Background
တရုတ်ဝက်သားဈေး မြင့်တက်ပြီး ကြက်သွန်ဖြူဈေးကျ တရုတ်နိုင်ငံရဲ့ ဝက်သားဈေးဟာ ယခင်သီတင်းပတ်ထက် ဇွန်လ ၁၉ ရက်နေ့မှာ ကုန်ဆုံးတဲ့ သီတင်းပတ် အတွင်း ၄ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်လက်ကားပျမ်းမျှဈေးကတော့ ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး ကြက်ဥဈေးကတော့ ဝ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူဈေးဟာ လွန်ခဲ့တဲ့ ၃ လကျော်မှာ ၃၅ ရာခိုင်နှုန်းကျော်ကျဆင်းပြီး တစ်နှစ်ထက်တစ်နှစ် ကျဆင်းမှုကတော့ ၁၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ မြေပဲဆီဈေးက ယခင်တစ်ပတ်ထက် ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး ပဲပုပ်ဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်းနဲ့ မုန်ညှင်းဆီဈေးက ဝ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပါတယ်။ ဂံျုမှုန့်နဲ့ ဆန်ဈေးကတော့ တစ်ပတ်အတွင်း ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အမဲသားဈေးက ဝ ဒသမ ၆ ရာခိုင်နှုန်း၊ ကြက်သားဈေးက ဝ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဆိတ်သားဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လမင်း၊Source: Bloomberg.
အိန္ဒိယတောင်သူများ ဈေးနှုန်းသတ်မှတ်ဖို့ နနွင်းကောင်စီတည်ထောင်မယ် အိန္ဒိယ နနွင်းတောင်သူများဟာ ဈေးနှုန်းထိန်းချုပ်ဖို့နဲ့ လိုအပ်ရင် ဈေးကွက်ကြားဖြတ်စနစ်တစ်ခု အကောင်အထည်ဖော်ဖို့ အဖွဲ့အစည်းတစ်ခုတည်ထောင်ရေး ကြိုးစားနေတယ်လို့ သိရပါတယ်။ နနွင်းအဓိက စိုက်ပျိုးတဲ့ဒေသများက တောင်သူ အဖွဲ့အစည်းများဟာ အဲဒီအစီအစဉ်က အောင်မြင်မယ်ဆိုရင် ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေမယ်လို့ ဆိုပါတယ်။ နနွင်းတောင်သူများကောင်စီ (TFCI) ရဲ့ စီစဉ်သူ Mr P.K Deivadigamani ပြောကြားချက်အရ ၎င်းတို့ကောင်စီ ဟာ ကြက်ဥဈေးနှုန်းကို အပတ်စဉ်သတ်မှတ်တဲ့ အမျိုးသား ကြက်ဥပူးပေါင်းဆောင်ရွက်ရေးကော်မတီ (NECC) ရဲ့ ဆောင်ရွက်မှုတို့ကို စံနမူနာယူသွားမယ်လို့ ဆိုပါတယ်။ ၎င်းတို့ကောင်စီ ကို နိုင်ငံအတွင်း နနွင်းအများဆုံးစိုက်ပျိုးတဲ့ တမီနာဒူး တစ်လျှောက်ရှိ အင်ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာအတွင်း ကိုယ်စားပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ FCI ကို ဇူလိုင်လအတွင်း အီရော့မှာကျင်းပမဲ့ အမျိုးသားဆွေးနွေးပွဲမှာ တည်ထောင်သွားမှာဖြစ်ပါတယ်။ နနွင်းဈေးနှုန်းအပြောင်းအလဲမြန်ခြင်းဟာ တောင်သူတွေကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ဆိုပါတယ်။ နနွင်းဈေးဟာ လွန်ခဲ့တဲ့နှစ်နောက်ပိုင်းမှာ ၄ဝ-၅ဝ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး တစ်တန်ကို ရူပီး ၈ဝဝဝဝ(ကန်ဒေါ်လာ ၁၇၉၂) အောက် လျော့ကျခဲ့ တဲ့အတွက် တောင်သူတွေရဲ့ ကုန်ကျစရိတ်မျှသာဖြစ်ခဲ့ပါတယ်။ နနွင်းကောင်စီဟာ ထုတ်လုပ်မှုအတွက် ကြမ်းခင်းဈေးသတ်မှတ်ဖို့ စီစဉ်ထားပြီး လိုအပ်ပါက ထိုက်သင့်တဲ့ ဈေးနဲ့ ဝယ်ယူသွားပြီး ဈေးကွက်အတွင်း ကြားဖြတ်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ အိန္ဒိယတောင်သူများ အသင်းအဖွဲ့က အင်ဒရာပရာဒေ့ရှ်မှာ နနွင်းကောင်စီရဲ့ လုပ်ဆောင်မှု အသင်းရုံးချုပ်အဖြစ်နဲ့ ၎င်းတို့ရဲ့ အစီအစဉ်ကို အထောက်အပံ့ပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း Mr Deivasigamaniက ပြောကြားပါတယ်။ ယမင်းးခင်၊Source: hindubusiness
မလေးရှားနဲ့ ကိုရီးယားကို နနွင်းတင်ပို့ ဒီသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်း တန်ချိန် ၂ဝ ဒသမ ၆ တန်ကို ပင်လယ် ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံကို ၃ တန်နဲ့ ကိုရီယားနိုင်ငံကို ၁၇ ဒသမ ၆ တန်တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ သုံးသောင်းရှစ်ထောင်ကျော် ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတစ်တန်သာ တင်ပို့နိုင် ခဲ့တဲ့အတွက် ဒီတစ် ပတ်အပို့ သာခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
ထိုင်းနိုင်ငံက ဒုတိယနှစ်အဖြစ် သကြားထုတ်လုပ်မှုဆက်လက်စံချိန်တင်လို့ ဈေးနှုန်းကျဆင်းနိုင် ကမ္ဘာ့သကြားတင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ယခုနှစ်မှာ လည်း ယခင်နှစ်လိုပဲ သကြားထုတ်လုပ်မှု့နဲ့ တင်ပို့မှု စံချိန်တင်မြင့်တက်တာကြောင့် သီတင်း ၇ ပတ်အတွင်း ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ သကြားဈေးကျဆင်းဖို့ အကူ အညီဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလမှာ စတင်တဲ့ သီးနံှရာသီအတွင်း တန်ချိန် ၁ဝ သန်းအထိ မြင့်တက်ထွက်ရှိနိုင်ပြီး တန်ချိန် ၇ ဒသမ ၅ သန်းအထိ တင်ပို့နိုင်မယ်လို့ ထိုင်းနိုင်ငံမှ အကြီးဆုံးသကြားစက် Mitr Phol Sugar Corp ရဲ့ ဒုတိယဥက္ကဌ Parin Amatyakul က ပြောကြားပါတယ်။ အဲဒီပမာဏဟာ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၉ ဒသမ ၆ သန်းထက် ၄ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တင်ပို့မှု တန်ချိန် ၇ သန်းထက် ၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်မယ်လို့ ဆိုပါတယ်။ရောင်းချမှုတိုးတက်ခြင်းက လွန်ခဲ့တဲ့ နှစ် အတွင်း ၆၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ ဈေးနှုန်းကိုထိန်းခုျပ်နိုင်မယ်လို့ ကမ္ဘာ့ စား သောက်ကုန်ကုမ္ပဏီ Nestle SA (NESN) ကပြောကြားပါတယ်။ ကမ္ဘာ့သကြားရောင်းချမှု ကြီးမားကျယ်ပြန့်လာခြင်းက