Main menu

Background

Sunday, 4 Dec 2011

                   အိန္ဒိယပြည်တွင်းဈေးကွက်တချို့ကို မတ်ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ဝယ်လိုအားပါးနေတဲ့အတွက် ယခုတစ်ပတ်မှာလည်း ဈေးဆက်လက်ကျဆင်းနေပါတယ်။ ဒါ့အပြင် ဒေလီဈေးကွက်မှာ မတ်ပဲအိတ် ၂ သိန်း ဝန်းကျင်သိုလှောင်ထားရှိပြီး လှောင်လက်များမှ ထုတ်ရောင်းနေတဲ့အတွက် ဈေးကျဆင်းနေခြင်းဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိအနေအထားအရ လာမယ့်ရက်များမှာလည်း မတ်ပဲ ဈေးဆက်လက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                              ဒေါ်လာ/ တန်                   ၃၀-၁၁-၁၁         ၂၉-၁၁-၁၁      ၂၈-၁၁-၁၁         ၂၆-၁၁-၁၁မွန်ဘိုင်း          ၆၀၁                   ၆၀၁             ၆၀၅-၆၁၅             ၆၃၂ဒေလီ          ၄၀၄-၅၁၉           ၄၀၄-၅၂၀         ၄၂၃-၅၁၉          ၄၂၁-၅၁၇ချန်နိုင်း         ၆၅၄-၆၅၈          ၆၅၉-၆၆၄             ၆၅၈                 ၆၇၀MIRT(MAPT)

Sunday, 4 Dec 2011

            ပဲခူးတိုင်းဒေသကြီး(အနောက်)အတွင်း မတ်ပဲလျာထားဧကမှာ ၅ သိန်းကျော် ရှိပြီး၊ ပဲ စတင်စိုက်ပျိုးနေပြီဖြစ် ပါတယ်။ ယခုနှစ်မျိုးပဲတစ်တင်းကို ၁၇၀၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ပဲများကို ပြည်ပွဲရုံတွေမှာ တစ်တင်း ၁၃၈၀၀ ကျပ်ဈေး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ကုန်သည်များက လက်ဝယ်ရှိ ပဲလက်ကျန်များကိုသာ ထုတ်ရောင်းကြပြီး၊ တစ်နေ့ အိတ် ၂၅၀-၃၀၀ ခန့်သာ အဝယ်ရှိပါတယ်။ ရန်ကုန် ဝယ်လက်လည်းအနည်းငယ်သာ ရှိတယ်လို့သိရပါတယ်။ ပြည်မှ ရန်ကုန်ဘုရင့်နောင်ကို ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၉၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 4 Dec 2011

        ပြည်ပကို ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခုတစ်ပတ် (နိုဝင် ဘာလ ၂၁-၂၅ ရက်) အတွင်းမှာလည်း တန်ချိန် ၇၀၀၀ ကျော်နဲ့ ဆက်လက်အား ကောင်းနေပါတယ်။ ဒါပေမဲ့ ယခင်သီတင်းပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၉၅၀၀ ထက် တော့ လျော့နည်းပါတယ်။ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလ ၂၅ ရက် အထိ ပဲစင်းငုံ စုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၆၂၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိပြီးဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၆၈၅၀၀ ကျော်သာ ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၅ သန်း ကျော်ရရှိတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့မှု ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။MIRT(MAPT)

Sunday, 4 Dec 2011

        ပြည်ပကို ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခုတစ်ပတ် (နိုဝင် ဘာလ ၂၁-၂၅ ရက်) အတွင်းမှာလည်း တန်ချိန် ၇၀၀၀ ကျော်နဲ့ ဆက်လက်အား ကောင်းနေပါတယ်။ ဒါပေမဲ့ ယခင်သီတင်းပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၉၅၀၀ ထက် တော့ လျော့နည်းပါတယ်။ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလ ၂၅ ရက် အထိ ပဲစင်းငုံ စုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၆၂၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိပြီးဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၆၈၅၀၀ ကျော်သာ ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၅ သန်း ကျော်ရရှိတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့မှု ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။MIRT(MAPT)

