Main menu

Background

Monday, 21 Nov 2011

             နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၃၈ သန်း တန်ဖိုးရှိ ရော်ဘာ ၂၈၉ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၀၀ တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တော့ တင်ပို့မှုမသိမသာ တက်လာတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်နဲ့ မလေးရှားတို့ဖြစ်ပါတယ်။ ယခုအပတ်မှာ FOB (ရန်ကုန်) ဈေးလည်း ကျဆင်းသွားပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်းကိုလည်း အထွက်နှုန်းကောင်းတဲ့ နိုင်ငံတွေက ပြန်ထိန်းညှိမှုကြောင့် ဈေးအနည်းငယ် ပြန်ကောင်းလာတဲ့ အတွက် မကြာမီ တိုးတက်တင်ပို့နိုင် တော့မှာဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3၊ MSR-20 တစ်တန်ကို ဒေါ်လာ ၃၀၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၂၉၀၀ အသီးသီးရှိကြောင်း သတင်း ရရှိပါတယ်။ KZW

Sunday, 20 Nov 2011

                 နနွင်းကတော့ လက်လီသမားတွေက အမှုန့်လုပ်ဖို့အတွက်သာ ဝယ်ယူမှုရှိနေပါတယ်။ အရောင်းအဝယ် ကလည်း တစ်ပတ်ကို ပိဿာချိန် ၁၀၀ လောက်သာ အရောင်းအဝယ်ဖြစ်ပြီး၊ မန္တလေးကသာ အဓိကဝယ်ယူ နေတယ်လို့လည်း သိရပါတယ်။ ရှမ်းပြည်နယ်မှာ နနွင်းလက်ကျန်တွေများနေပေမဲ့ ဒီနှစ်နနွင်းစိုက်ဧကကလည်း အရင်နှစ်တွေလိုပဲ ပြန်စိုက်ကြပါတယ်။ နနွင်းက ၄-၅ နှစ်အထားခံတဲ့အတွက် တစ်နှစ်မဟုတ်တစ်နှစ်တော့ ဈေးကောင်းရနိုင်တယ်ဆိုပြီး စိုက်ကြတယ်လို့လည်း တောင်သူတွေထံကသိရှိရပါတယ်။ နနွင်းဈေးကတော့ ပင်လောင်းနနွင်းက အရင်တစ်ပတ်တွေလိုပဲ ကျပ် ၁၀၀၀ အောက်ဈေး သာရှိပြီး၊ ဆင်တောင်နနွင်းက ၁၈၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဈေးသာရှိပါတယ်။ ဧဧခိုင်

Sunday, 20 Nov 2011

                  အလှူပွဲတွေ၊ ကထိန်တွေပြီးသွားတာကြောင့် ဈေးကွက်မှာလည်း သီးနှံတွေ ပြန်ပြီး အဝင်များလာပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက အောင်ပန်းမြို့နယ်တစ်ဝိုက်က ချင်းတွေသာ အဝင်ရှိခဲ့ပေမဲ အခုတစ်ပတ်မှာတော့ ကလောမြို့နယ်ဖက်ကပါဝင်လာပြီဖြစ်လို့ အဝင်လှိုင်နေတယ်လို့သိရပါတယ်။ အဝင်ကတော့ တစ်ရက်ကို ပျမ်းမျှပိဿာချိန် သောင်းဂဏန်းခန့် ဝင်နေတယ်လို့လည်းသိရပါတယ်။ ဝယ်လက် တွေကတော့ လက်ကြီးသမား ဆိုရင် တစ်ရက်ကို ပိဿာချိန် ထောင်ချီမှာယူပြီး၊ ၎င်းတို့မြို့တွေမှာ လက်ကားပြန်ဖြန့်ကြပါတယ်။ လက်လီသမား တွေကတော့ ပိဿာချိန် ရာဂဏန်းခန့်သာမှာယူပြီး တစ်ဖြတ်ကုန်မှ နောက်တစ်ဖြတ်မှာယူပြီး ရောင်းကြတယ်လို့ သိရပါတယ်။ အဓိကလက်ကြီးသမားတွေကတော့ မန္တလေး၊ မြင်းခြံ၊ တောင်ငူဝယ်လက်တွေ ဖြစ်ပါတယ်။ ဒီတစ်ပတ်ချင်းဈေးကတော့ အကြီး၊ အသေးပေါ်မူတည်ပြီး တစ်ပိဿာ ၄၀၀ ကျပ်၊ ၄၃၀ ကျပ်၊ ၄၇၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ အဝယ်အေးနေလို့ လက်ကျန်ချင်းခြောက်တွေကိုသာ အရင်ထုတ်ရောင်းကြမှာဖြစ်ပြီး၊ ချင်း (စို) ဈေး ၃၀၀ ကျပ်အောက်ရောက်မှသာ ချင်းခြောက်ပြုလုပ်ကြမှာလို့လည်းသိရပါတယ်။ ချင်းခြောက်ရဲ့ လက်ရှိပေါက်ဈေး ကတော့ တစ်ပိဿာ ၂၀၀၀ ကျပ်၊ ၂၁၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်