ဇူလိုင်လအတွင်း နယူး ယောက်ဈေးနှုန်းကို သကြားကြမ်း တစ်ပေါင် ကန်ဒေါ်လာ ၂၂ ဆင့် (တစ်တန် ကန် ဒေါ်လာ ၄၈၅) ကို ၁၅ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ၁၉၈၅ ခုနှစ်ကတည်းက သကြားရောင်းဝယ်နေတဲ့ Beydoun က ပြောကြားပါတယ်။ ဈေးနှုန်းမြင့်မားမှု ကြောင့် ထုတ်လုပ်သူများ တိုးမြင့်ထုတ်လုပ်မှာဖြစ်လို့ ကမ္ဘာ့ စုစုပေါင်းထုတ်လုပ်မှု ဟာ တန်ချိန် ၁၈၂ ဒသမ ၂ သန်းအထိ စံချိန်တင်ပြီး ယခင်နှစ်ထက် ၁၄ ဒသမ ၂ သန်း တိုးတက်မယ်လို့ ဇွန်လ ၃ ရက်နေ့မှာC. Czarnikow Sugar Futures ကုမ္ပဏီမှ ခန့်မှန်းထားပါတယ်။ နိုဝင်ဘာမှ စတင်တဲ့ ကြံရာသီအတွင်း ထိုင်းနိုင်ငံမှာ ကြံစိုက်ပျိုးမှုဟာ ၂ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာ ၁ ဒသမ ၃ သန်းမြင့်တက်လို့ ကြံရိတ် သိမ်းမှုကလည်း ၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ဝ၅ ဒသမ ၁ သန်းအထိ စံချိန်တင်နိုင်တယ်လို့ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးရုံးမှ ဆိုပါတယ်။ နယူးယောက်မှာ ဇွန်လ ၂၂ ရက်နေ့ အောက်တိုဘာလပို့ရမယ့် သကြားကြမ်း ဈေးဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဒသမ ၉၃ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၇၁) ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: bloomberg.com
မေလတွင်အိန္ဒိယရော်ဘာ အထွက်နှုန်းတန်ချိန် (၅၉ဝဝဝ) ရှိလာ မေလမှာ အိန္ဒိယနိုင်ငံရဲ့ ရော်ဘာအထွက်နှုန်းက စံချိန်တင်ပြီး ၅၉၇ဝဝ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့လက ရော်ဘာသုံးစွဲမှု ၂ ရာခိုင်နှုန်းခန့်တိုးပြီး ၈၁ဝဝဝ တန်ကို ရောက်ရှိခဲ့ ကြောင်းရော်ဘာအသင်းရဲ့ စာရင်းများ အရသိရပါတယ်။ လွန်ခဲ့တဲ့နှစ် အလားတူကာလက ထုတ်လုပ်မှု တန်ချိန် ၅၆၄ဝဝ ရှိပြီး သုံးစွဲမှု ၇၉၁၅ဝ တန်ရှိကြောင်း သိရပါတယ်။ ရော်ဘာဝယ်လိုအားကတော့ တစ်လထက် တစ်လ ၂ ရာခိုင်နှုန်းခန့်ကျဆင်းပြီး ဧပြီလမှ တန်ချိန် ၈၂၅ဝဝ ရှိရာကနေ မေလမှာတန်ချိန် ၈၁ဝဝဝ တန်ရှိကြောင်း သိရပါတယ်။ ပို့ကုန်တင်ပို့မှု ကတော့ ယခင်နှစ်မေလမှာ ၁၄၇၈ တန်ရှိရာကနေ ယခုနှစ်မှာ ၁၈ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၁၇၄၂ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ သွင်းကုန်တင်သွင်းမှုကလည်း ယခင်နှစ်က ၁၅၃၇၂ တန်ရှိရာ ကနေ ၆ ရာခိုင်နှုန်းတိုးပြီး ၁၆၂၉၃ တန်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မေလမှာ ရော်ဘာသိုလှောင်မှုက ၃၃ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၂၄၉၄၇ဝ တန်ရှိကြောင်း သိရပါတယ်။ ဇန်နဝါရီ ကနေ ဧပြီအထိ ထုတ်လုပ်မှုက ယခင်နှစ်အလားတူကာလထက် ၅ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၂ ဒသမ ၆၇ သိန်းရှိကြောင်းသိရပါတယ်။ ရော်ဘာထုတ်လုပ်မှုကတော့ ၂ဝဝ၈ မှာ တန်ချိန် ၈ ဒသမ ၈၁ သိန်း၊ ၂ဝဝ၉ မှာ တန်ချိန် ၈ ဒသမ ၂ဝ သိန်းနဲ့ ၂ဝ၁ဝ မှာတန်ချိန် ၈ ဒသမ ၅၁ သိန်းထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ တကယ်လို့ ထုတ်လုပ်မှုဟာ စီမံကိန်းချမှတ်တဲ့အတိုင်းသာ ဖြစ်မယ်ဆိုရင် ကမ္ဘာ့တတိယရော်ဘာ ထွက်ရှိမှု အများဆုံးမလေးရှားရဲ့ ထုတ်လုပ်မှုထက်တန် ၇၅ဝဝဝ သာလျော့နည်းမယ်လို့ သိရပါတယ်။ ရော်ဘာကို မိရိုးဖလာ စိုက်ပိုျးတဲ့ မလေးရှားရဲ့ ယခုနှစ်အထွက်နှုန်းက တန်ချိန် ၉ ဒသမ ၇၅ သိန်းရှိနိုင်ပြီး ၃ဒသမ ၆ ရာခိုင်နှုန်းခန့် တိုးတက်ဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ထုတ်လုပ်မှုကတော့ ၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ Source; Commodity online,KZW
မြန်မာ- တရုတ် နယ်စပ်စခန်းများမှ ရော်ဘာတန် ၈ဝဝ ကျော်တင်ပို့မှုရှိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၃ဒသမ ၈၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၃၅ တန်ကျော်ကို ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း တင်ပို့မှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် ၂၁ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ရော်ဘာအဆင့်အ လိုက်တင်ပို့မှုတွေကတော့ RSS-3 ၆၆၃ တန်ကျော် ၊RSS-5 ၆၇ တန်၊MSR-20 ၁ဝ၅ တန်နဲ့MSR-50 တန် ၃ဝ အသီးသီး ဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုကတော့ မူဆယ်မှ RSS-3 ၄၄၇ တန်၊ RSS-5 ၃၅ တန်ကျော်၊MSR-20 ၁ဝ၅ တန်နဲ့ MSR-50 တန် ၃ဝ ၊ ချင်းရွှေဟော်မှ RSS-3 ၁၈၆ တန်ကျော်၊RSS-5 ၃၂ တန်အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခု အပတ်မှာ မိမိဘက် ရော်ဘာဈေး အနည်းငယ်မြင့်တက်နေသော်လည်း တစ်ဘက်နိုင်ငံဈေးများပြောင်းလဲမှုမရှိပါဘူး။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၆၄၆၇၈၃ ၃၆၄၁၂၅၅ ၅၅၂၈ ဝ .၁၅ ၄၆၃၁ ၄၆၃၁ - - RSS-5 ၃၅၂၆၇၆၃ ၃၅၂၁၄၇၅ ၅၂၈၈ ဝ .၁၅ ၄၅၅၄ ၄၅၅၄ - -MIRT (DOBT)
မုတ်သုံမိုး ပုံမှန်အောက်နည်းမယ့် ခန့်မှန်းချက်ကြောင့် အိန္ဒိယသီးနံှများကို ထိခိုက်ဖွယ်မရှိ စပါး၊ ဝါဂွမ်းနဲ့ ပဲမျိုးစုံစိုက်ပျိုးဖို့ အဓိကကျတဲ့ အိန္ဒိယရဲ့ မုတ်သုံမိုးဟာ ယခုနှစ်မှာ ပျမ်းမျှအောက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယမိုးလေဝသ ဌာနရဲ့ယခုနှစ်မှာ မိုးရွာသွန်းမှုက ပုံမှန်အောက်အနည်းငယ်ကျဆင်းဖွယ် ရှိတယ် လို့ ခန့်မှန်းထားပေမဲ့ မိုးရေကကောင်းကောင်းလုံလောက်မှာဖြစ်လို့ သီးနံှအထွက် သိသိသာသာထိခိုက် နိုင်ဖွယ်မရှိဘူးလို့ မိုးလေဝသထိပ်တန်းအရာရှိများက ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဇွန်လမှ စက်တင်ဘာလ မိုးရွာသွန်းမှုဟာ လွန်ခဲ့တဲ့လ နှောင်းပိုင်းမှာပါးပါးနဲ့ စတင်ရွာသွန်းခဲ့ပေမဲ့အိန္ဒိယအလယ်ပိုင်းကပဲပုပ်နဲ့ မြောက်ပိုင်း က စပါးစိုက်ပျိုးမှုကို မထိခိုက်ခဲ့ဘူးလို့ IMD မှ ဆိုပါတယ်။ ဇွန်လစက်တင်ဘာလ မိုးရွာသွန်းမှုဟာ နှစ် ၅ဝ ပျမ်းမျှရဲ့ ၉၅ ရာခိုင်နှုန်းခန့်ရွာဖွယ်ရှိ တယ်လို့ ဆိုပါတယ်။ လာနီညာအခြေအနေအားပျော့လာခြင်း၊ အိန္ဒိယသမုဒ္ဒရာမှာ အပူချိန် မပူမအေးဖြစ်ခြင်းတို့ကြောင့် မိုးရွာသွန်းမှု လျော့ကျမယ်လို့ IMD ကခန့်မှန်းခြင်း ဖြစ်ပါတယ်။ ပုံမှန်မိုးရေချိန်အောက်ရောက်ရှိမယ့် ခန့်မှန်းချက်က လေ့လာဆန်းစစ်သူတွေကို အံ့အားသင့်စေပြီး စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေတဲ့ ငွေကြေးဖောင်းပွမှုမျိုး ထပ်မံဖြစ်မှာစိုးရိမ်စေခဲ့ပါတယ်။ မကြာသေးခင် သီတင်းပတ်များက စားသောက်ကုန်ဈေးနှုန်းများကျဆင်း ခဲ့ပေမဲ့ မိုးနည်းပါးခြင်းက ဈေးနှုန်းတစ်ဖန်ပြန်မြင့်လာစေနိုင်ပါတယ်။ တစ်နှစ် ထက် တစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်းက ဇွန်လ ၄ ရက် သီတင်းပတ်မှာ ၈ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်လို့ ယခင်သီတင်းပတ်ရဲ့ ၉ ဒသမ ဝ၁ ရာခိုင်နှုန်းထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။ အိန္ဒိယမြောက်ပိုင်းဟာ နိုင်ငံရဲ့ သီနံှအများဆုံးထုတ်ရာဒေသဖြစ်ပြီး ရာသီ မိုးရွာသွန်းမှုဟာ ယခုအခါ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ပတ်ဝန်းကျင်အတွင်းသာ ရွာသွန်းတယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာဂံျုနဲ့ ဆန်ကို ဒုတိယ အများဆုံးထုတ်လုပ်ပြီး ဇွန်လမှ စတင်တဲ့ သီးနံှရာသီအတွင်း ပုံမှန်မိုးရေရရှိရင် တန်ချိန် ၂၃၅ ဒသမ ၉ သန်းအထိ စံချိန်တင်ထုတ်လုပ်မှုရှိပါတယ်။ စာနပ် ရိက္ခာသီးနံှတန်ချိန် သန်း ၂၄ဝ ရရှိဖို့ ရည်မှန်းထားပေမဲ့ မိုးရွာသွန်းမှု ပုံမမှန်ဘူး ဆိုရင် ရည်မှန်းချက်နဲ့ လွဲချော်နိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ လဝန်းး၊Source: commodityonline
အိန္ဒိယဈေးကွက် ပဲတီစိမ်းဈေးအနည်းငယ်တိုး အိန္ဒိယပြည်တွင်ဈေးကွက်အချို့မှာ ယခုတစ်ပတ် ပဲတီစိမ်းဈေးအနည်းငယ်တိုးလာခဲ့ပါတယ်။ ဈေးကွက်များအတွင်း ဝယ်လိုအားပုံမှန်ရှိနေပြီး ရောင်းချသူများက ဈေးအနိမ့်နဲ့ ရောင်းလိုခြင်းမရှိဘူးလို့ သိရပါတယ်။ အိန္ဒိယမိုးပုံမှန်အောက် ရွာသွန်းမယ့်ခန့်မှန်းချက်ကနိုင်ငံတကာဈေးနဲ့ အတူပြည်တွင်းဈေးခိုင်မာဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်း ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၃-၆-၁၁ ၂၂-၆-၁၁ ၂၁-၆-၁၁ ၂ဝ-၆-၁၁မွန်ဘိုင်း ၉၇၉ ၉၇၁ ၉၈ဝ ၉၅၆ဒေလီ ၇၉ဝ-၈၄၆ ၇၅၉-၈ဝ၃ ၇၅၇-၈ဝ၂ ၇၅၆-၈ဝဝအာကိုလာ ၇၄၆-၉၃၅ ၈၄ဝ-၉၁၅ ၈၄၆-၉၃၅ ၈၂၂-၉၁၁MIRT(MAPT)