Sunday, 4 Dec 2011

                      ယခုတစ်ပတ် နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်းမှာ မတ်ပဲတန်ချိန် ၅၀၀၀ ခန့် ပြည်ပတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်အတွင်း တန်ချိန် ၆၅၀၀ ကျော်အထိ တင်ပို့ခဲ့လို့ ဒီတစ်ပတ်မှာ လျော့တင်လာပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ် အတွင်း နိုဝင်ဘာလ ၂၅ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန် ချိန် ၄၆၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၈၇ သန်းကျော်ရရှိ ထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း မတ်ပဲ တန်ချိန် ၃၂၃၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၃၂ သန်းကျော် ရရှိကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်တဲ့ အခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိပါတယ်။ MIRT(MAPT)

Sunday, 4 Dec 2011

                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်အေးနေပါတယ်။ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အတွင်း မတ်ပဲ SQ၊ FAQ တန်ချိန် စုစုပေါင်း ၃၇၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အိန္ဒိယပဲဈေးကွက်မှာ ကုမ္ပဏီတစ်ခုမှ ဒေဝါလီခံလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝယ်ယူမှုနည်းတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုလည်းနည်းတာ ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်နည်းသလို ဈေးပြောင်းလဲမှုလည်း ကွာခြားမှုကြီးမား ခဲ့ပါတယ်။                   မတ်ပဲဈေးကွက်ပြန်ကောင်းလာဖို့ အချိန်ယူရအုံးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ FOB ဈေးကွက်မှာ သိသိသာသာ ဈေးပြောင်းလဲလာတဲ့ မတ်ပဲ ဈေးကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။    ဒေါ်လာ/တန်                   မတ်ပဲ(FAQ)         မတ်ပဲ(SQ)၂-၁၂-၁၁      ၅၇၀-၅၉၀       ၆၂၀-၆၄၀၂၅-၁၁-၁၁    ၆၀၀-၆၂၀       ၆၅၀-၆၇၀MIRT(MAPT)

Wednesday, 30 Nov 2011

                    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းများက ကန်ဒေါ်လာ ၅ ဒသမ ၇၉၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၀၆၈၃ တန်ကျော်ကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိကာလ အတွင်း အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် တန်ချိန် ၂၁၀၀ ကျော်ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ ၅ ဒသမ ၅၉၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၉၉၇၉ တန်ခန့်နဲ့ ချင်းရွှေဟော်မှ ၇၀၅ တန်ခန့် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်က မူဆယ်မှ ၁၇၁၅၆ တန်၊ ချင်းရွှေဟော်မှ ၁၁၀၇ တန်နဲ့ ကန်ပိုက်တီးမှ တန် ၃၀၀ ၊ စုစုပေါင်း ၁၈၅၆၃ တန်ကျော်တင်ပို့ခဲ့ရာ ယခုအပတ် ကန်ပိုက်တီးမှအပို့မရှိတဲ့အပြင် ချင်းရွှေဟော်မှ အပို့လျော့ခဲ့သော်လည်း မူဆယ်မှ တန်ချိန် ၂၈၀၀ ကျော်အပို့ပိုမိုခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေး များကိုဖော်ပြ ပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု          ယခင်     ပြောင်းလဲမှု  %    ယခု   ယခင်   ပြောင်းလဲမှု   %ပြောင်းဖူးစေ့     ၂၁၇၁၇၄     ၂၂၁၆၁၉      ၄၄၄၅     ၂     ၂၉၄    ၂၉၄           -           -နံှစားပြောင်း       ၂၁၀၆၀၉     ၂၀၉၃၈၄     ၁၂၂၅    ၀ .၆   ၃၄၇   ၃၆၄         ၂၀          ၅MIRT(DOBT)

Wednesday, 30 Nov 2011

              နိုဝင်ဘာလ ၁၃ ရက်မှ ၁၉ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၉၅၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၇၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်ကာပူတစ်နိုင်ငံတည်းကိုဖြစ်ပြီး ယခင်အပတ်ကလည်း တန် ၉၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်ရှိနေ တယ်လို့ ဆိုရပါမယ်။ နယ်စပ်ကတော့ မူဆယ်နဲ့ ချင်းရွှေဟော်ဂိတ်တွေကနေ တန် ၂၀၀၀၀ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြောင်းလက်ကျန်ရှိပေမယ့် ဈေး အနည်းငယ်ကျဆင်းတာနဲ့ သီးနှံအစိုဓာတ်ရှိနေသေးတာကြောင့် တင်ပို့မှုနည်းနေ သေးတာလို့သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန် ကို ဒေါ်လာ ၂၇၅-၂၉၅ ကြား ဈေးပေါက်လျက်ရှိကြောင်း သိရပါတယ်။ KZW