Sunday, 20 Nov 2011

                     ယခုတစ်ပတ် ပြည်ဈေးကွက်ရဲ့ ချင်းအရောင်းအဝယ်မှာ ပစ္စည်းအရည် အသွေး ပိုကောင်းလာတဲ့အတွက် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရပါတယ်။ စီးဝင်မှုအားဖြင့် အောင်ပန်းဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၅၀၀ ခန့်ရှိပြီး၊ လက်လီ၊ လက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအဖြစ် လက်ကျန်မရှိ အရောင်းသွက်လျက်ရှိနေပါတယ်။ အရောင်းသွက် ပေမယ့် ဈေးနှုန်းမှာ ပုံမှန်ရှိနေပြီး ချင်းတစ်ပိဿာကို (ရှယ်) ၁၀၀၀ ကျပ်၊ (ဂျွန်) ၈၀၀ ကျပ်၊ ချင်း(ဓားလှီး) ၁၀၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝင်းလဲ့ဝါ

Sunday, 20 Nov 2011

                      ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို ဘိုကိတ် ပဲသစ်များ ဝင်လာပြီလို့ သိရပါတယ်။ ကံမ၊ ပန်းတောင်း မြို့နယ်များမှ စတင်အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၃၀-၄၀ အဝင် ရှိခဲ့တယ်လို့ သိရပါတယ်။ ဘိုကိတ်ပဲသစ်မှာ တစ်တင်း ကို ၁၁၀၀၀ ကျပ်နဲ့ဈေးစဖွင့်ခဲ့ပြီး၊ အရောင်းအဝယ်မှာ ပုံမှန်ဝယ်ယူသူ လက်လီသမားများနဲ့ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ပဲဟောင်းမှာ တစ်တင်းကို ၈၀၀၀ ကျပ်သာ ရှိပြီး၊ အရောင်းအဝယ် အေးနေခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 20 Nov 2011

                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၉၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ရှိပြီး၊ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၉၂၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ်ရှိခဲ့ပါတယ်။ ဒေသတွင်း ခွဲစက်သမားများမှ ပုံမှန် အဝယ်ရှိနေသော်လည်း အခြားတိုင်းဒေသကြီးဖက်မှ အဝင်မရှိသလို လက်ကျန် ပဲများကိုသာ ရောင်းချမှုများတဲ့အတွက် တစ်ရက်ကို အိတ် ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 20 Nov 2011

                   ယခင်သီတင်းပတ်က FOB ဈေးကွက်မှာ အရောင်းအဝယ်မဖြစ်ခဲ့ပေမဲ့ ယခု နိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာတော့ တန်ချိန် ၃၄၀ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပတင်ပို့မှုကတော့ နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း တင်ပို့နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှာလက်ကျန် နည်းလာပြီဖြစ်ပြီး ပြည်တွင်းခွဲစက်များက အဝယ်ရှိနေတဲ့အတွက် တင်ပို့မှုလျော့လာ ခြင်း ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၁၁ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၉၈၀-၁၀၀၀ ရှိခဲ့ရာမှ နိုဝင်ဘာလ ၁၈ ရက်မှာ ကန် ဒေါ်လာ ၉၅၀-၉၇၀ ကို လျော့ကျခဲ့ပါတယ်။ MIRT(MAPT)

