၃၉ ၇၄၂ ၇၃၆ ၇၄၂အာကိုလာ ၇၁၇ ၇၁၇ ၇၁၆ ၇၂၀MIRT(MAPT)
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ဝင်ရောက်လာတဲ့ ပဲအသစ်များမှာ အရည်အသွေးနိမ့်များတဲ့အတွက် အရည်အသွေးကောင်း ပဲတီစိမ်းဈေး ခိုင်မာနေတယ်လို့ သိရပါတယ်။ ရာဂျက်စသန်ဈေးကွက်မှာ ပဲအိတ်ဝင်ရောက်မှု တစ်နေ့ကို အိတ် ၆၅၀၀၀- ၆၆၀၀၀ ဝင်ရောက်ရာမှ အိတ် ၅၂၀၀၀-၅၃၀၀၀ ကို လျော့ကျလာပြီလို့ သိရပါတယ်။ တောင်သူများက ကျွဲနွားအစာဖြစ်တဲ့ ပျက်စီးပဲ ၂၃ ရာခိုင်နှုန်းခန့် ရောနှောရောင်းချတဲ့အတွက် အရည်အသွေးနိမ့်ပဲ ဈေး အလွန်အမင်းကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို အရည်အသွေးကောင်းပဲ ဝင်ရောက်မှု ကျဆင်းလို့ အရည်အသွေးကောင်းပဲဈေးထပ်မံ မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၇၉၁ ၇၉၁ ၇၉၁ ၈၀၀ဒေလီ ၄၅၅-၆၉၂ ၄၅၅-၆၉၂ ၆၉၂-၆၉၇ ၇၀၀အာကိုလာ ၆၃၃-၈၃၀ ၆၃၃-၈၃၁ ၅၉၃-၈၇၀ -MIRT(MAPT)
အိန္ဒိယပြည်တွင်းဈေးကွက်အချို့မှာ အဝယ်ရှိလို့ ဈေးတည်ငြိမ်ပေမဲ့ အချို့ဈေးကွက်တွေမှာတော့ လှောင်လက်များထုတ်ရောင်းမှုရှိလို့ ဈေးလျော့ကျပါတယ်။ ဟာရာနာမှ ပဲစင်းငုံများမှာ ပျက်စီးတဲ့ပဲ ၁၃-၁၄ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဈေးကျဆင်းတယ်လို့ သိရပါတယ်။ ပဲခွဲစက်တွေက ဝယ်လိုအားနည်းပြီး ပဲ အသစ် များ ဝင်ရောက်မှု စတင်နေပြီဖြစ်လို့ နောက် ၄ ရက်ခန့်အတွင်း ဈေးထပ်မံ ကျဆင်း နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်း ယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁မွန်ဘိုင်း ၆၄၇ ၆၄၈ ၆၄၇ ၆၅၅ဒေလီ ၆၉၇-၇၀၇ ၆၉၇-၇၀၇ ၇၀၂-၇၁၂ ၆၈၂ချန်နိုင်း ၆၃၃ ၆၃၃ ၆၃၃-၆၃၇ -MIRT(MAPT)
အိန္ဒိယပြည်တွင်းပဲထုတ်လုပ်တဲ့ ဥတ္တရာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှ ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ပြုပြင်ပြီး ပဲခွဲခြမ်းလည်း ဝယ်လို အားနည်းတာကြောင့် မတ်ပဲဈေး ဆက်လက် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ မတ်ပဲ ထွက်ရှိမှုလျော့ကျပြီး လာမယ့်ရက်တွေမှာ ပဲအဝင်နည်းလာ တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လှောင်လက်များမှ အဝယ်သွက်လာနိုင်တဲ့အတွက် နောက် ပိုင်းရက်တွေမှာ ဈေးတည်ငြိမ်လာနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက် အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၇-၁၁-၁၁ ၁၆-၁၁-၁၁ ၁၅-၁၁-၁၁ ၁၄-၁၁-၁၁မွန်ဘိုင်း ၆၈၂ ၆၈၂ ၆၈၂ ၆၉၀ဒေလီ ၄၃၅-၅၇၃ ၄၃၅-၅၇၄ ၄၃၅-၅၇၃ -ချန်နိုင်း ၇၁၂ ၇၁၂ ၇၃၁ ၇၄၀MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ယခုတစ်ပတ် မတ်ပဲအရောင်း အဝယ် ပြန်ဖြစ်လာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၀၀၀ နီးပါးသာ စာချုပ် ရှိခဲ့ပေမဲ့ ယခုနိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိမှာတော့ တန်ချိန် ၁၃၀၀၀ ကျော် အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုရှိခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဘက်မှာ ယခင်မြန်မာနိုင်ငံက တင်သွင်းတဲ့ မတ်ပဲအချို့မှာ မိုးမိပဲပါဝင်မှုကြောင့် အရည် အသွေး ကိစ္စစကားပြောဆိုရမှုများ ရှိနေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလခန့်တွင် အဝယ်ပြန်လိုက်လာနိုင်ပေမဲ့ အရည်အသွေးကို ထိန်းရောင်းဖို့တော့ လိုတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်အသင့်အတင့်ဖြစ်ပေမဲ့ အရည်အသွေး အရ ဈေးနှုန်းကျဆင်းမှု ရှိခဲ့ပါတယ်။ FOB ဈေးကျဆင်းမှုနဲ့အတူ ပြည်တွင်းပဲဈေး များလည်း သိသိသာသာလျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB ဈေး နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၈-၁၁-၁၁ ၆၆၀-၆၈၀ ၇၀၀-၇၂၀၁၁-၁၁-၁၁ ၇၃၀-၇၅၀ ၈၀၀-၈၂၀MIRT(MAPT)
၂၀၁၁-၁၂ သီးနှံရာသီမှာ ကမ္ဘာ့သကြားထုတ်လုပ်မှုဟာ ၄ ရာခိုင်နှုန်းတိုးပြီး၊ တန်ချိန် ၁၇၃ ဒသမ ၁ သန်းရှိမယ်လို့ FAO မှ ခန့်မှန်းထားပါတယ်။ ၂၀၁၀-၁၁ သီးနှံရာသီ (အောက်တိုဘာ-စက်တင်ဘာ) အတွင်း ကမ္ဘာ့သကြားထုတ်လုပ်မှုတန်ချိန် ၁၆၆ ဒသမ ၃ သန်းခန့်ရှိတယ်လို့လည်း FAO စာရင်းများအရသိရပါတယ်။ ဒုတိယနှစ်အဖြစ် ကမ္ဘာ့ထုတ်လုပ်မှုဟာ စားသုံးမှုထက် ကျော်လွန်နေတယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုခန့်မှန်းခြင်းဟာ ကြံစိုက်ပျိုးတဲ့နိုင်ငံတွေမှာ ဧရိယာတိုးချဲ့လာတာ ကြောင့်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ လကျော်အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ခြင်းက မြေသြဇာနဲ့ အခြားသွင်းအားစု ပိုမိုသုံးစွဲဖို့ဖြစ်လာပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ထုတ်လုပ်မှုက ၁၁ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ၂ ရာခိုင်နှုန်းခန့် တိုးတက်နိုင်တယ်လို့ဆိုပါတယ်။ ထုတ်လုပ်မှု မြင့်တက်ပေမဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အားနည်းခြင်းက ဈေးကွက်ကိုသက်ရောက်နိုင်တယ်လို့ FAO က ခန့်မှန်းထားပါတယ်။ တင်သွင်းနိုင်ငံများမှာ ရောင်းချမှုပိုမို လာခြင်း က တင်သွင်းမှုကိုလျော့ကျစေပြီး ကမ္ဘာ့ကုန်သွယ်မှုကိုလည်း ၆ ရာခိုင်နှုန်းခန့် ကျဆင်း စေနိုင်တယ်လို့ဆိုပါတယ်။ နိုင်ငံတကာသကြားဈေးက ထပ်မံအားလျော့စေနိုင်ပေမဲ့ သိုလှောင်မှုပြန်လည် မြင့်တင်ဖို့ ဝယ်လိုအားက ဈေးနှုန်းကိုအထောက်အပံ့အနည်းငယ် တော့ ဖြစ်လာနိုင်ပါတယ်။ ၂၀၁၁ အောက်တိုဘာလအတွင်း ကမ္ဘာ့သကြားဈေးက တစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဒသမ ၄၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၅၆၁) ရှိနေ ပါတယ်။ ယမင်းခင်၊ Source:bloomberg
တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်တို့မှ ကန်ဒေါ်လာ ၅ ဒသမ ၇၃၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၀၄၇၉ တန် အပို့ ရှိခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ၁ ရက်ကို ပြောင်းကားပျမ်းမျှအစီးရေ ၁၅၀ ခန့်ထိ အများဆုံးအဝင်ရှိခဲ့ပါတယ်။ နယ်စပ် အလိုက် ပြောင်းတင်ပို့မှုတွေကတော့ မူဆယ်မှ ၁၉၈၇၉ တန်ကျော်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်းများမှ တန် ၃၀၀ စီ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ် ကထက် တန် ၂၂၈၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် ဧပြီလမှ အောက်တို ဘာလထိ နယ်စပ်မှ ပြောင်း ၃၃၆၉၄၅ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ် မှာ မိမိဘက်မြေပြင်ပြောင်းဈေး ပြောင်းလဲမှုမရှိဘဲ တစ်ဘက်နိုင်ငံဈေး ၆ ဒေါ် လာခန့် လျော့နည်းခဲ့တယ်လို့ သိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၄၆၈၁ ၂၂၄၆၈၁ - - ၂၉၄ ၃၀၀ ၆ ၂MIRT(DOBT)
မလေးရှားနိုင်ငံရဲ့ ရော်ဘာတင်ပို့မှုဟာ ယခုနှစ်မှာ ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး ရင်းဂစ် ၃၂ ဘီလီယံ ရှိကြောင်းသိရပါတယ်။ ယခုနှစ်ပထမ ၈ လအတွင်း ရော်ဘာပို့ကုန်စုစုပေါင်းရင်းဂစ် ၂၁ ဒသမ ၆၆ ဘီလီယံဖိုးရှိပြီး ဒီပမာဏ ကယခင်နှစ်အလားတူကာလထက် ၂၈ ရာခိုင်နှုန်းခန့် ပိုမိုကြောင်းမလေးရှားရော်ဘာအသင်း(MRB) ရဲ့ ညွှန်ချုပ်က ပြောကြားခဲ့ပါတယ်။ စက်မှုစိုက်ပျိုးရေးနဲ့ ကုန်ပစ္စည်းဝန်ကြီးကို သက်သေထားပြီး (MRB)နဲ့ Doshin ရော်ဘာထုတ်ကုန်ကုမ္ပဏီတို့ ဒီဇိုင်းရေးဆွဲပြီး အဆင့်မြင့်ရော်ဘာ bearing (HDRB) ကို ငလျင်နဲ့ ဆူနာမီဒဏ်ခံနိုင်ရည်ရှိ အောင် ဒုတိယ ပီနန်တံတား ကာကွယ်ရေးအတွက် ရောင်းချပေးဖို့ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း MRB ညွှန်ချုပ်က ပြောကြားခဲ့ပါတယ်။ ဒုတိယမြောက်ပီနန်တံတားကို ပင်လယ်ကျော်ဖြတ်တည်ဆောက်မှာဖြစ်ပြီး ပထမဆုံးလုပ်ငန်းစဉ်အဖြစ် HDRB နည်းပညာကို သုံးမှာဖြစ်ကြောင်း သိရပါတယ်။ ဒီတံတားက အရှေ့တောင်အာရှမှာ အရှည်ဆုံးတံတားဖြစ်လာမှာဖြစ်ပြီး မလေးရှားကျွန်းဆွယ်နဲ့ ပီနန်ကျွန်းကို ဆက်သွယ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။HDRB ဒီဇိုင်းကို လန်ဒန်ရှိသုတေသန ဗဟိုဌာနမှ သိပ္ပံပညာရှင်များနဲ့ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ၂၀၁၀မှာ ရော်ဘာတင်ပို့မှု ရင်းဂစ် ၂၄ ဒသမ ၆၇ သန်းရှိခဲ့ပြီး ၂၀၀၉ထက် ၄၉ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း သိရပါတယ်။ ရော်ဘာကဏ္ဍကနေ နိုင်ငံရဲ့ ပို့ကုန်ဝင်ငွေ ၅ ရာခိုင်နှုန်း ရှာဖွေပေးကြောင်း MRB ညွှန်ချုပ်ကပြောကြားခဲ့ပါတယ်။ ရော်ဘာအစေးရောင်းချမှုကျဆင်းနေတာကြောင့် အစိုးရက ပိုပြီးတည်ငြိမ်အောင် အစိုးရက ရော်ဘာပင်တွေ ပြန်လည်စိုက်ပျိုးခြင်းနဲ့ အသစ်စိုက်ပျိုးခြင်းကို ဆောင်ရွက်နေကြောင်း သိရပါတယ်။အစိုးရက ရော်ဘာ လုပ်ငန်းငယ်များဖွံ့ဖြိုးမှု အာဏာပိုင်နဲ့ Sabah စက်မှုအသင်းကို နှစ်စဉ် မြေဟက်တာ ၄ သောင်း ရော်ဘာပြန်လည် စိုက်ပျိုး ခြင်းကို ဆောင်ရွက်စေပါတယ်။ အစိုးရက အမျိုးသားစီးပွားရေးဧရိယာ(NKEA) မှာ ၂၀၁၁-၂၀၁၂ ရော်ဘာကဏ္ဍဖွံ့ဖြိုးမှု စီမံကိန်းချမှတ်ပြီး ရင်းဂစ်၁၉၄ ဒသမ ၇၂၃ သန်းသုံးစွဲနေကြောင်းသိရပါတယ်။ ဒီလိုပမာဏများပြားတဲ့ ငွေကြေးတွေ စိုက်ထုတ်ပေးတာကို ကြည့်ခြင်းအားဖြင့် အစိုးရအနေနဲ့ ရော်ဘာကဏ္ဍမှာ ပါဝင်တဲ့ ကျေးလက်နေပြည်သူတွေကို ဘယ်တော့မှ လျှစ်လျူရှုမထားဘူး ဆိုတာကို ဖော်ပြနေကြောင်း စက်မှုစိုက်ပျိုးရေးနဲ့ ကုန်ပစ္စည်းဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Source:business time,KZW