Tuesday, 29 Nov 2011

                     ယခုအချိန်ကာလဟာ ဆောင်းကြက်သွန်နီစိုက်ပျိုးပြီးချိန်ဖြစ်လို့ မိုးကြက်သွန်နီ(အဟောင်း)များ အစို့ ပေါက်တဲ့ ကာလဖြစ် နေပါတယ်။ အလျှော့တွက်များတဲ့အတွက် ပြည်ဈေးကွက်ပွဲရုံများရဲ့ စီးဝင် မှုကို ရောင်းအား ရှိသလောက်သာ ချင့်ချိန်လက်ခံ လျက်ရှိကြောင်း သိရပါတယ်။ ပစ္စည်းအရည်အသွေးကြောင့် ကြက်သွန်နီဈေးနှုန်း များလည်း ယခင်အပတ်ကထက် ပွဲရုံဈေးမှာ ကျဆင်းလျက်ရှိနေပါတယ်။ ယခုတစ်ပတ် ပခုက္ကူ၊ ရေနံချောင်းနဲ့ ကျောက်ပန်းတောင်း ဘက်တို့မှ ၃၅ ပိဿာဝင် အိတ် ၁၅၀၀ ခန့် အဝင်ရှိလို့ လက်လီ၊ လက်ကားရောင်းဝယ်သူများ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည် နယ်တို့ကို စီးဆင်းမှုအဖြစ် ဈေးကွက်အတွင်းကို အိတ် ၁၃၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ပွဲရုံများရှိ ကြက်သွန်နီဈေးမှာ တစ်ပိဿာ (ရှယ်) ၇၀၀ ကျပ်၊ (ကြီး) ၆၅၀ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၀၀ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ် လျက် ရှိနေပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 29 Nov 2011

                  ရှမ်းနနွင်းရဲ့ဈေးက ၂၀၁၀ ခုနှစ်မှာ ၅ နှစ်အတွင်း ဈေးအကောင်းဆုံးရခဲ့တဲ့နှစ်ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေက ဝယ်လိုအားများများနဲ့ ဝယ်ယူခဲ့တာကြောင့် အရောင်းရဆုံးနှစ်လည်းဖြစ်ပြီး၊ လက်ကျန်တွေ အများကြီး စုပုံနေတဲ့ နှစ်ချို့နနွင်း တွေလည်း ရောင်းထွက်ခဲ့ပါတယ်။                   ၂၀၁၁ ခုနှစ်မှာတော့ ပြည်ပဝယ်လိုအားနည်းပြီး၊ ပြည်တွင်းသုံးအတွက် အမှုန့်ကြိတ်ရန်၊ ခြင်ဆေးခွေ ပြုလုပ်ရန်၊ ပရဆေးဖော်ရန်အတွက်သာ ဝယ်ယူသုံးစွဲတာကြောင့် အရောင်းမသွက်ခဲ့ပါဘူး။ နနွင်းခေါင်းတွေကို တော့ မူဆယ်ဝယ်လက်တွေ ဝယ်တာကြောင့် ပစ္စည်းလက်ကျန်ပြတ်သွားပေမယ့် နနွင်းတက်တွေကတော့ လက်ကျန်အများကြီး ရှိနေဆဲဖြစ်ပါတယ်။ လက်လီသမားတွေ ဝယ်နေတဲ့အတွက် အောင်ပန်းဈေးကွက်ကနေ တစ်ပတ်ကို ပိဿာချိန် ၂၀၀၀ - ၃၀၀၀ ခန့်သာ အထွက်ရှိ တယ်လို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့ ၃-၄ လခန့်က ဆင်တောင်နနွင်းကို အရောင်တင်ဆီအဖြစ် အသုံးပြုဖို့ ဝယ်ပေမယ့် ယခုလောလောဆယ်တော့ အဝယ်ရပ်နေပါတယ်။ လက်ရှိနနွင်းဈေးနှုန်းကတော့ ရိုးရိုးနနွင်းက ကျပ် ၁၀၀၀ ကျပ် - ၁၂၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၈၀၀ ကျပ် - ၂၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်

Pages