Sunday, 20 Nov 2011

                 မန္တလေးပဲတီစိမ်းဈေးကွက်အတွင်းကို မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးစတဲ့ ဒေသများမှ ဝင်ရောက်လာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၁၆ ရက်မှာ ပဲတီစိမ်း (ထိပ်စ) တစ်ပိဿာ ၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး၊ ယခုလ နိုဝင်ဘာလဆန်း ၁ ရက်မှာတော့ ၇၁၁ ကျပ်ထိကျဆင်းသွားပြီး၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ၈၀၀ ကျပ်ပြန် ဖြစ် သွားတာကိုတွေ့ရပါတယ်။ အောက်တိုဘာလကုန်ပိုင်းနဲ့ နိုဝင်ဘာလ ဆန်းပိုင်းမှာဈေးအေးပြီး အရောင်းအဝယ် လည်းအေးပါတယ်။                   တရုတ်ဝယ်လိုအားအပေါ် မူတည်သလို ငွေကြေး လဲလှယ်မှုနှုန်းထား အတက်အကျပေါ်လည်း မူတည်ကြောင်း သိရပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ဆန်းပိုင်းမှာ ပဲတီစိမ်းအရောင်းအဝယ်သွက်ပြီး လလယ်ပိုင်းမှစပြီး အရောင်း အဝယ် အေးတာ ကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလမှာ ပဲတီစိမ်းတန် ၂၈၀၉ ခန့် ၁၆ မိုင် စစ်ဆေးရေးဂိတ်မှ တရုတ်သို့အထွက်ရှိပြီး၊ တစ်ရက်ကို ၉၈ တန်ခန့် စီးဆင်းတာကိုတွေ့ရပါတယ်။ ယခုနိုဝင်ဘာလပထမ အပတ် ပဲတီစိမ်း ၆၂၇ တန်သာအပို့ရှိပြီး တစ် ရက်ကို ၉၀ တန်ခန့် စီးဆင်းတာကိုတွေ့ရပါတယ်။ တရုတ်ဝယ်လက်အား ကျဆင်းသွားတာကြောင့် မန္တလေးပဲတီစိမ်း ကုန်သည်များလည်းရောင်းရ၊ ဝယ်ရခက်ခဲတာကို တွေ့ရပါတယ်။ ပဲတီစိမ်းကို ပြည်ပ (တရုတ်) ဝယ်လက်များသာမက ပြည်တွင်း ပဲခွဲစက်၊ သန့်စင်စက်၊ အမှုန့်ကြိတ်စက်များမှ ဝယ်ယူကြိတ်ခွဲပြီး ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိကြောင်း၊ ယခုထက်ပိုမိုပြီး ဝယ်လို၊ ရောင်းလိုအား လျှော့နည်းလာဖွယ်ရှိသော်လည်း ဈေးနှုန်းပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်နိုင်ကြောင်း၊ ပဲကုန်သည် တစ်ဦးမှ ခန့်မှန်းပါတယ်။ စိုးအောင်

Sunday, 20 Nov 2011

            မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံ ရွှေလီသို့ ကန်ဒေါ်လာ သုညဒသမ ၃၅၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၆၃ တန်ကျော်ကို နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၁ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခုအပတ် နယ်စပ်ကို ပဲတီစိမ်း အဝင်နည်းပြီး ပြောင်း၊ နှမ်းတွေ အဝင်များနေတယ်လို့ သိရ ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေးအနည်းငယ်မျှ ကျနေသော်လည်း တစ်ဖက်နိုင်ငံပေါက်ဈေးကတော့ ပြောင်းလဲမှုမရှိခဲ့ပါဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်                           မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု           ယခင်     ပြောင်းလဲမှု   %    ယခု    ယခင်   ပြောင်းလဲမှု  %ပဲတီစိမ်း ၆၁၀၁၄၀     ၆၁၆၂၆၄     ၆၁၂၄         ၁     ၈၅၄    ၈၅၄         -              -MIRT(MPAT)

Sunday, 20 Nov 2011

                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရည်အသွေးကောင်းတဲ့ တောင်ငူစနဲ့ ပခုက္ကူစ အနည်းငယ်စီအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၃၅၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။                  အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲများ အဝင်များပြီး အရည်အသွေးကောင်းပဲ ဝင်ရောက်မှု နည်းလို့ ဝယ်လက် များက အရည်အသွေးကောင်းကို ရွေးချယ်ဝယ်ယူကြတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ ယခုနှစ်ပဲတီစိမ်းအထွက် ကောင်းတဲ့ အတွက်လည်း ဝယ်လိုအားနည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ပဲတီစိမ်း FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာလည်း အညာစ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူစ ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ယခင်သီတင်းပတ်အတိုင်း ငြိမ်နေပေမဲ့ ပဲတီရွှေဝါအကြီးကတော့ ယခင်တစ်ပတ်က ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၈၆၀-၈၈၀ ကို အနည်းငယ်လျော့ကျခဲ့ပါတယ်။ MIRT(MAPT)

Pages