အိန္ဒိယနနွင်းအဓိက ဈေးကွက်များမှာ အမှာအော်ဒါများ လျော့ခြင်းနဲ့ ကြိုပွိုင့်ဈေးအားနည်းခြင်းတု့ိကြောင့် နနွင်းလက်ငင်း ဈေးပါ ကျဆင်းခဲ့ပါတယ်။ ၄ ရက်ကြာပိတ်ရက်များအပြီး၊ နနွင်းတောင်သူများဟာ ဈေးအမြင့်မှန်းပြီး၊ ဈေးကွက်ကို နနွင်း ယူလာကြပေမယ့် နနွင်းဈေးတစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၀)ခန့် ကျဆင်းခဲ့ပါတယ်။ ဝင်ရောက်လာတဲ့ နနွင်း ထဲမှာ အိတ် ၉၈၀၀ သာရောင်းချရတယ်လို့ အီရော့နနွင်းကုန်သည်များ အသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ အခြားဒေသများမှ ဝယ်လိုအားနည်းတာကြောင့် ကုန်သည်များဟာ အမှာအော်ဒါအနည်းငယ်သာ ရရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဈေးအနိမ့်နဲ့ ပမာဏအကန့်အသတ်သာ ဝယ်ယူကြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကြိုပွိုင့် ဈေးကွက်လည်း တစ်တန်ရူပီး ၅၀၀၀(ကန်ဒေါ်လာ ၁၀၀)ခန့်ကျဆင်းခဲ့ပါတယ်။ ကျေးလက်ဒေသများမှာ မိုးသည်း ထန်စွာ ရွာသွန်းတာကြောင့် တောင်သူအများစုဟာ ဈေးကွက်အတွင်း နနွင်းသယ်ဆောင်လာခြင်း မရှိဘူးလို့ ဆိုပါတယ်။ တောင်သူများလက်ထဲမှာ လက်ကျန်အိတ်ပေါင်း ၈ သိန်းကျော်ထိ သိုလှောင်ထားဆဲဖြစ်ကြောင်း၊ အချို့တောင်သူများဟာ လက်ရှိ ရွာသွန်းနေတဲ့ မိုးကြောင့် အချို့ဒေသနနွင်းစိုက်ပျိုးမှုကို ထိခိုက်ပြီး၊ နောက်နှစ် အထွက်ကျဆင်းနိုင်တဲ့အတွက် ဈေးနှုန်း မြင့်တက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါကြောင့်လည်း အချို့ တောင်သူများ သိုလှောင်မှုကို ထိန်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ဌာနမှ အရာရှိများပြောကြားတာကတော့ မိုးရွာသွန်းမှုကြောင့် နနွင်းပင်အနည်းငယ်သာ ရေနစ်မြုပ်တာကြောင့် အထွက်နှုန်းကျဆင်းနိုင်ခြင်းမရှိပါဘူးလို့ ဆိုပါတယ်။ အခြားနနွင်းအမျိုးအစားများ တစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၀) ကျဆင်းပေမယ့် စပ်မျိုးနနွင်းလက်ချောင်းဈေးက မြင့်တက်ပါတယ်။ နနွင်းဈေးကွက်အတွင်း ဝင်ရောက်မှု ကျဆင်းမယ်ဆိုရင် ဈေးမြင့်တက်နိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အကယ်လို့ နနွင်းအိတ် တစ်သောင်းကျော် ဝင်ရောက်ရင် နနွင်းဈေး ထပ်မံ ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အီရော့ နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၃၅၀၀၀-၅၀၈၉၀ (ကန်ဒေါ်လာ ၇၀၀-၁၀၁၈)ရှိပြီး၊ နနွင်းဥဈေးက တစ်တန် ရူပီး ၃၃၆၀၀-၄၆၉၅၀ (ကန်ဒေါ်လာ ၆၇၂-၉၃၉) ရှိပါတယ်။ ယမင်းခင်၊Source: hindubusiness