ပဲမျိုးစုံထုတ်လုပ်မှုမြှင့်တင်ဖို့ ဧပြီလနဲ့ မေလအတွင်းမှာ အစိုးရက ရူပီး သန်း ၁၁ဝဝ ထုတ်ပေးခဲ့ အိန္ဒိယနိုင်ငံ မိုးရေခံဒေသရဲ့ ရွာပေါင်း ၆ဝဝဝဝ မှာ ပဲထုတ်လုပ်မှုမြှင့်တင်ဖို့အတွက် လက်ရှိဘဏ္ဍာနှစ် ပထမ ၂ လ အတွင်း အိန္ဒိယအစိုးရက ပြည်နယ်များစွာကို ရူပီး သန်း ၁၁ဝဝ (ကန်ဒေါ်လာ ၂၄ ဒသမ ၆၄ သန်း) ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁-၁၂ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ မေလအတွင်း ရူပီး ၁၁ဝဝ ရန်ပုံငွေထဲက ရူပီး ၂၅၄ ဒသမ ၈ သန်း (ကန် ဒေါ်လာ ၅ ဒသမ ၇ သန်း)ကို မဟာရပ်ရှတရာ၊ ရူပီး ၂၁၆ ဒသမ ၁ သန်း (ကန်ဒေါ်လာ ၄ ဒသမ ၈၄ သန်း) ကို ရာဂျက်စသန်၊ ရူပီး ၁၉၁ ဒသမ ၈ သန်း(ကန်ဒေါ်လာ ၄ ဒသမ ၂၉ သန်း)ကို ဥတ္တရာပရာဒေ့ရှ်၊ ရူပီး ၁၅၄ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်း)ကို ကာနာတာကာနဲ့ ကျန်တဲ့ငွေကို အင်ဒရာပရာဒေ့ရှ်၊ ဘီဟာနဲ့ အခြား ပြည်နယ်တွေကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ ဒေသအများစုမှာ မိုးပဲမျိုးစုံစိုက်ပျိုးနေပြီဖြစ်ပြီး ယခုအချိန်ထိ တောင်သူများက ပဲမျိုးစုံဟက်တာ ၂ ဒသမ ၈၆ သိန်း စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ တောင်သူတွေ ပဲမျိုးစုံစိုက်ပျိုးဖို့ အားပေးတဲ့အနေနဲ့ အစိုးရဟာ ၂ဝ၁၁-၁၂ ပဲမျိုးစုံအတွက်အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) ကို တစ်တန် ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၈၉ ဒသမ ၅၈) တိုးမြင့်ခဲ့ပါ တယ်။ ယခုနှစ်အတွက် ပဲတီစိမ်း(MSP) ကို တစ်တန် ရူပီး ၃၅ဝဝဝ (ကန်ဒေါ်လာ ၇၈၄) မတ်ပဲအတွက် ရူပီး ၃၃ဝဝဝ (ကန်ဒေါ်လာ ၇၃၉) နဲ့ ပဲစင်းငုံအတွက် ရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၇၁၇) သတ်မှတ်ခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ ပဲတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျော့ကျစေဖို့ ရွာပေါင်း ၆ဝဝဝဝ မှာ ပဲမိုျးစုံအထွက် မြှင့်တင်တဲ့ စီမံကိန်းကို ယခင်ဘဏ္ဍာနှစ်က စတင်ခဲ့ပြီး ရူပီးသန်း ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၁၉ သန်း) သုံးစွဲခွင့်ပြုခဲ့ပါတယ်။ ယခင်နှစ် ခြောက်သွေ့တဲ့ မြေများမှာ အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာမှာ တောင်သူတွေဆီက တုံ့ပြန်မှု ကောင်းတွေရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ၂ဝ၁ဝ-၁၁ သီးနံှရာသီမှာ ပဲမျိုးစုံတန်ချိန် ၁၇ ဒသမ ၂၉ သန်းအထိ စံချိန်တင် ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ယမင်းရွှေစင်၊Source: hindubusiness